Wednesday, July 13, 2011

တတိယအကြိမ် ဓမ္မစာအုပ်များလှူဒါန်းပွဲ ( နှင့် ) ဓမ္မနန်းတော် ဖွင့်လှစ်ခြင်း



ဒီလ ( ၇ )လပိုင်း အတွက် တတိယအကြိမ်မြောက်  ပညာရေးဆိုင်ရာ ဓမ္မစာအုပ်များ လှူဒါန်းမှု၏ တတိယြေ ခ လှမ်း အဖြစ်   ရွေးချယ်ဖြစ်တာကတော့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ သိမ်တောင် ပရိယတ္တိစာသင် တိုက် ဖြစ်ပါတယ်၊ အဲဒီကျောင်းမှာ ဒီနှစ် ၂၀၁၁ ခုနှစ်အတွက် သာသနာလင်္ကာရ ( သာမဏေကျော် ) စာမေးပွဲ ဖြေဆိုကြဖို့ ကြိုးစားအား ထုတ်နေကြသော သံဃာတော်အပါး ( ၇၀ ) အတွက် စာမေးပွဲဆိုင်ရာ စာအုပ်များ၊ မှတ်စု မှတ်ရာ စာအုပ်များ၊ မိတ္တူစာအုပ်များ စတာတွေ အတွက် နော်ဝေနိုင်ငံမှ ဒကာမကြီး ဒေါ်မြကြေးမုံကပဲ တတိယအကြိမ်မြောက် လှူဒါန်းခြင်း ဖြစ်ပါတယ်။

သူ့စကားအရ တပည့်တော်မှာ အများအလှူရှင်တွေလို ပေါများနေလို့၊ ချမ်းသာကြွယ်ဝနေလို့ လှူနေခြင်း မဟုတ်ပါ၊ သိလို့  လှူနေခြင်း ဖြစ်ပါတယ် တဲ့။ စားစရာမှာလဲ ခြွေတာ၊ နေစရာ နဲ့ အသုံးစရိတ်တွေလဲ ခြွေတာပြီး တတ်နိုင်သလောက် လစဉ်လှူဒါန်းနိုင်အောင် ကြိုးစားနေတယ် လို့ ဆိုပါတယ်၊

ဘုရားမြတ်စွာ ဟောကြားထားခဲ့တဲ့ အလှူခံပုဂ္ဂိုလ် ( ၁၄ )ယောက် ၊ တနည်းအားဖြင့် လှူစရာဋ္ဌာနအနေနဲ့ အဆင့် ၁၄ ဆင့် ရှိတဲ့အထဲက မွန်မြတ်တဲ့ သံဃိက ပညာဒါန တစ်ခုကို  လစဉ်အကောင်အထည် ဖော်နိုင်အောင် ကြိုးစားနေတာပါ။ မှန်ပါတယ်၊ ဘုရားရှင်သက်တော်ထင်ရှားရှိတော်မူစဉ်က မိထွေးတော် ဂေါတမီကြီးက သင်္ကန်းလျာ အ၀တ်တထည်ကို သားတော်ဘုရားအား လှူဒါန်းဖို့  ရည်ရွယ်ထားတာမို့ သားတော်ဘုရား အလှူခံတော် မူပါဘုရား လို့ လျောက်ထားတော့ ဘုရားရှင်က “ ငါဘုရားကို မလှူပါနဲ့၊ သံဃာတော်အားလုံးကို ရည်စူးပြီး သံဃိကဒါနဖြစ်အောင် လှူဒါန်းလိုက်ပါ၊ ဒါဆိုရင် သင့်အလှူဒါန ပိုပြီး အကျိုးများပါလိမ့်မယ် ” လို့ မိန့်တော်မူခဲ့ဖူးတယ်။

ဒီစကားနဲ့ ဆက်စပ်ပြီး ဒကာတစ်ယောက်က မေးခွန်းတစ်ခု မေးခဲ့ဖူးတာကို သတိရမိတယ်၊ အရှင်ဘုရား တပည့်တော် တို့ နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ သံဃာများများကို ဖူးမြင်နိင်ဖို့ မလွယ်ကူပါ၊ တပါးတလေ သာ ကံကောင်းမှ ဖူးခွင့်ကြုံရပါတယ်၊ ဒါကြောင့် လှူဒါန်းရင်လဲပဲ သံဃိကဒါန ဖြစ်ဖို့ မလွယ်ကူပါ၊ အဲဒီလို လှူနိုင်အောင် ဘယ်လို လုပ်ရပါ့မလဲ ဘုရား တဲ့။   

စိတ်ထားလေး နှလုံးသွင်းလေး ပြောင်းလိုက်ရင် သံဃိက ဒါန ဖြစ်တော့တာပါပဲ၊ ကိုယ့်ရှေ့မှာ ရောက်နေတဲ့ အလှူခံ ပုဂ္ဂိုလ်က ဘယ်လို အတန်းအစားထဲက ဖြစ်နေပါစေ လှူဒါန်းနေစဉ်မှာ  တပည့်တော်၏ လှူဖွယ်ဝတ္ထုတို့ကို ဘုရားရှင်၏ အရိယာသာဝက သံဃာတော်များအားလုံးကို ရည်မှန်းကာ လှူဒါန်းပါ၏ ဘုရား၊ နိဗ္ဗာန်အထောက် အပံ့ဖြစ်ရပါလို၏ ဘုရား လို့ ဆုတောင်း အာရုံပြုလိုက်တာနဲ့ အဲဒီအလှူဟာ သံဃိက ဒါန ဖြစ်သွားတော့တာပါ။  စိတ်ထားလေး ပြောင်းလဲပေးဖို့ပဲ လိုအပ်ပါတယ်၊ ဒါကြောင့် အလှူခံပုဂ္ဂိုလ်က သီလစင်ကြယ်သည်ဖြစ်စေ၊ မစင်ကြယ်သည်ဖြစ်စေ ကိုယ်နဲ့ မဆိုင်တော့ပါဘူး၊ ပုဂ္ဂလိက အလှူ မဟုတ်တော့ပဲ သံဃိက အလှူအဖြစ် ပြောင်းလဲသွားပါတယ်။

အလှူခံပုဂ္ဂိုလ်က ကိုယ်ကျင့်သီလ၊ သမာဓိ၊ ပညာတွေ အားကောင်းရင် ကောင်းသလောက် အလှူပေးသူတွေမှာ အကျိုးကျေးဇူးများလှပါတယ်၊ အထက်ပါ ( ၁၄ )ယောက်ထဲက အနိမ့်ဆုံး တိရိ စ္ဆာန်လေးတွေ၊ ခွေးလေးတွေ ၊ ကြောင် လေးေ တွကို စေတနာနဲ့ ကျွေးမွေးရင်တောင် သံသရာမှာ အဲဒီ ဒါနအကျိုးက ဘ၀ပေါင်း တစ်ရာ တိတိ အကျိုးပေး နိုင်ပါသတဲ့။

အဲဒီထက် တစ်ဆင့်မြင်တဲ့  ဒုဿီလ လူသားကို ပေးလှူရင်တော့ ဘ၀ပေါင်း တစ်ထောင် အကျိုးပေးတယ် လို့ ဟောထား တော်မူခဲ့တယ်၊  နောက်ထပ်မြင့်မြတ်တာက သီလ၀န္တပုဂ္ဂိုလ်ကျတော့ ဘ၀ပေါင်းများစွာဖြစ်သွားပြီ၊ ဘ၀ပေါင်း ဘယ် လောက်  ရယ်လို့ ရေတွက်လို့ မရနိုင်လောက်အောင် အကျိုးပေးတတ်တယ်လို့ ဆိုပါတယ်၊
ဒါနအကျိုးကို ဘုရားမြတ်စွာ ဥပမာပေးထားတာက သမုဒ္ဒရာထဲက ရေတွေကို ခွက်လေးနဲ့ ခပ်ခပ်ပြီး ရေတွက်လို့  ခွက်ပေါင်းမည်မျှ ရပါတယ် ဆိုပြီး  ရေတွေသာ ကုန်သွားလိမ့်မယ်၊ ဒါနမှာတော့  အဲဒီလို သမုဒ္ဒရာထဲက ရေတွေထက် တောင် များပြားတယ် လို့ ဟောထားခဲ့ဖူးတယ်။

စာရေးသူရဲ့ ပထမအကြိမ် ၊ ဒုတိယအကြိမ် လှူဒါန်းမှုများမှာလဲ ဒီအကြောင်းအရာများကို ရေးခဲ့ဖူးပါတယ်၊ စာသင်သား ကိုရင်ငယ်များ စာအုပ်ဖိုးအတွက် ကြောင့်ကြစိုက်နေရတာကို တဖက်တလမ်းက ပညာပါရမီ ဖြည့်ဆည်းတဲ့အနေနဲ့  ကိုယ်စွ မ်းနိုင် သလောက် လှူနိုင်အောင် ကြိုးစားနေတာပါ။ တဆက်ထဲမှာပဲ ဒီ ပညာဒါန ဖောင်ဒေးရှင်းကို တွင်တွင် ကျယ်ကျယ်၊ ကျယ်ကျယ်ပြန့်ပြန့် လစဉ် လှူဒါန်းနိုင်အောင် ဓမ္မနန်းတော် ပညာရေးဆိုင်ရာ ဓမ္မစာအုပ်များ လှူဒါန်းရေး အသင်း ဆိုပြီး ၀က်ဆိုက်စာမျက်နှာတစ်ခုကို ဖွင့်လှစ်ထားပါတယ်။

ဒီလအတွက် ပညာရေး အလှူတော် မှတ်တမ်းများ

ရှမ်းပြည်နယ် တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက် ၌ သာသနာလင်္ကာရ ( သာမဏေကျော် စာမေးပွဲ ) ကြိုးစားနေကြသော ( ပထမဆင့်- ၂၉ ပါး၊ ဒုတိယဆင့် - ၂၆ ပါး၊ ဘွဲ့ယူမည့် ဖိုင်နယ်သမား တတိယဆင့် - ၁၅ ပါး၊ အားလုံးပေါင်းသာသနာ့ အာဇာနည် အရှင်မြတ် ( အပါး ၇၀ ) အား လှူဒါန်းသော စာအုပ်များ စာရင်း

၁။ သဂြိုဟ် ရှင်းတမ်း- ၄ အုပ်                        (တစ်အုပ် ၅၀၀၀ နှုံး )
၂။ ရူပသိဒ္ဓိ ရှင်းတမ်း- ၅ အုပ်                         (တစ်အုပ်  ၅၀၀၀
နှုံး)
၃။ ဓါတုပစ္စယ ဒီပနီ- ၁၂ အုပ်                       (တစ်အုပ်၃၀၀၀
နှုံး)
၎။ ပါစိတျာဒိ အဌကထာ- ၂ အုပ်                  (တစ်အုပ် ၅၅၀၀
နှုံး )
၅။ ပါရာဇိကဏ် အဌကထာ- ၆ အုပ်            (တစ်အုပ် ၃၀၀၀
နှုံး )

၆။ ပါတိမောက် ဘာသာဋီကာ- ၄ အုပ်          (တစ်အုပ် ၃၅၀၀ နှုံး)
၇။ မဟာဝါ ဘာသာဋီကာ- ၅ အုပ်                ( တစ်အုပ် ၃၅၀၀
နှုံး)
၈။ ကစ္စည်း ဘာသာဋီကာ- ၄ အုပ်                 (တစ်အုပ်  ၃၃၀၀
နှုံး )
၉။ ရူပသိဒ္ဓိ ဘာသာဋီကာ- ၁၀ အုပ်               (တစ်အုပ်၃၄၀၀
နှုံး)
၁၀။ သာရတ္ထဒီပနီ ဋီကာ  ဒု တွဲ -၂ အုပ်           (တစ်အုပ် -၅၅၀၀ နှုံး )

 ၁၁။ ပါရာဇိကပါဠိ -၂ အုပ်               (တစ်အုပ် -၅၀၀၀)
၁၂။  ဘာသာဋီကာလမ်းညွှန် -၁အုပ်   (တစ်အုပ် -၆၀၀၀ နှုံး )
၁၃။  သဒ္ဒါ ကြီးရှစ်ဆောင် အဖြေ ၃အုပ်   (တစ်အုပ် -၅၀၀၀ နှုံး)
၁၄။ ပါတိမောက် ရှင်းတမ်း -၄ အုပ်    (တစ်အုပ် -၅၀၀၀ နှုံး )
၁၅။ အင်္ဂုတ္တိုရ် နိဿယ-၂ အုပ်          (တစ်အုပ် ၅၅၀၀ နှုံး )

၁၆။ အဘိဓါန်ဋီကာ-၅ အုပ်              (တစ်အုပ်၄၈၀၀ နှုံး)
၁၇။ ဒုတိယဆင့်မေးခွန်း အဖြေစုံ-၅ အုပ် (တစ်အုပ် ၃၀၀၀ နှုံး )
၁၈။ အခြေပြု ပဌာန်း- ၄ အုပ်           (တစ်အုပ် ၃၀၀၀
နှုံး)
၁၉။ သဂြိုဟ် ဘာသာဋီကာ- ၆ အုပ်    (တစ်အုပ်၃၅၀၀
နှုံး )

၂၀။ ပထမဆင့် သဒ္ဒါ သဂြိုလ် ဆိုင်ရာ မှတ်စုမိတ္တူစာအုပ်များအတွက်      ၉၀၀၀ ကျပ်၊
၂၁။ ဒုတိယဆင့် သဒ္ဒါ သဂြိုလ် ဆိုင်ရာ မှတ်စုမိတ္တူစာအုပ်များအတွက်  ၁၃၀၀၀ ကျပ်၊
၂၂။ တတိယဆင့် သဒ္ဒါ သဂြိုလ် ဆိုင်ရာ မှတ်စုမိတ္တူစာအုပ်များအတွက် ၁၂၀၀၀ ကျပ်၊

စုစုပေါင်း လှူဒါန်းသော စာအုပ်ရေ  ( ၈၉ အုပ် )
စာအုပ်  လှူဒါန်းရန်  လွှဲအပ်သော ငွေ = ၃၇၀ ၀၀၀ ( ၃ သိန်း ၇ သောင်းကျပ် )

လှူဒါန်းသော စာအုပ် အားလုံးအတွက်  ကုန်ကျငွေ =  ၃၆၇ ၇၀၀ (  ၃သိန်း ၆သောင်း ၇ ထောင့် ၇ ရာကျပ် )
လက်ကျန်ငွေ =  ၂၃၀၀  ကျပ်၊
 စာအုပ်အလှူခံရန် စုပေါင်းနေကြသော ကြည်ညိုစရာ သံဃာတော်များ

သံဃာဆိုတာ ဒီလို ညီညွတ်နေမှ စည်းကမ်းရှိမှ ပါသာဒိကဂုဏ်နှင့် ပြည့်စုံပေတယ်၊ 
ဒီလို ညီညွတ်၊ စည်းကမ်းရှိပြီး အသံဗလံ တိတ်ဆိတ်နေတဲ့ သံဃာ့ ပရိသတ်ကို ကြည့်ပြီး တချိန်က အဖေသတ်ပြီးလို့ နောင်တရကာ ဘုရားရှင်ကို ဖူးမြှော်ရန်သွားသော ဘုရင် အဇာတသတ်တောင် ကြည်ညိုလွန်းလို့ ကြက်သီးမွေးညှင်း ထလောက်အောင် အံ့သြ၀မ်းသာ ဖြစ်ခဲ့ဖူးသတဲ့၊ ( ရဟန်းပြုရခြင်း၏ ဒီဘ၀ နောင်ဘ၀ အကျိုးများကို ပြဆိုသော )  သာမညဖလသုတ္တန်ဟောကြားရာ တန်ဆောင်မုန်းလပြည့်နေ့ည လရောင်ထိန်ထိန်သာနေတုံးပေါ့။  ဒါကလဲ သံဃာပရိသတ်ရဲ့ အရှိန်အာဏာ၊ သြဇာတစ်မျိုးလို့ ဆိုရမယ် 

တပါးချင်းစီ တပါးချင်းစီကို ရိုရိုသေသေ  လှူဒါန်းပေးတယ် 


နောက်ဆက်တွဲ။     ။ 

၁။ ဓမ္မနန်းတော် ပညာရေးဆိုင်ရာ ဓမ္မစာအုပ်များလှူဒါန်းရေးအသင်းကို ဒီနေရာမှာ သွားရောက်ကြည့်ရှု ကြည်ညို နိုင်ကြပါသည်။ ၀က်ပေ့အနေဖြင့် ပြုပြင်ဆဲ ကာလမို့ မပြည့်စုံတာများ ရှိခဲ့လျင် နားလည်ခွင့်လွှတ်ပေးကြမည် ဟု မျှော်လင့်ပါသည်။

၂။ အခုလို တတိယအကြိမ်အထိ ပညာပါရမီမြောက် လှူဒါန်းခြင်း ဖြစ်ပေါ်လာပုံနှင့်  ပက်သက်သော အချက်အလက်များ၊  စာမေးပွဲဆိုင်ရာ အချက်အလက် များကို အရင်ပို့စ်များ တွင်ရေးခဲ့ဖူးသောကြောင့် လေ့လာလိုပါ ပထမအကြိမ်လှူဒါန်းခြင်း အပိုင်း ၁ နှင့် အပိုင်း ၂  ကို၎င်း၊  ဒုတိယအကြိမ် လှူဒါန်းခြင်းများကို ဒီနေရာ များမှာ သွားရောက်ကြည့်ရှုနိုင်ပါသည်။

၃။ စတုတ္ထအကြိမ်မြောက် August လမှာ  ရှမ်းပြည်နယ် ၊ အောင်ပန်းမြို့ မှ အောင်ချမ်းသာပရိယတ္တိစာသင်တိုက် ရှိ သာသနာလင်္ကာရ အလောင်းလျာ သာမဏေ တို့ အား လှူဒါန်းနိုင်ရန် ရည်ရွယ်ထားပါသည်။


No comments:

Post a Comment