Thursday, April 15, 2010

တာသင်္ကြန်နဲ့ သံဝေဂဘွဲ့



တာသင်္ကြန် သက္ကရာဇ်ပြောင်းပြီမို့ ၊
ဇရာသန် တစ်နှစ်ဖြင့် နှောင်းပြန်ပေါ့၊
အသစ်တွေ ဟောင်းပါလို့  အိုခဲ့ပြီ။

သြော်... ရုပ်ကလာပ် ကယ်တို့ ၊
ချုပ်ပြတ်ကာ ကွယ်လွန်၍
နယ်ကျွံကာ မရဏစခန်းကိုလှ၊
တစ်ရွေ့ ရွေ့ ဝင်ကာ၊ နေ့ စဉ်နေ့ စဉ် လှမ်းခဲ့တယ်၊
ကွယ် ...နွမ်းလို့  ကြုံလှီ။

ထိတ်စရာ့ ပါကလား၊
အနိစ္စပေမို့  စိတ်ချတော့ မသွေသာသည်၊
သေမှာ အတည်ကွဲ့  သတ္တ၀ါအများ။

သြော် .... တစ်နှစ် တစ်နှစ်ကယ်နှင့် အသစ်အသစ် ခန္ဓာကိုယ်တို့ ၊
မြန်စွာ အိုအောင် တမြည့်မြည့်နဲ့  ဆွေးခဲ့သော်လည်း၊
ဉာဏ်လွှာတိုသူတွေ တစေ့စေ့မှ မတွေးနိုင်ဘူး၊
တရွေ့ ရွေ့ ပြေးကာ အိုနယ်ဝင်ခဲ့ပေါ့၊

ပျိုတယ်ထင်သူတွေ ကြော့ကြော့ ကြော့ကြော့နဲ့ မြူးရှာကြ၊
နှစ်ကူးပြီး သင်္ကြန် ခါချိန်မို့ ၊
ခန္ဓာအိမ် အသစ်တစ်ခုဖြင့် ပြောင်းပြန်ပေါ့၊

အမယ်မင်း.... အဟောင်းဖြစ်ပြီး အသစ်ဆက်လို့  ပွားပေမယ့်၊
၎င်းအသစ်လဲ တစ်ခေတ်ပျက်လို့  သွားပေလိမ့်၊
အို.... ကွယ်တို့ ရဲ့  အကောင်းမဖြစ်နိုင်ဘူး၊
အဟောင်းအသစ်ဆိုတဲ့  အဖြစ်အပျက်တရား။

ရေးစပ်သူ ဒဂုန်ဦးထွန်းမြင့်ရဲ့ ၁၉၇၀ ခုနှစ်လောက်ဆီက လက်ရာလို့ သိရပါတယ်၊ နှစ်ပေါင်း ၄၀ လောက်ကြာသော်လည်း ကလောင်စွမ်း ထက်သူတို့ရဲ့ လက်ရာတွေကတော့ ပြန်လည် လန်းဆန်းပြီး လက်ဆတ်နေဆဲပင်။ ။

No comments:

Post a Comment