Tuesday, April 20, 2010

ငွေ ငွေ ငွေ (သို့) ဘူးတောင်းနစ် စောင်ခြမ်းပေါ်




သည်ခေတ်တွင် သည်ကာလ၊
ငွေစတဲ့ ရှေ့ဆောင်၊
မွဲရင်ဖြင့် လူ့ဘောင်မှာ၊
ခွေးတောင်မှ မ လေး။
မျိုးဇာတိ အနွယ်မှန်ပင်
ငွေဓနံရှိနိင် မှအေး။
ဘူးတောင်းနစ် စောင်ခြမ်းပေါ်
ပုံဆိုသော် မဝေး။
တစ်ဝမ်းဝင် တစ်မိမွေးသော်မှ
ပေးနိုင်မှ ချစ်ကြည်။
ဆွေမျိုးကို မဆိုထားပါနှင့်
ငွေအားသာ ဖြစ်ပါတော့သည်။
ဗြဟ္မာစိုရ် လေးလီ
မတည်ကြည် ကုန်ကင်းလို့
ငွေအရင်း မင်းမူသည့်တာ
တင့်တယ် လှပါ
လူရည်တတ် မျက်နှာငယ်
စက္ကဝါ နှယ်ဝန်း သို့- - လေး။

( အချုပ်တန်းဆရာဖေ-တေးထပ်၊ ကုန်းဘောင်ခေတ် )

No comments:

Post a Comment