စင်္ကာပူကိုသွားပြီး ပညာသင်နေတဲ့ တပည့်တစ်ယောက်က အင်တာနက်ကနေ လျှောက်ထားချင်လို့ပါ ဆိုတာနဲ့ သွားပြီး နားထောင်လိုက်ပါတယ်။သူ့နားမှာ အကုသိုလ်တွေများနေလို့တဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ စာမေးပွဲဖြေခါနီးရက်တွေမှာ သက်သက်လွတ်လည်း စားတယ်၊ ပုတီးလည်း စိတ်တယ်၊ ဒါနဲ့တောင် စာမေးပွဲ ဖြေတဲ့အခါ သူနဲ့အတူ ဖြေသူတွေက ဂုဏ်ထူးတွေ နဲ့အောင်ကြပြီး သူ့မှာတော့ တစ်ဘာသာတောင် ထပ်ပြီး ဖြေရဦးမှာတဲ့။
ဒါကြောင့် ဂေဇက်ကြည့်ပြီးတဲ့အခါ သက်သက်လွတ်တွေ၊ ပုတီးတွေကလည်း ဘာမှ မစွမ်းဘူးဆိုပြီး ပြစ်မှားမိတယ်၊ သူများတွေ ဂုဏ်ထူးရလျှက်နဲ့ ကိုယ်က တစ်ဘာသာ ကျတာကိုလည်း အရမ်းဝမ်းနည်းပြီး မခံချင်စိတ်တွေလည်း ဖြစ်တယ်တဲ့။အဲဒါကြောင့် သူ့မှာ အကုသိုလ်တွေ များနေပြီး ဆောက်တည်ရာ မရသလို ဖြစ်နေတယ် ဆိုတဲ့အကြောင်း ငိုချင်ရှည်ကြီးနဲ့ ရောပြီး လျှောက်ထားနေပါတော့တယ်။
မိမိက “ဒီမှာ - အခုမင်းငိုတာတွေကို ခဏရပ်ထားလိုက်ဦး ၊ ဒီကပြောမှာ ကို သေသေချာချာ နားထောင်ဦး၊
ပြီးတော့ မေးတာကိုလဲ ဖြေးဖြေး စဉ်းစားပြီးမှ ဖြေနော်၊ မင်းပြောသွားတဲ့ အထဲမှာ စာမေးပွဲနီးကတည်းက သက်သက်လွတ်လည်း စားတယ်၊ ပုတီးလည်းစိပ်တယ်လို့ပဲ ပြောတယ်၊ စာကို အေးအေး ဆေးဆေး ကြည့်တယ်လို့ မပါဘူးနော်။
အေး…စားမေးပွဲက သက်သက်လွတ်နဲ့ ပုတီးအကြောင်းမေးတဲ့ စာမေးပွဲ ဟုတ်ပုံမရဘူးကွ၊ သူပြဋ္ဌာန်းထားတဲ့ ဘာသာရပ်တွေကိုပဲ မေးတဲ့ စာမေးပွဲမျိုး ဖြစ်မယ်၊ ဟုတ်တယ်မို့လား၊ မင်းက ပြဋ္ဌာန်းတဲ့ ဘာသာရပ်ကိုတော့ မကြိုးစားဘဲ မပြဋ္ဌာန်းတာ သွားကြိုးစားနေရင်တော့ ဘယ်ဖြေနိုင်မလဲ၊ ဒါဟာ ဘယ်သူအပြစ် လဲ ဆိုတာကို မင်း စဉ်းစားကြည့်ရင် သိမှာပါ။
မဖြေနိုင်တဲ့အခါကျတော့ သက်သက်လွတ်နဲ့ ပုတီးကိုလည်း ပြစ်မှားတယ်၊ ဟုတ်လား….၊
ငါ…ပြောမယ်နော် စဉ်းစားပြီးနားထောင်ဦး၊ သက်သတ်လွတ်တို့ ပုတီးတို့.. အေး.. မင်းတို့ပြောသလို ပုတီးပဲထားလိုက်ပါတော့ကွာ၊ အမှန်ကတော့ ဘုရားဂုဏ်ကို အာရုံပြုတာပါ၊ အဲဒီမှာ မင်းတို့ ခံယူပုံက အခြေခံကစပြီး လွဲနေ ကြတာ၊ သက်သတ်လွတ် ဆိုတာ သတ္တ၀ါတွေအပေါ် ကြင်နာသနားတဲ့ စိတ်နဲ့ “ စားသူနည်းရင် သေတာနည်းပါစေ”ဆိုပြီး သူတို့အကျိုးကို ရှေးရှု ရှောင်ကြဉ်တာ ဆိုရင်တော့ ဘာမှ အထူးပြောစရာ မလိုပါဘူး၊ ကိုယ်ကျိုးဖြစ်၊ စီးပွားဖြစ် ရှောင် တယ်ဆိုရင်တော့ မင်းစေတနာကိုက မှန်မှမမှန်ဘဲဟာ၊ ဘာအကျိုးထူးမှာလဲ ကွာ။
ပြီးတော့ ဘုရားဂုဏ်တော်တွေကို အာရုံပြုပြီး ပုတီးစိတ်တယ်တဲ့နော် ၊ အေး..မင်းတို့ ဘုရားကို တကယ် ကြည်ညိုတယ်ဆိုရင် လေးလေးနက်နက် သိထားရမှာက မြတ်စွာဘုရားဆိုတာ လေးစားကြည်ညိုဖို့၊ ဒုက္ခလွတ်မြောက် ရေးအတွက် အားကိုးဖို့သာ ဖြစ်တယ်၊ မန်းမှုတ် ကယ်တင် ခိုင်းဖို့မဟုတ်ဘူး၊ အဲဒါ မြဲမြဲ မှတ်ထားရမယ်။
ကြည်ညိုတယ်ဆိုတာကတော့ ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတွေကို အောက် မေ့ပြီး ရိုသေလေးစားမှု ပြုတာပဲ၊ ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတွေနဲ့ ပတ်သက်ပြီး ကိုယ်ဉာဏ်မီသလောက် နှလုံးသွင်း အာရုံပြု ကြည်ညိုရတာပေါ့။
ဒုက္ခလွတ်မြောက်ရေးအတွက် အားကိုးဖို့ဆိုတာ ကိုယ်ကြုံတွေ့ရတဲ့ ဒုက္ခ တွေက လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ဘုရားရှင်ပေးတဲ့ နည်းလမ်း တွေကို သင်ယူလေ့လာပြီး လိုက်နာကျင့်သုံးဖို့ ပြောတာနော်၊ ဒုက္ခတွေက လွတ် မြောက်အောင် ကယ်တင်ခိုင်းဖို့ မဟုတ်ဘူး။
တို့ရဲ့ ဂေါတမမြတ်စွာဘုရား ဆိုတာ ကယ်တင်ရှင် ဘုရားမဟုတ်ဘူး၊ လမ်းညွှန် နည်းပြ ဘုရားသာဖြစ်တယ်၊ ဘုရားဂုဏ်တော်တွေထဲမှာ “သတ္ထာဒေ၀ မနုဿာနံ = နတ်လူတို့ရဲ့ လမ်းညွှန်နည်းပြ သြ၀ါဒပေးဆရာ ဖြစ်တော်မူပါပေ၏” ဆိုတာ ပါသားပဲ။
မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ကလဲ ဓမ္မပဒ (၂၇၆)မှာ…
“သင်တို့က ကိုယ့်တာဝန်ကို ကျေပွန်အောင် ကြိုးစားအားထုတ်ရမယ်၊ မြတ်စွာ ဘုရားတို့ဆိုတာ လမ်းညွှန်
ပုဂ္ဂိုလ်များသာ ဖြစ်တယ်၊ လိုက်နာကျင့်သုံးသူသာ ဒုက္ခက လွတ်မြောက်မယ်”လို့ ဟောထားပါတယ်။
ပုဂ္ဂိုလ်များသာ ဖြစ်တယ်၊ လိုက်နာကျင့်သုံးသူသာ ဒုက္ခက လွတ်မြောက်မယ်”လို့ ဟောထားပါတယ်။
မင်းဖြစ်ပုံကို ဆရာတစ်ယောက်အနေနဲ့ အကြိုက်ကိုမငဲ့ဘဲ အကျိုးကိုငဲ့ပြီး ပြောရမယ်ဆိုရ်ငတော့ ဘုရားရှင်ကို ရိုသေလေးစားပြီး အားကိုးတဲ့သဘောမျိုး မဟုတ်ဘူး၊ ကိုယ်က အပင်ပန်း မခံချင်တဲ့အတွက် ဘုရားရှင်ကို ကိုယ်လိုချင်တာ တွေရအောင် အလုပ်ခိုင်းတဲ့ သဘောမျိုး ဖြစ်နေတယ်။
ဒါကလဲ တို့ဗုဒ္ဓဘာသာဝင်တွေ အတော်များများ မှားလေ့ရှိတဲ့ အမှားကြီး ပါပဲ၊ အန္တရာယ်ကင်းအောင်၊ ရာထူးဂုဏ်သိမ် တိုးတက်အောင်၊ စီးပွားဖြစ်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဓိဋ္ဌာန်ဝင်တယ်၊ ပွဲထိုးတယ်၊ ပုတီးစိပ်တယ်ဆိုတာ သေချာ စဉ်းစားကြည့်လေ၊ ကိုယ်လိုချင်တာ တွေကို ကိုယ်စွမ်းကိုယ်စနဲ့ မကြိုး စားချင်တဲ့ ဖြတ်လမ်းက အချောင်ရချင်လို့ ဘုရားရှင်ကို မရိုမသေ အလုပ်ခိုင်းနေ တဲ့ သဘောပဲ မဟုတ်ဘူးလား။
ခိုင်းတာမှ ရိုးရိုးခိုင်းတာတောင် မဟုတ်ဘူး၊ ဖြတ်လမ်းကနေ ပေါချောင် ကောင်းနဲ့ ရအောင် အမြန်ကို ရှာခိုင်းနေတာပဲ၊ ငါပြောတာ ကြမ်းလွန်းတယ် ထင်ရင် မင်းလုပ်ခဲ့တဲ့ သက်သတ်လွတ်စားတာနဲ့ ပုတီးစိပ်တယ် ဆိုတဲ့ အခါမှာ မင်းထားတဲ့ ရည်ရွယ်ချက်နဲ့ စေတနာကို ပြန်ပြီး သုံးသပ်ကြည့်ပေါ့နော်။
အေး… မင်းက “ ဘုရားဂုဏ်တော် အာရုံပြုတာ ရိုးရိုးသားသား ကြည်ညို လို့ပါ”ဆိုရင်လဲ စာမေးပွဲကျတဲ့အခါ ဘာဖြစ်လို့ ပြစ်မှားစရာလိုမလဲပေါ့။
မင်း.. နောက်ဆို မြဲမြဲ မှတ်ထားနော်၊ ရတနာ သုံးပါးနဲ့ ပတ်သက်ရင် ယုံကြည်ချက် ခံယူချက်နဲ့သာလုပ်ပါ၊ မျှော်လင့်ချက်နဲ့ လုံးဝမလုပ်မိစေနဲ့၊ မျှော်လင့်ချက်နဲ့ လုပ်မိရင် မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ ပြစ်မှားမိ တတ်တယ်၊ မင်းမှာ အခုကြုံရတာဟာ အဲဒီ ပြဿနာပဲ။
ဟုတ်ပါရဲ့ အရှင်ဘုရား.. ဗုဒ္ဓဘာသာဝင်တော်တော်များများဟာ လှူတာဆိုလည်း တလှည်းဝင်ချင်လို့  တဆုပ် စွန့် သူတွေလည်း များသလို အခုလို လူတွေလည်း များလှပါတယ် ဘုရား.. ဒါကြောင့်ပဲ ကိုယ်လိုချင်သလို ဖြစ်ချင်သလို ဖြစ်မလာတဲ့နောက် မြတ်ဘုရားကိုပဲ အပြစ်တင်ချင်သလိုလို လုပ်ကြတာလည်း ရှိပါရဲ့.. အဲဒါလေးတွေဟာ ပြင်သင့်ပါတယ်ဘုရား.. အခုလို ရေးသားဖော်ပြပေးတဲ့အတွက် အခြားမှားယွင်းနေသူတွေလည်း ပြုပြင်နိုင်တာပေါ့ ဘုရား..
ReplyDeleteကျေးဇူးကြီးလှပါတယ်ဘုရား..