မေး။ ။ တထောင့်ငါးရာတည်းဟူသော ကိလေသာဟာ ခန္ဓာကိုယ်ကြီးတွင် ဘယ်နေရာမှာ ကိန်းပါသတုံး ဘုရား။
ဖြေ။ ။ သိချင်သလား၊ သိချင်လျင် ဇာတိမြင်အောင်ကြည့် ၊ ဇာတိ ကိန်းတယ်။
မေး။ ။ ဘယ်လို ဇာတိ ဘယ်လို မြင်အောင် ကြည့်ရမှာတုံး ဘုရား။
ဖြေ။ ။ မြေ ရေ လေ မီး ဓာတ်ကြီး လေးပါး ရှိတယ် မဟုတ်လား၊ ၎င်း ဓာတ်ကြီးလေးပါးကို သင်္ခါရက ပြုပြင်ပေးတော့ သိမှု့ မှတ်မှု့ ခံစားမှု့ ဖြစ်ပေါ်၍ လာတယ်။ အဲတာ ဇာတိပဲ။ အဲဒီ ဇာတိကို မြင်အောင်ကြည့်က သိလိမ့် မယ်။
မေး။ ။ ရဟန်းများ၌ သိအပ်သော တရားငါးပါးကိုအမိန့်ရှိတော်မူပါဘုရား။
ဖြေ။ ။ ( ၁ ) အလိုရှိခြင်း၊
( ၂ ) ကျက်စားခြင်း၊
( ၃ ) ထောက်တည်ခြင်း၊
( ၄ ) နှလုံးသွင်းခြင်း၊
( ၅ ) ပြီးဆုံးခြင်း၊
အလိုရှိတာက ဘာကို အလှိုရှိတာတုံး ဆိုလျင်သုခချမ်းသာကို အလိုရှိတယ်၊
ပညာ ကို ကျက်စားတယ်၊
သီလ သမာဓိ ပညာကို ထောက်တည်တယ်၊
ကြောင့်ကြမှု့ တောင့်တမှု့ ကင်းတာကို နှလုံးသွင်းတယ်၊
နိဗ္ဗာန်ကို ပြီးဆုံးတယ်၊
အဲဒါ ရဟန်းများ၌ သိအပ်သော တရားငါးပါးပဲ။ ။
ဦးနု - စွန်းလွန်းနှင့် ပဌာန်းတရားတော်
တကာကြီး ရန်ကုန်မြို့မှာ နေစဉ်အခါက မြင်းခြံ ဂူကျောင်း ဘုန်းတော်ကြီး ဦးက၀ိ ရှိတယ်လို့ မကြားဘူးလား၊
ကြားပါ၏ ဘုရား။
အဲဒါ ဟိတ်ခတ်တာ၊ ဟေတု ပစ္စယော လို့ ခေါ်တယ်၊ ၎င်းနောက် သွားအုံးမှ ပါလေ လို့ အာရုံက မဆန့်ဘူးလား။
ဆန့်ပါ၏ ဘုရား။
အဲဒီ အာရုံ ဆန့်တာကို အာရမ္မဏ ပစ္စယော လို့ ခေါ်တယ်။
နောက်တဖန် အိမ်မှာ ကျီးစားစား ခွေးစားစား ဘုန်းတော်ကြီး၏ ခြေရင်းသို့ မေ၇ာက်ရောက်အောင် သွားအုံးမှဘဲလို့ ခန္ဓာကိုယ်ကြီးကို အာရုံက ဆွဲလာ၍ အခုဘုန်းကြီးခြေတော်ရင်းသို့ ရောက်လာတာဟာ ဒကာကြီး လာချင်လို့ လာတာ မဟုတ်ဘူး၊ ခန္ဓာကိုယ်ကြီးကို အာရုံက အဓိပတိတပ်၍ ဆွဲလာခြင်းကြောင့် အဓိပတိ ပစ္စယော လို့ ခေါ်တယ်၊
မှန်လှပါ၏ ဘုရား။
အဲဒါ ဘာကြောင့် လာရတာလဲ ဆိုလျင် ရှေးက ဘုန်းကြီးနှငရှေးက ဘုန်းကြီးနှင့် တွေ့ခဲ့ရဘူးလို့ ခုတွေ့ချင်တယ်။ ခု တွေ့ချင်လို့ တွေ့ရပြန်တယ်၊ နောင်ကိုလဲ တွေ့ရလေအုံးမယ်။
ဒကာကြီး ၀က်သားများ စားဘူးသလား။
စားဘူးပါ၏ ဘုရား။
အဲ ရှေးက ၀က်သားကို စားခဲ့ ဘူးလို့ ခုစားချင်တယ်။ ခုစားချင်လို့ စားရပြန်တယ်၊ နောင်ကို လဲ စားရလေအုံးမယ်။
ခွေးသားကော စားဘူးပါသလား။
မစားဘူးပါ ဘုရား။
အဲ ရှေးက ခွေးသား မစားဘူးလို့ ခု မစားချင်ဘူး၊ ခု မစားချင်လို့ ခု မစားဘူး၊ နောင်ကိုလဲ စားရမှာ မဟုတ်ဘူး။
ရှေးက ဒီ တရားမျိုးကို နာခဲ့ ရဘူးလို့ ခု နာချင်တယ်။ ခု နာချင်လို့ နာရပြန်တယ်၊ နောင်ကို လဲ နာရလေအုံးမယ်။
အနန္တရ၊ သမနန္တရ ၊ သဟဇာတ ၊ အညမည ပစ္စည်း ဆက်မသွားဘူးလား၊
သွားပါ၏ ဘုရား၊
ဘုန်းကြီး၏ ခြေရင်းရောက်တော့ ဘုန်းကြီးက ရှေးဦးစွာ ဘုရားကန်တော့၊ မေတ္တာပို့ ၊ အမျှဝေ ၊ မိမိ ခန္ဓာကိုယ်ကို ဘုရားလှူု၊ နှာသီးဖျားမှာ စိတ်ကိုထား၊ လေတိုးထိတော့ သိလိမ့် မယ်။ သိတဲ့ အပေါ် သတိထားရမယ်။ ပြောတော့ နိဿယ ပစ္စယော၊ ဥပနိဿယ ပစ္စယောလို့ ခေါ်တယ်။
မှန်လှပါ ဘုရား။
အားထုတ်ဆဲ အခိုက်အတန့် မှာ မျက်စိကတော့ တောင်ကြည့် မြောက်ကြည့် ကြည့်သေးရဲ့လား။
မကြည့်ပါ ဘုရား။
နားကကော ဟိုထောင် သည်ထောင် ထောင်သေးရဲ့လား။
မထောင်ပါ ဘုရား။
နားခေါင်းကကော ဟိုရူ သည်ရူ ရူသေးရဲ့လား။
မရူပါ ဘုရား။
ပါးစပ်ကကော ဟိုစားချင် သည်စားချင် ရှိသေးရဲ့လား။
မရှိပါဘုရား။
ခန္ဓာကိုယ်ကြီးကကော ဟိုသွားချင် ဒီသွားချင် ရှိသေးရဲ့လား။
မရှိပါဘုရား။
အဲဒီတော့ စက္ခု သောတ ဃာန ဇိဝှါ ကာယ ဆိုတဲ့ ဣနြေ္ဒ ငါးပါး မလုံဘူးလား။
လုံပါ၏ ဘုရား။
အဲဒါ ဣန္ဒြိယ ပစ္စယော လို့ ခေါ်တယ်ကွဲ့ ။
ဆက်ရန် --
No comments:
Post a Comment