စိန်ချွှန်းတောင် ရန်ဟုန်ပ
ဆန်စုန်ကြွ အောင်မြင်။
မာန်ဟုန်ထ ပြောင်စင်ငယ်
ရှောင်မကြဉ် တွေ့တိုင်း
ငါ ဟဲ့လို့ မာန်ကွန့်ရှာသည် ၊
ပြန်ရွံ့ကာ ရွေးမျှ မဆိုင်း။
ကိုယ့်ဒဏ်ချက် ထိစရာကို
မသိရှာ ဝေမှိုင်း
သတိကွာ ပွေလှိုင်းလို့
မသွေနှိုင်း ပုံလို။
အာရုံတော် သစ်အဖူးရယ်ကြောင့်
အချစ်ရူး ရူးခဲ့ပြီ ကိုယ် ။
ကောင်းပဉ္စ စုံသူ့ကိုယ်ရယ်
ဂုဏ်နုပျို ပျိုလေးမို့
ကိုယ်အသွေး ဇောညွတ်ပွေအောင်
ချောမွတ် ရွှေပေါင်။
တင့်သနဲ့ မြင်လှဲ့ ဆောင်ဝယ် ။
ခင့်ရဲ့မောင် ပူခန်းကွဲ့လေး ။ ။
ဒီတခါတော့ ပဉ္စသီခ အစား လွမ်းနိုင်အောင် အလွမ်းပြေ တေးထပ်လေး တင်ပေးလိုက်ပါတယ် ၊
No comments:
Post a Comment