Wednesday, September 2, 2009

သူတော်ကောင်း ဆိုတာ

ဂင်္ဂါမြစ်နှင့် မနီးမဝေးရှိ အိုင်တအိုင် အနီးဝယ် သူတော်စင်ရသေ့ (ဆာဒူး )ကြီးတပါးသည် ကသိုဏ်းရှု့မှတ် တရားထိုင်နေ၏၊


ထိုစဉ်အချိန် အိုင်အတွင်း၌ ကင်းမလက်မဲတကောင် ပေါလောပေါလောဖြင့် ရေနစ်နေသည်ကို တွေ့မြင်ရသော သူတော်စင်ကြီးသည် အနီးအနား၌် ဒုတ်ချောင်းသစ်ခက်တွေ့လို တွေ့ငြား ရှာဖွေသော်လည်း ဘာမျှ မတွေ့သည့်အဆုံး သနား ဂရုဏာစိတ်ဖြင့် လက်နှင့်နှိုက်ကာ ဆယ်လေ၏ ၊

ကင်းက တုပ်သောကြောင့် အမှတ်တမဲ့ ခါမိသောအခါ ကင်းသည် အိုင်အတွင်းပြန်ကျ၍ သူတော်စင်ကား အဆိပ်တက်ကာ မူးမေ့မတတ်ဖြစ်နေလေ၏၊


နှစ်ကြိမ် သုံးကြိမ်တိုင်တိုင်ရှေးနည်းအတိုင်း လက်ဖြင့်သာ ဆယ်နေလေရာ အခြေအနေကို ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေသူ လူတယောက်က ဘာလုပ်နေတာလဲ ဆာဒူးကြီး၊ ကင်းက တုပ်တတ်မှန်းသိရက်နဲ့ ဆာဒူးကြီးက ထပ်ထပ်ပြီး ဆယ်နေပါလား၊ ဆိုပြီး မနေနိုင်လွန်းလို မေးတဲ့အခါ သူတော်စင်ကြီးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သတဲ့ ၊

ဟုတ်ပါတယ်၊ ကင်းရဲ့ သဘာဝ စရိုက်က တုပ်ဖို့ပဲမဟုတ်လား၊ ကျွနုပ်ရဲ့ သဘာဝစရိုက်ကတော့ သတ္တ၀ါတွေကို ကယ်တင်ဖို့ပဲလေ။

No comments:

Post a Comment