
အထက်က ပုံကတော့ နမက္ကာရ မုဒြာ ရုပ်ပွားတော် သင်္ကေတ ပါ၊ဘုရားရှင်အတွက် မဟုတ်ဘဲ သတ္တ၀ါအားလုံးအတွက် ဖြစ်ဟန်တူပါတယ်၊

( တိဏ -မြက်ရှစ် ဆုတ်ကို၊ ဟတ္ထ- လက်တော်မှ ကြဲဖြန့်တော်မူဟန် )
တိဏ ဟတ္ထ ရုပ်ပွားတော်ကို ကိုးကွယ်သူသည် အကြံအစည် မှန်သမျှ အောင်မြင်နိုင်ခြင်း၊ ဆုထူး လာဘ်ထူး ရရှိခြင်၊ စီးစိမ် တိုးတက်များပြားနိုင်ခြင်၊ ကံကောင်းးခြင်း၊ ရာထူး ဋ္ဌာနန္တရ အသစ်အသစ်ကို ရရှိတတ်ခြင်း၊ တန်ခိုး သိဒ္ဓိထူးကို ပိုင်ဆိုင်နိုင်ခြင်း၊
နေရာ ထိုင်စရာ အိမ် ကျောင်း ဇရပ် စသော အဆောက်အဦးကောင်းတို့ကို ပိုင်ဆိုင်ရတတ်ခြင်း၊ လယ်ယာ ကိုင်းကျွန်း ဖြစ်ထွန်းအောင်မြင်ခြင်း၊ သီးနှံစပါး ပေါများကြွယ်ဝ ခြင်း စသော လောကီ အကျိုးထူးတို့ကို ခံစားရသည် ဟု မဟာယာန တန္တရ ကျမ်းများက ဖွင့်ဆိုပေသည်၊

ထူးခြားချက်ကား ဤ ရုပ်ပွားတော် ရှိသော နေရာ အရပ်ဒေသ များတွင် ပညာရှိသူတော်စင်များ ပေါ်ပေါက် ထွန်းကားတတ်သည် ဟု ပဋိမာ သိက္ခာဝလိ ကျမ်းက ဆိုပေသည်၊

( ပတ္တ- သပိတ်တော် ကို၊ ဟတ္ထ- လက်တော်၌ပိုက်ထားတော်မူဟန် )
ပတ္တ ဟတ္ထ မုဒြာ ရုပ်ပွားတော်ကို ကိုးကွယ် ဆည်းကပ်သူသည် စားသောက်စရာ ပေါများကြွယ်ဝ ခြင်း၊ စီးစိမ်ဥစ္စာကုံလုံ ပြည့်ဝခြင်း၊ ဆုတောင်းပြည့်ခြင်း၊ အင်အား ကြီးမားခြင်၊ တန်ခိုးအာနုဘော် ကြီးမား ထက်မြက်ခြင်း၊ အလိုဆန္ဒ ပြည့်ဝနိုင်ခြင်၊ မကောင်းသော ဂြိုလ်စီး ဂြိုလ်နင်း တို့မှ လွတ်ငြိမ်းချမ်းသာခြင်း၊ စသော အကျိုးထူးတို့ကို ရရှိနိုင်ပေသည်၊
ဆက်ပါအုံးမည် -
No comments:
Post a Comment