Tuesday, September 1, 2009

သမိုင်းထဲက ပုဂံပြည် ( ၂ )

များပြားလှသော ပုဂံ အမည်များ-

ပုဂံပြည်ကို အစတည်သော သမုတိရာဇ် မင်းကြီးသည် ရှေးဦးအစ ပေါက္ကံ ပြည် ဟု အမည်တွင်စေခဲ့ပြန်၏။

ပြူစောထီး လက်ထက် ငှက်ကြီး ၀က်ကြီးစသော ရန်မာန်တို့ကို နှိမ်နှင်း အောင်မြင်သောကြောင့် အရိ မဒ္ဒနာ ပြည် ဟု တွင်ခဲ့ပြန်၏၊

သေလည်ကြောင်မင်းး လက်ထက်မှ မြို့တော်ကို နေရာပြောင်းကာ သီရိ ပစ္စယာ ဟု သမုတ်ခဲ့ပြန်၏။

သာရမွန် မင်းဖျား လက်ထက်၌ နေရာ ပြောင်းပြန်၍ တမ္ဗ၀တီ နေပြည်တော် ဟု ခေါ်တွင်ခဲ့ပြန်သည်၊

ဆန်ရေ စပါး ရတနာသုံးပါး ပေါများကြွယ်ဝ စည်ကားပြည့်စုံသောကြောင့် ပုဏ္ဏ ဂါမ မည်လေ၏။

အနော်ရထာ မင်း လက်ထက် တွင် ပုဏ္ဏ ဂါမ တွင်ရာမှ ဏ္ဏ အက္ခရာ ကျေကာ သဒ္ဒါနည်းအရ မ တလုံးကို ( သေးသေးတင် ) နိဂ္ဂဟိတ် ပြုကာ ပုဂံ မည်လေသည် ဟူသတတ်၊

နောက်တမျိုးကား သမုတိရာဇ် မင်းသည် ပြူလူမျိုးဖြစ်သောကြောင့် အမျိုးအနွယ် တန်ခိုး ထင်ရှားစေရန် ပြူဂါမ ဟု သမုတ်သည်၊။ နောင်ကာလ ရွေ့လျားသောအခါ ပူဂါမ + ပုဂါမ + ပုဂံ ဟု ဖြစ်လာသည်။

အဓိပ္ပါယ်ကား ပြူလူမျိုးတို့ အဦးအစ တည်သော ရွာ ဟူလို။

အမှန်ကား မြန်မာနိုင်ငံ သာသနာအဆက်ဆက်၌

မဇ္ဈိမ ဒေသ

သီဟိုဠ်

မရမ္မရဋ္ဌ

သရေခေတ္တရာ

ပုဂံ

ပင်းယ

ရတနာပူရအင်းဝ

ညောင်ရမ်း

ကုန်းဘောင်

အမရပူရ

ရတနာပုံ မန္တလေးမြို့

ဟူ၍ ခေတ် အဆက်ဆက် ကျော်ဖြတ်ခဲ့ပေသည်၊

ပုဂံ သမိုင်း အကျဉ်း

၁။ ပထမ ပုဂံပြည်ကို သရေခေတ္တရာ ပျက်ပြီး သမုတိရာဇ်မင်းကညောင်ဦး ညောင်ဝန်း နဂါးကျစ် မြေခဲတွင်း အပါအ၀င် ရွာပေါင်း (၁၉ )ရွာကို စုစည်းပြီး ခရစ်နှစ် ၁၀၇ ခုနှစ်တွင် ပေါက္ကံပြည် ဟု ခေါ်စေခဲ့၏။

၂။ ပထမပုဂံ၏ ၆ ဆက်မြောက် သေလည်ကြောင်မင်းသည် ခရဇ်နှစ် ၃၄၄ တွင် သီရိပစ္စယာ ဟူသော ဒုတိယ ပုဂံကို တည်ထောင်ခဲ့ပြန်သည်၊

၃။ ဒုတိယပုဂံ၏ ၅ ဆက်မြောက် သိုက်တိုင်မင်းသည် ခရဇ် ၅၁၆ ခုနှစ်တွင် တမ္ဗ၀တီ ဟူသော တတိယ ပုဂံကို တည်ထောင်ခဲ့သည်၊

၎။ တတိယ ပုဂံပြီးနောက် ပျဉ်ပြားမင်းသည် ခရစ်နှစ် ၈၄၉ တွင် အနော်ရထာမင်း အပါအ၀င် ပုဂံ၏ ၂၃ ဆက်မြောက် နောက်ဆုံး မင်းဆက်ြဖစ်သော စောမွန်နစ် အဆုံး လွမ်းမောဖွယ်အဖြစ်အပျက်များပြည့်နှက်နေရာ စတုတ္ထပုဂံ မြို့တော်ကို တည်ထောင်ခဲ့ပေသည်၊

စာကြွင်း။ သမိုင်းဆိုသည်မှာ လိုသလို ချဲ့ကားနိုင် ချုံ့နိုင်သော သဘောဖြစ်ရာ များပြား ရှည်လျားလှသော ရှေးဟောင်းနယ်မြေ ပုဂံသမိုင်းကို ဤမျှဖြင့် မပြည့်စုံမှန်း သိသော်လည်း မှတ်တမ်းအနေဖြင့် ပြုစုပြီး ဆောင်းပါးရေးခြင်းသာ ဖြစ်ပါသည်။

စာဖတ်ပရိသတ်အတွက် တခုခု ကျန်ခဲ့မယ် ဆိုရင်ပဲ ရေးရကျိုးနပ်ပါသည်၊

No comments:

Post a Comment