Wednesday, May 12, 2010

ဘုံဘေ တခွင် ရောက်ခဲ့သမျှ အပိုင်း ၂

၃။ နောက်တနေရာကတော့ ဟို နှစ်ပေါင်းများစွာက မြန်မာကျောင်းသားများ ပညာတော်သင် သွားနေကျ နေရာ တခုဖြစ်တဲ့ University Of Bombay ဘုံဘေ တက္ကသိုလ်ပါ၊ မောင်အံ့ ( မဟာဝိဇ္ဇာ- ဘုံဘေ ) စတဲ့ မြန်မာကျောင်းသားများ ဘွဲ့တွေ ဒီဂရီတွေ ကို နိုင်ငံရေး စီးပွားရေး လူမှု့ရေး အားလုံးကို ရင်ပေါင်တန်းနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်တွေ များစွာနဲ့ ကြိုးစားခဲ့ကြရတဲ့ နေရာပေါ့။ အခုတော့ တက္ကသိုလ်ကို ရုံးထိုင်ရာ အဆောက်အဦး လောက်ပဲ ထားရှိပါတော့တယ်၊ ဒီမှာလဲ မကျေနပ်ခဲ့တာ တွေ့မိတယ်၊ ကိုယ်ကပဲ ရှာကြံတွေးမိနေလို့လား မပြောတတ်ပါဘူး၊
University of Mumbai ( Old University )

ဘယ့်နှယ် တက္ကသိုလ်ဝင်းထဲမှာတောင် ဓာတ်ပုံကို စိတ်ကြိုက် မှတ်တမ်းတင်ခွင့် မရခဲ့ဘူး၊ ဒီကုလားတွေ တော်တော် ဂဂျီဂဂျောင် များတာပဲ လို့ တွေးပြီး ပြန်ဖြေသိမ့်ရတယ်။

၎။ နောက်တနေရာကတော့ ဘုံဘေမြို့ရဲ့ သင်္ဘော ဆိပ်ကမ်း ခေါ်တဲ့ Gate Way of India ပါ၊ Taj Mahal Palace ကလဲ လူတွေကို တမျိုးဆွဲဆောင်နေပါတယ်။ များလှစွာသော လူတွေဟာ အဲဒီမှာ လေကောင်းလေသန့် ရှုရှိုက်ရင်း လှပတဲ့ ပင်လယ်ရှုခင်းတွေကို ခံစားဖို့ လာရောက်လေ့ရှိကြတယ်၊

ဘုံဘေမြို့ဟာ ပင်လယ်ပြင်နဲ့ ဆက်စပ်နေတဲ့ ဆိပ်ကမ်းမြို့ ဖြစ်တာနဲ့အညီ မြို့တည်နေပုံဟာလဲ ဆိပ်ကမ်း အနီးအနားတ၀ိုက်မှာ ဂငယ် ဂွေ့ပုံသဏ္ဍာန် ဖြစ်နေမယ် ထင်တယ်၊
Gate way ရဲ့ ညခင်း အလှအပပါ

ဒါကြောင့်လဲ အိန္ဒိယအစိုးရက ရှည်လျား ကြီးမားပြီး ခိုင်ခံ့လှတဲ့ တံတားရှည်ကြီးကို ဂငယ်ဂွေ့ ပုံသဏ္ဍာန် မြို့ကို ဆက်စပ်ပေးဖို့ ဆောက်လုပ်ပေးထားတာတွေ့ရတယ်၊ ပြောစမှတ်ပြုကြတာက ဘုံဘေကို ရောက်ပြီး အဲဒီတံတားကို မရောက်ခဲ့ရင် ဘုံဘေကို မရောက်ဘူးလို့ ဆိုနိုင်တယ် တဲ့၊ ဘာကြောင့်ဆို တံတားရဲ့ တဖက်မှာ ကြည်လင်လှပတဲ့ ပင်လယ်ရှု့ခင်းကို ခံစားနိုင်ပြီး တဖက်မှာတော့ အထပ်မြင့်တိုက်တွေနဲ့ ငြိမ်ဝပ်စွာ လှပနေတဲ့ ဘုံဘေမြို့ကြီးကို ကြည့်ရှု့နိုင်တာမို့ပါ။
ဒီလို ရင်ပြင်ကြီးထဲမှာ လေညှင်းခံရတာကလဲ တမျိုးကြည်နူးစရာပါ

၅။ မေလ ၁၁ ရက်နေ့ အတွက် နောက်ဆုံးသွားဖြစ်တာကတော့ အိန္ဒိယရဲ့ လွတ်လပ်ရေး ခေါင်းဆောင် တယောက်အဖြစ် မဟတ္တမဂန္ဓီကဲ့သို့သော အာဇာနည် ခေါင်းဆောင်ကြီး Motilal Nehru ( ဂျဝါဟလာ နေရူး Jawalarhal Nehru. ၏ ဖခင် ) ၏ သမိုင်းဝင်ပြတိုက်ကို သွားဖြစ်ခဲ့ပါတယ်၊
 (မဟတ္တမ ဂန္ဓီ ရဲ့ သမိုင်းဝင် ဟောပြောပွဲ၊ ဘ၀ သမားတွေအတွက် အလှအပက မလိုအပ်ခဲ့ဘူး ထင်ပါတယ်)
 ခေါင်းဆောင်ကြီး နေရူး နှင့် ပါရမီဖြည့်ဖက် Swarup Rani
 နေရူး ၏ ဘ၀ ပုံရိပ်များ

မဟတ္တမဂန္ဓီ ခေါင်းဆောင်တဲ့ နေရူး နဲ့ ဥပဒေပညာရှင် ဒေါက်တာ အမ် ဘေ ဒကာ Dr. B.R. Ambedkar တို့ သုံးဦးဟာ အိန္ဒိယရဲ့ လွတ်လပ်ရေး ဖခင်ကြီးတွေလို့ သိရပါတယ်၊ ဒါကြောင့် သူတို့ သုံးဦးရဲ့ ခြေရာများကို လက်လှမ်းမှီသလောက် ကူးယူရင်း မှတ်တမ်းတင်လိုက်ပါတယ်။
 ခေါင်းဆောင်တို့ရဲ့  အတုယူစရာများ ဟု ဆိုရမည့် ဂန္ဓီ ကြီး နှင့် နေရူး တို့ပုံပါ

No comments:

Post a Comment