အခုလို ဘုရားစေတီ ကို လုပ်ကိုင်နေရတဲ့အတွက် လူတိုင်း လူတိုင်းမရနိုင်တဲ့ မြင့်မြတ်တဲ့ ဗုဒ္ဓဝေယျာဝစ္စ ကို လုပ်ကိုင်ခွင့်ရနေတာက ကုသိုလ်ကံထူးလို့ ဖြစ်ကြောင်း၊
နောင်တချိန်မှာ သမိုင်းတွင်စေမယ့် အလုပ်တွေကို လုပ်နေရတာမို့ တွေးလိုက်တိုင်း ပီတိဖြစ်စရာ ကျေနပ်စရာ ဖြစ်နိုင်ကြောင်း၊
ကုသိုလ်လဲရ ၀မ်းလဲ ၀ - ဆိုသလို ၀တ်ကျေတန်းကြေ မလုပ်ပဲ စေတနာ သဒ္ဓါတရားထားကာ အထူးသဖြင့် ဘုရားရှင်ကို ကြည်ညိုတဲ့ စိတ်လေးထားပြိး လုပ်ကိုင်ပါက ယခုဘ၀သာမကပဲ နောင်သံသရာ အဆက်ဆက်ပါ သုဂတိသို့ ရောက်ရှိနိုင်ကြောင်း၊
ကဿပ ဘု၇ားရှင် ပရိနိဗ္ဗာန်စံတော်မူချိန် ဓာတ်တော်တွေကို ဋ္ဌာပနာဖို့ အတွက် စေတီတည်တဲ့ အခါမှာ လုပ်အားဒါန လုပ်ကိုင် ပါဝင်သူများ အထက်နတ်ပြည်သို့ တက်ရောက်ကြရကြောင်း စတာတွေကို ပြောပြမိခဲ့တယ်။
တဆက်တည်းမှာ လုပ်အားဒါနကို ဘယ်လို ရှင်းသလဲ - ဆိုတော့ ပုတ်ပြတ် ပေးထားတယ် ၊ အုတ်ချပ်ရေ အားလုံး ၃ သိန်းကျော် အသုံးပြုထား ပြီး တစ်ပေကို မြန်မာကျပ်ငွေ ၁၉၀၀ ပေးကာ ကျပ်ငွေဖြင့်သာ ငွေရှင်းပါသတဲ့။ အင်း - ဒါကျတော့လဲ စိတ်မကောင်းပြန်ဘူး၊ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်သူတွေထဲ သူတို့ အနည်းဆုံးရမယ် ထင်တယ်၊
မကြာသေးမီကာလက Forward mails များဖြင့် ရောက်လာကြသော လက်ရာမြောက် ဗုဒ္ဓ၀င်ပန်းချီကားများကို ကြည့်ကာ ကြည်ညိုလို့မဆုံး ရှိခဲ့ရာ ထိုပန်းချီကားများသည် ယခု ရွှေတိဂုံ ဘုရား၏ ပြတိုက်အတွင်းမှ ပန်းချီကားချပ်များ ဖြစ်နေသည်ကို အံ့သြဖွယ်ရာ တွေ့ရှိရလေသည်။
Global Pagoda ခေါ် မဇ္ဈိမဒေသက ရွှေတိဂုံ ရဲ့ အချက်အလက်များ -
1.စေတီ အမြင့် - 96.12 မီတာ၊
2. စေတီ အတွင်းအကျယ် 85.15 မီတာ၊
3. အုတ်ချပ်များ စီ၍ မိုးထားပြီး အလည်၌ တိုင်တလုံးမျှ မပါဝင်၊
4. မြန်မာမှု့လက်ရာများဖြင့်သာ တည်ဆောက်ထားသည်၊
5. လှိုဏ်ဂူအတွင်းအလယ်ခေါင် အုတ်ချပ်အတွင်း၌ မြတ်စွာဘုရားစွယ်တော်ကို ဋ္ဌာပနာထားသည်၊
6. စေတီအောက်ခြေ၌ ဗုဒ္ဓ၀င်ပြတိုက် ပါဝင်၊
7. မြန်မာပြည်ဘုရားကဲ့သို့ တောင်ဘက် မြောက်ဘက်၌ နောင်တော်ကြီုးဘုရားအရွယ်အစား စေတီ ၂ ဆူ တည်ထား၊
8. မြေအောက် လှိုဏ် သီးသန့်တည်ဆောက်ထား၊
9. စာကြည့်တိုက် တဆက်တည်း တည်ဆောက်ထား၊
10. Mumbaiမြို့မှကားဖြင့်တိုက်ရိုက်သွားရောက်ဖူးမြော်နိုင်ပြီး၊ ကားတတန်၊ မော်တော်လှေတတန်
ဖြင့်လဲ ဖူးမြော်နိင်ပါသည်။
11. လှိုဏ်ဂူအတွင်း၌ လူပေါင်း ရှစ်ထောင် ( ၈၀၀၀ ) တပြိုင်နက်တည်း တရားရှု့မှတ်နိုင်သည်။
တိုင်တလုံးမျှ မပါဘဲ တည်ဆောက်ထားတဲ့ နည်းပညာက အံ့သြစရာပါပေ
ကိုးကွယ်ဖို့အတွက် မြန်မာပြည်ကနေ ပင့်လာတဲ့ ကျောက်ဆင်းတုဘုရားပုံတော်
မြန်မာပြည်မှာလို ခေါင်းလောင်းကြီးတွေ ချိတ်ဆွဲထားတယ်
တစ်ဆူပြီးပြီ ဖြစ်တဲ့ မြောက်ဘက်ခြမ်းက နောင်တော်ကြီးဘုရားပုံစံတူ
ဆောင်းတန်းနှစ်ခုနဲ့ ဒီလိုပုံစံ တည်ဆောက်မယ်
ကြည်ညိုဖွယ်ရာ လက်ရာမြောက် ဗုဒ္ဓ၀င်ပန်းချီကားများ
တန်ခွန်တိုင်လဲ ပါအောင် လှူဒါန်းတယ်
အရှင်သာရိပုတ္တရာမထေရ်ကြီးက ပရိနိဗ္ဗာန်စံခါနီး မယ်တော်သာရီ ပုဏ္ဏေးမကြီးထံ ကြွကာ မိမိမွေးဖွားခဲ့ရာ တိုက်ခန်းအတွင်းမှာပင် သောတာပန်တည်စေကာ မိဘကျေးဇူးကို ဆပ်ခဲ့တယ်၊( နောက်များမှ ရုပ်ပုံများကို ဖော်ပြပါအုံးမည် )
သမိုင်းတွင်စေမယ့် ပါရမီဖြည့်ဖက်များ
နိုင်ငံတကာ ကုသိုလ်ရှင်များကောင်းမှု့နဲ့ မဖြစ်နိုင်ဘူး ထင်ရတဲ့ အလုပ်ကို တစိုက်မတ်မတ်လုပ်ဆောင်ပြီး အဇ္ဈတ္တ၊ ဗဟိဒ္ဓ အတွင်း အပြင်ပါမကျန် သာသနာပြုလုပ်ငန်းတွေ လုပ်နေတဲ့ ဦးဂိုအင်ကာကို ကြည့်ပြီး
“ If you do nothing, there will be nothing ”
No comments:
Post a Comment