The Global Pagoda is an ideal bridge for peace, tolerance and harmony across all the communal and regional divides splintering India as well as the entire world today. The Global Pagoda will be a vehicle for the spread of the Buddha's true teaching that emphatically opposes any dogma based on sect, cast and religion.
S. N. Goenka
“ ဒီ ဂလိုဘယ် စေတီ ဟာ ယနေ့ကမ္ဘာကြီး တစ်ခုလုံးနဲ့အတူ အိန္ဒိယမှာ ကွဲထွက်နေကြတဲ့ လူအများနဲ့ သက်ဆိုင်တဲ့ အရာတွေကို ကျော်လွားပြီး ငြိမ်းချမ်းခြင်း၊ သည်းခံခြင်း၊ ညီညွတ်ခြင်းအတွက် အမြတ်ဆုံး ပေါင်းကူးတံတား ဖြစ်ပါတယ်။
ဒီစေတီဟာ ဂိုဏ်းကွဲ အယူကွဲ ကြောင့်ဖြစ်လာတဲ့ ဘယ်လို တရားသေ ၀ါဒမျိုးကိုမဆို ဆန့်ကျင်ပြီး နေရာအနှံ့ ပြန့်ကျဲနေတဲ့ ဗုဒ္ဓ တရားတော်တွေဆီကို လေးလေးနက်နက် ပို့ဆောင်ပေးမယ့်စေတီ တစ်ဆူဖြစ်ပါလိမ့်မယ် ”
အက်စ် အမ် ဂိုအင်ကာ
မွန်ဘိုင်း မြေကို ခြေမချခင် ကတည်းက ဘယ်လောက် သွားရေး လာရေး ခက်ခဲပါစေ ရောက်အောင် သွားပြီး ဖူးမျှော် လိုက်မယ် လို့ စိတ်ထဲကနေ ကြည်ညိုနေမိတဲ့ နေရာ တနေရာ ရှိခဲ့ဖူးတယ်၊ အဲဒါကတော့ မန္တလေး ဇာတိသား ၁၉၂၄ ခုနှစ်မှာ မွေးဖွားတာကြောင့် ယခုဆိုလျင် ၈၆ နှစ်အသက်အရွယ် ရှိပြီ ဖြစ်တဲ့ ဂုရုကြီး မစ္စတာ ဂိုအင်ကာ Mr S.N. Goenka တည်ဆောက် လှူဒါန်းထားတဲ့ ရွှေတိဂုံ ပုံစံတူ စေတီတော်တစ်ဆူပါ။
မဇ္ဈိမဒေသ မှာ ပျောက်ကွယ်နေပြီဖြစ်တဲ့ ဘုရားရှင်ရဲ့ သစ္စာအလင်းရောင်ကို တဖန်ပြန်လည် မျိုးစေ့ ချပေးနေသူတယောက်ဖြစ်တာမို့ မဇ္ဈိမဒေသ ကို အလင်းရောင် ပြန်လည် ထွန်းညှိပေးသူ ဆိုရင် ပိုမှန်ပါလိမ့်မယ်၊ ဒါတင်မကပဲ နိုင်ငံပေါင်း ၁၀၀ ကျော်ကို လူမျိုး ဘာသာမရွေး တရားအရသာ သောက်သုံး ခံစားနိုင်စေရန် Meditation Center ပေါင်းများစွာ တည်ထောင်ဖွင့်လှစ်ပေးနေတဲ့အတွက် သူ့ရဲ့လုပ်ရပ် သူ့ရဲ့သဒ္ဓါတရား သူ့ရဲ့ ကြည်ညိုမှု့ သူ့ရဲ့ရင်ထဲက ဓမ္မစွမ်းအား တွေကို မှန်းဆပြီး ၀မ်းသာပီတိ ဖြစ်ရတယ်။
လက်လှမ်းမှီသလောက်လေ့လာကြည့်ရင်ထေရ၀ါဒဗုဒ္ဓဘာသာအမည်ခံ လူပုဂ္ဂိုလ်တွေထဲမှာဖြင့် မြန်မာပြည်မှာရော ကမ္ဘာတလွှားမှာပါ သူ့လောက် သာသနာတော်အတွက် အများအကျိုးအတွက် ဆောင်ရွက်နိုင်ခဲ့သူ မရှိခဲ့ဘူး၊
ပန်းချီကားထဲက ရွှေတိဂုံပုံစံတူ
ယခုလက်ရှိ ဖူးမျှော်နိုင်တဲ့ စေတီ
ကြည်ညိုလို့မ၀ ထီးတော်အလှ
မွန်ဘိုင်းမှ ကားဖြင့်လည်းကောင်း နောက်တဆင့် မော်တော်ဘုတ်ဖြင့် လည်းကောင်းသွားလာနိုင်ပါသည်၊ ကားဖြင့် ဒါရိုက်လဲ သွားရောက်ဖူးမျှော်နိုင်သေးသည်။
စေတီအောက်ခြေက အင်္ဂတေ ကနုတ်ပန်းအလှများ
စေတီအတွင်း၌ လူပေါင်း ရှစ်ထောင် တပြိုင်နက်ထဲ တရားရှူ့မှတ်နိုင်ပါတယ်
ကျွန်းတွေကို မြန်မာပြည်က မှာယူပြီး ဒီလို အလှဆင်ထားတယ်
ယော ခေါ ၀က္ကလိ ဓမ္မံ ပဿတိ၊ သော မံ ပဿတိ၊ ယော မံ ပဿတိ၊ သော ဓမ္မံ ပဿတီ တိ၊ ဆိုပြီး ( ဓမ္မပဒ၊ ၀က္ကလိတ္ထေရ၀တ္ထု၊ သံယုတ္တနိကာယ် ၃၊ ၈၇ ) မှာ မိန့်ဆိုထားတဲ့ စကားကိုကြားယောင်မိစေတယ်၊
“ တရားကို သိမြင်နိုင်သူဟာ ငါဘုရားကို မြင်သူပဲ၊ ငါဘုရားကို မြင်နိုင်မယ့်သူဟာလဲ သစ္စာတရားကို သိမြင်နိင်သူသာ ဖြစ်တယ် ” တဲ့။
ဒါကြောင့် ကိုယ်တိုင်လဲ သစ္စတရား ကို ရဖို့ ငြိမ်းအေးမှု့ကို ရှာဖွေနေပြီး အများသူငါ ကိုလဲ တတ်နိုင်သမျှ မျှဝေပေးနေတဲ့ ဦးဂိုအင်ကာ ရဲ့ မဇ္ဈိမဒေသက ရွှေတိဂုံ ဘုရားဆီကို စာရေးသူတို့ အဖွဲ့ဟာ အရောက်သွားကာ ဖူးမျှော်ခဲ့ပါတယ်၊
ရွှေတိဂုံစေတီကို မဖူးရတာကြာပြီမို့ အားရပါးရ ဖူးလိုက်တာ ပင်ပန်းနွမ်းနယ်လာရသမျှ အမောတွေ ပြေပျောက်ရတယ်၊ အထူးသဖြင့် ရှားရှားပါးပါး ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ဖူးရတာကြောင့်ုကြည်နူးရတယ် ဆိုရင် ပိုမှန်ပေလိမ့်မယ်။ ဟုတ်ပါတယ်၊ မွန်ဘိုင်းမှာ ဟိန္ဒူတွေရဲ့ ဂျနတ်စ် ရုပ်တုက လွဲရင် ဘုရားစေတီ နဲ့ တူတာဆိုလို့ ဘာမှ မရှိဘူး၊ ဗုဒ္ဓဂယာ က လွဲရင်ပေါ့။
ဆက်ပါအုံးမည် --
No comments:
Post a Comment