Thursday, June 16, 2011

Traveler in Myanmar ( လယ်တီဆရာတော်ဇာတိ၊ စိုင်ပြင်ကြီး ၂ )


အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့ ရရှိတော်မူခြင်း

လယ်တီဆရာတော်ဘုရားကြီးသည် ၁၂၇၇ ခုနှစ် တန်ဆောင်မုန်းလဆန်းတစ်ရက်( ၇ - ၁၁- ၁၉၁၅ ) တွင် မြန်မာနိုင်ငံ အစိုးရ၏ အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့တံဆိပ် ကို  ဆက်ခံရရှိခဲ့သည်။

နိုင်ငံခြား သာသနာပြုတော်မူခြင်း

 ၁၂၇၅ ခုနှစ်တွင်  နိုင်ငံခြား ဗုဒ္ဓသာသနာပြု အသင်းကြီးကို ကြီးမှုးတည်ထောင်ပြီးလျင်  အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ပါဠိစာပေ အသင်းကြီးနှင့်၎င်း၊  ဂရိတ် ဘရိတန် အိုင်ယာလန် ဗုဒ္ဓဘာသာ အသင်းကြီးနှင့်၎င်း ဆက်သွယ်ကာ နိုင်ငံရပ်ခြား တိုင်းတပါး သို့  ပိဋကတ်တော်များ ပြန့်ပွားရေးအတွက် ကြိုးစားတော်မူခဲ့သည်။
ယနေ့အချိန်တွင် ပိဋကတ်သုံးပုံကို အင်္ဂလိပ် ဘာသာဖြင့် လေ့လာနိုင်ကြသည်ကား လယ်တီဆရာတော်ကြီး၏ ကျေးဇူး မကင်း ပေ။

စာပေပါရဂူ ( D. Lit ) ဘွဲ့ ရရှိတော်မူခြင်း

၁၂၈၃ ခုနှစ် နတ်တော်လတွင်  ရန်ကုန်တက္ကသိုလ်ကျောင်းကြီး ဖွင့်လှစ်သည့်အထိမ်းအမှတ်အဖြစ်  တက္ကသိုလ် အဓိပတိ ဖြစ်သူ မြန်မာပြည် ဘုရင်ခံက (  Doctor Of Literature )  စာပေအရာတွင် ပါရဂူ ဒေါက်တာဘွဲ့ကို ချီးမြှင့်ဆက်ကပ်သည်ကို လက်ခံတော်မူခဲ့၏။

တစ်ဘ၀ခန္ဓာ သိမ်းတော်မူခြင်း

 ၁၂၈၅  ခုနှစ်၊ ပထမ၀ါဆိုလပြည့် ဗုဒ္ဓဟူးနေ့တွင် သက်တော် ( ၇၃ ) နှစ်အရောက် ပျဉ်းမနားမြို့၌ သီတင်းသုံးတော်မူစဉ် တစ်ဘ၀ခန္ဓာ သိမ်းတော်မူခဲ့သည်။ 

 ၁၀ နှစ်သားအရွယ်တွင် ဘုန်းကြီးကျောင်းသားအဖြစ် အပ်နှံကြစဉ်

 လယ်တီဆရာတော်လောင်း သိမ်တက် ရဟန်းခံခဲ့ရာ သိမ်တော်ကို ယနေ့ခေတ်အနေအထားအရ တွေ့မြင်ရပုံ 

 သိမ်ဧရိယာ ကန့်သတ်ထားရာ သိမ်ငုတ်တွေကိုလည်း ယနေ့အချိန်အထိ တွေ့မြင်ရသည်မှာ အံ့လောက်စရာပါပေ

 ပါရမီ ဒီပနီကျမ်းကနေ စာရေးခြင်းကို စတင်လိုက်တာ လျှပ်စစ်မီးမရှိခင် ဒီလို ဒီလို ဇွဲနဲ့ ကျမ်းပြုခဲ့ရတာ ကြည်ညိုဖွ ယ်ကောင်းလှပါဘိ

တောရမှီ ရသေ့တို့အားလည်း ဓာတ်ကမ္မဋ္ဌာန်းတရားများ သဘောတရားများကို ဟောကြားပေးနေပုံ
မြန်မာနိုင်ငံ ဗြိတိသျှ အင်္ဂလိပ်လက်အောက် ရောက်ပြီးနောက် နွားသား မစားရေး တရားများ ဟောနေစဉ် နွားကို ဆုံးမနေသော ယောကျာင်္းတစ်ယောက်အား နွားဝှေ့ခံနေရစဉ်
မုံရွာမြို့တွင် ဆုတောင်းပြည့်ဘုရားကြီးတည်စဉ် ကြီးကြပ်နေတော်မူပုံ
စိုင်ပြင်ကြီး ရွာရှိ  လယ်တီဗိမာန် တော်ကို အရှေ့ဘက်မှ တွေ့မြင်ရပုံ

ဗိမာန်အရှေ့ဘက်မှ အတ္ထုပ္ပတ္တိ ကျောက်စာ ထားရှိရာ အဆောင် 
ဗိမာန်တော်ကြီး အတွင်းဘက်မှ မြင်ကွင်းတစ်နေရာ ဆရာတော်ကြီး ပုံတူရုပ်တု
ဆရာတော်ကြီး ရဟန်းဘောင်တက်ခဲ့ရာ သိမ်အတွင်းမှ အသက်ထင်ရှားရှိစဉ် သွားလေရာ သယ်ဆောင်သွားသော ခရီးဆောင် ကျွန်းသား သေတ္တာလေးပါ၊ အထက်က မှန်ဗီရိုထဲမှာ လက်ရေးမူ ဒီပနီကျမ်းပေါင်း များစွာ ကို တရိုတသေ သိမ်းဆည်းထားဆဲရှိသေးတယ်၊ စာအုပ်တွေများစွာ ဓာတ်ပုံရိုက်ခဲ့သော်လည်း ဓာတ်ပုံများ များပြားနေသောကြောင့် အနည်းငယ်ကိုသာ တင်လိုက်ပါသည်။
အိုင်တီ မထွန်းကားသေးတဲ့ နှစ်ပေါင်း ၁၆၀ ကျော်က ဒီလို ကညစ်တံကို သုံးပြီး စာရေးခဲ့ရသတဲ့။ 
 သမိုင်းတွင်မည့် သူများကား အများနှင့်မတူအောင် ခန္ဓာကို မညှာမတာ ခိုင်းကာ အလုပ်လုပ်ခဲ့ကြသည်သာ 
ယနေ့ခေတ် လယ်တီသာသနာ့ဗိမာန် တည်ရှိရာ စိုင်ပြင်ကြီး ရွာရှိ အ၀င်မုဒ်ဦး 
 The Inscription Of Le Di Sayadaw's  Biography by English 
သမိုင်းဝင် လယ်တီဆရာတော်ဘုရားကြီး၏ အကြောင်းအရာများ အထောက်အထားများကို ခရီးသွားရင်း တတ်နိုင် သလောက် ပြည့်စုံအောင် မှတ်တမ်းတင်ထားခြင်းသာ ဖြစ်ပါသည်။  အချက်အလက်များ ချွတ်ချော်လွဲမှားနေမှု၊ မပြည့်စုံမှုများ ရှိပါက စာရေးသူ၏ ညံ့ဖျင်းမှုသာဖြစ်ပါသည်။  ဆောင်းပါးနှစ်ပုဒ်လုံး ဖတ်ပါမှ စပ်ဆက်မိလိမ့်မည် ဟု စေတနာစကား ပါးရင်း နိဂုံးချုပ်ပါရစေ။ 
ပထမပိုင်း ဆောင်းပါးကို ဤနေရာတွင် ကလစ်ကြည့်နိုင်ပါသည်။ 

မေတ္တာဖြင့် 
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date.16.Jun . 2011


No comments:

Post a Comment