“ ပညာရဲ့ တန်ဖိုးကို နားလည်သူဟာ ပညာရေးကို တန်ဖိုးထားလေ့ ရှိတတ်တယ် ” ဆိုတဲ့ ရှေးရှေး ပညာရှိများရဲ့ စကားကို ကြားယောင်မိရင်း ဒုတိယအကြိမ်မြောက် ဓမ္မစာအုပ်များ လှူဒါန်းပွဲကို ဆက်လက် အကောင်အထည် ဖော်ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သာမဏေကျော် အလင်္ကာရ စာမေးပွဲ ပထမနှစ် သမား ကိုရင် အပါး ( ၂၀ ) နှင့် ဓမ္မာစရိယတန်း နှင့် အဘိဝံသ စာမေးပွဲ ဖြေဆိုနေကြသော ရဟန်းတော် ( ၂၉ ) ပါး အပါအ၀င် အားလုံး ( ၄၉ ) ပါး အတွက် စာအုပ်ပေါင်း ၄၉ အုပ်ကို လှူဒါန်းဖြစ်ခဲ့တယ်။
ဓမ္မစာအုပ်များ လှူဒါန်းပုံ နည်းစနစ် ..
စာရေးသူ မြန်မာနိုင်ငံမှာ သီတင်းသုံးစဉ်က စေတနာ သဒ္ဓါတရား ထက်သန်သူ၊ စာသင်သား ကိုရင်ငယ်များ၏ ငွေကြေးအခက်အခဲကို နားလည်ကြသူ၊ ဒကာ ဒကာမတို့က ဘုန်းကြီးကျောင်း များမှာ ပိဋကတ်သုံးပုံ စာအုပ်များ လှူဒါန်းလိုပါတယ် ဆိုပြီး ပါဠိတော် စာအုပ်ပေါင်း အုပ်ရေ ( ၄၀ ) တိတိ လှူဒါန်းလိုက်ကြတယ်၊ နောက်တစ်ဦးကလဲ လှူလိုပါတယ် လျောက်ထားပြီး နောက်ထပ် တစ်စုံ အုပ်ရေ လေးဆယ် လှူလိုက်ပြန်ရော၊ ဒီလိုနဲ့ စာသင်တိုက်တွေ ရိပ်သာတွေ မကျန် ကျောင်းတိုင်းနီးပါးမှာ ပိဋကတ် သုံးပုံ စာအုပ်တွေ ၄ စုံ ၅ စုံမက ပုံအောနေတယ်၊ နောက်ဆုံးမှာ ချကိုက် မှိုတက်နေတတ်တယ်၊ အနည်းစုသော ကျောင်းတွေမှာတော့ သံဃာတွေကို မဲစနစ်နဲ့ ခွဲပေးတာ ရှိတတ်တယ်၊
သို့သော်လည်း သံဃာတွေ လက်တွေ့ အသုံးလိုနေတာက ၀ိနည်းငါးကျမ်း ဆိုပါတော့၊ မဲချလို့ ကိုယ့်လက်ထဲ ရောက်လာတာက အဘိဓမ္မာ စာအုပ်တွေ ဘာမှ လုပ်လို့ မရဘူး၊ ဆိုလိုတာက စာသင်သားတွေ လိုအပ်နေတဲ့ စာအုပ်နဲ့ ရလိုက်တဲ့ စာအုပ်တို့ အသုံးမတည့်ဖြစ်နေတယ်။ ဒီအခက်အခဲကို ဖြေရှင်းပေးလိုတာကြောင့် စာသင်သား သံဃာတွေဆီကို လက်ရှိ လိုအပ်နေတဲ့ စာအုပ်များကိုသာ စာရင်းပေးပါဘုရား ဆိုပြီး စာရင်းတောင်းထားလိုက်တယ်၊
ကိုယ်က အုပ်ရေ ( ၁၀၀ ) လှူဒါန်းနိုင်ရင် အပါး ၅၀ စာ သူတို့လိုအပ်နေတဲ့စာအုပ်အတွက် တပါးကို ( ၂ ) အုပ်နှုံးပေါ့။ အခု တစ်ကြိမ်မှာလည်း စုစုပေါင်း ( ၄၉ ) ပါးစာအတွက် သူတို့ လိုအပ်နေလို့ စာရင်းပေးလိုက်တဲ့ စာအုပ်ပေါင်း ၄၉ အုပ် ကို အစီအစဉ်တကျ လှူဒါန်းနိုင်ဖို့ စာရေးသူက ညွန်ကြားပေးခဲ့ပါတယ်။ အဲဒီအတွက် ကိုယ်တိုင်လဲ ပညာပါရမီ ဖြည့်ဆည်းပူးရာ ရောက်တယ် လို့ ခံယူရင်း အတိုင်းမသိ ၀မ်းသာမိတယ်။
နောက်တကြိမ်အတွက် လှူဒါန်းဖို့ အလှူရှင်က မေးလာတဲ့အခါ စာရေးသူက ဘယ်လောက်တတ်နိုင်မလဲ၊ ဘယ်လောက် မှန်းထားသလဲ ဆိုတာ သိရပါမှ အဲဒီ တတ်နိုင်မယ့် ငွေ အင်အားကို ကြည့်ပြီး လှူဖို့ နေရာ ရွေးပါမယ် လို့ ဖြေလိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံမှာက တစ်ချို့ စာသင်တိုက်ကြီးတွေမှာ သံဃာအပါး တစ်ရာ နှစ်ရာ သုံးရာ လေးရာ ငါးရာ စသည်ဖြင့် အပါးရေ ၁ ထောင်၊ ၂ ထောင် အထိ သီတင်းသုံးနေထိုင်ကြပါတယ်။ အဲဒီထဲကမှ ကိုယ့်ငွေအင်အား နဲ့ သင့်တော်မယ့် ကျောင်းကို ရွေးချယ်ပြီး ဒါန အထမြောက်အောင် လှူဒါန်းမယ် ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ပါ။
ဒီလို ဓမ္မစာအုပ်များ လှူဒါန်းမှုနဲ့ ပက်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာစေဖို့ ဓမ္မနန်းတော် ပညာရေးဆိုင်ရာ ဓမ္မစာအုပ်များ လှူဒါန်းရေး အသင်း ဆိုပြီး စာရေးသူ ဒိုမိန်းတစ်ခု လက်ခံထားပါတယ်၊ အမှန်အတိုင်း ၀န်ခံရလျင် ပညာပါရမီဖြည့်ဆည်းကာ ကုသိုလ်ကို ရယူလိုပါတယ်၊ ငွေရေး ကြေးရေး နှင့် ပက်သက်သော ကိစ္စများတွင်တော့ မပက်သက်လိုပါ။ အလှူဒါနမြောက်ဖို့အတွက် ဦးဆောင်သူ ညွှန်ကြားသူ အနေဖြင့်သာ ရပ်တည်လိုပါတယ်။
ပညာသည် လူ၏ မျက်လုံး
ပညာ သမာ အာဘာ နတ္တိ၊
ပညာ နှင့် တူသော အလင်းရောင်သည် မရှိ၊
သိပ္ပါ သမံ ဓနံ နတ္တိ၊
ပညာနှင့်  နှိုင်းယှဉ်နိုင်သော ဥစ္စာလည်း မရှိပေ၊
သိပ္ပံ စောရာ န ဂဏှန္တိ၊
ပညာကို ဘယ်လို သူခိုးတွေ ဓားပြတွေကမှ ခိုးယူ တိုက်ယူလို့ မရနိုင်။
ဣဓ လောကေ သိပ္ပံ မိတ္တံ၊
ပရလောကေ သုခါဝဟံ။
ပညာသည် ယခုမျက်မှောက်ဘ၀၌ မိတ်ဆွေစစ် ဖြစ်ပြီး တမလွန် ဘ၀မှာလည်း ကောင်းရာသုဂတိ ချမ်းသာကို ပို့ဆောင်ပေးနိုင်၏၊
စသော ပညာနှင့် ပက်သက်သော အဆိုအမိန့်များ မြောက်များစွာ ရှိပါသည်။ အဘယ့်ကြောင့် ပညာကို ဤမျှအထိ ဖွင့်ဆို အမွှန်းတင်နေကြသနည်း ဟူမူကား Wisdom is an eyes of man ပညာဆိုတာ လူတစ်ယောက် ရဲ့ မျက်လုံးလိုပဲ၊ အသိပညာ ဗဟုဿုတ ကြွယ်ဝသူဟာ ကုသိုလ် အကုသိုလ်၊ ကောင်းတာ မကောင်းတာ၊ သင့်တော်တာ မသင့်တော်တာ စသည်အားဖြင့် ခွဲခြားနိုင်တာကြောင့် ပစ္စုပ္ပန်ဘ၀မှာသာမက နောင်တမလွန် ဘ၀နှင့် နိဗ္ဗာန် အထိပါ ပို့ဆောင်ပေးနိုင်စွမ်းရှိကြောင်း ဗုဒ္ဓစာပေများ၌ လေ့လာ တွေ့ရှိရ၏။
ယနေ့ကမ္ဘာကို အသိပညာ ဗဟုဿုတ ကပင် ဦးဆောင်နေသည် ဆိုလျင် လွန်မည်မထင်ပါ၊ ထိုအသိပညာကပင် မိမိတို့ ဘ၀ သံသရာအတွက် ပါရမီထိုက်သော ဒါနများကို လှူဒါန်းနိုင်ဖို့ တွန်းအားပေး နိုင်ပါလိမ့်မည်။
ပရမာနံ ကမ္မံ ပါရမီ -
( လောက၌ သူတော်ကောင်းတို့ လုပ်သမျှ အလုပ်သည် ပါရမီထိုက်သည်သာ ဖြစ်၏ )
ပရမာနံ အယံ ပါရမီ -
ပါရမီထိုက်သော အလုပ်များသည်လည်း မြင့်မြတ်သော သူတော်ကောင်းတို့ အတွက်သာ ဖြစ်၏၊
( လောက၌ သူတော်ကောင်းတို့ လုပ်သမျှ အလုပ်သည် ပါရမီထိုက်သည်သာ ဖြစ်၏ )
ပရမာနံ အယံ ပါရမီ -
ပါရမီထိုက်သော အလုပ်များသည်လည်း မြင့်မြတ်သော သူတော်ကောင်းတို့ အတွက်သာ ဖြစ်၏၊
ဆိုလိုသည်မှာ လူတို့ လှူဒါန်းကြသော ဒါနအမျိုးအစား များစွာရှိသော်လည်း စိတ်ထားတတ်ဖို့ နေရာဒေသ၊ အချိန်အခါ၊ အလှူပစ္စည်း၊ အလှူခံ ပုဂ္ဂိုလ်တို့၏ လိုအပ်ချက် စသည် စသည်ကို သိရှိနားလည်ကာ လှူဒါန်းပါလျင် ထိုထိုဒါနတို့က အကျိုးပေးသော အခါမှာလည်း မိမိတို့ လိုအပ်နေချိန်မှာသာ အကျိုးပေးလာတတ်၏။
လိုအပ်သောအချိန်အခါ၌ ဒါနအကျိုးပေးခြင်း ဟူသည် - ဥပမာ - ငယ်ရွယ်စဉ် ကျမ္မာရေး ကောင်းနေဆဲ အာရုံငါးပါးကို ခံစားနိုင်ဆဲမှာ ဒေါ်လာ သန်းပေါင်း များစွာပိုင်ဆိုင်နေလျင် ဘ၀အဓိပ္ပါယ် သည် ပြီးပြည့်စုံပြီ ဟု မှတ်ထင်နိုင်သော်လည်း ကျမ္မာရေး မကောင်းပါမှ အဆုံးဆုံးအခြေအနေဖြစ်သော မသွားနိုင် မလာနိုင် မစားနိုင် နာတာရှည်ရောဂါမျိုး ( လေဖြတ်ထားခြင်းမျိုး ) ခံစားနေရပါမှ ဒါနက အကျိုးပေးကာ ပိုက်ဆံတွေ ချမ်းသာနေမည်ဆိုလျင် မျှော်မှန်းထားသလောက် လူ့ဘ၀သည် အကျိုးမများ နိုင်တော့ပေ။ ကာလဒါနသည် ထိုသို့သော အခြေအနေကို ရှောင်လွှဲနိင်၏ ဟု ဗုဒ္ဓမြတ်စွာ ဟောကြားထားခဲ့ပါသည်။
ယခု ဒုတိယအကြိမ်မြောက် အလှူငွေ ( ၂ ၅၀၀၀၀ ) ကျပ်ဖိုး ဓမ္မစာအုပ်များ လှူဒါန်းသော ဒေါ်မြကြေးမုံ ၏လှူဒါန်းမှုများအား မှတ်တမ်းတင်ရင်း အလှူရှင်နှင့်တကွ အားလုံးသော သူတော်ကောင်းများ ၀မ်းမြောက်စေဖို့ ဖော်ပြကာ နိဂုံးချုပ်ပါမည်။
ဓမ္မာစရိယတန်း နှင့် အဘိဝံသ စာမေးပွဲ ဖြေဆိုနေကြသော ဦးဇင်းများအတွက် လှူဒါန်းသောစာအုပ်စာရင်း
၁။ မာတိကာဓါတုကထာ(၇၅)ကျမ်းတွဲ -၂အုပ် (တစ်အုပ် -၈၀၀၀)
၂။ မစိုးရိမ်ရူပသိဒ္ဓိ အဖြေ - ၂အုပ် (တစ်အုပ် -၃၀၀၀)
၃။ မစိုးရိမ်အဋ္ဌသာလိနီအဖြေ - ၃အုပ် (တစ်အုပ် -၇၀၀၀)
၎။ ဆရာတော်ဦးဇနက၏တဘ၀သံသရာ -၂အုပ် (တစ်အုပ်-၄၅၀၀)
၅။ သပြေကန်တရားပေါင်းချုပ် -၁အုပ် (တစ်အုပ်-၆၀၀၀)
၂။ မစိုးရိမ်ရူပသိဒ္ဓိ အဖြေ - ၂အုပ် (တစ်အုပ် -၃၀၀၀)
၃။ မစိုးရိမ်အဋ္ဌသာလိနီအဖြေ - ၃အုပ် (တစ်အုပ် -၇၀၀၀)
၎။ ဆရာတော်ဦးဇနက၏တဘ၀သံသရာ -၂အုပ် (တစ်အုပ်-၄၅၀၀)
၅။ သပြေကန်တရားပေါင်းချုပ် -၁အုပ် (တစ်အုပ်-၆၀၀၀)
၆။ မိလိန္ဒ ပဥှာ မြန်မာပြန် -၁အုပ် (တစ်အုပ် -၃၀၀၀)
၇။ ဆရာတော်ဦးဇနက၏တစ်ဘ၀သာသနာ -၄အုပ် (တစ်အုပ် - ၆၅၀၀)
၈။ သာရတ္ထဒီပနီ ဋီကာ ပတွဲ -၁အုပ် (တစ်အုပ် -၅၅၀၀)
၉။ ၀ိသုဒ္ဓါရုံပုဒ်စစ်ဂဏ္ဍိ -၁အုပ် (တစ်အုပ် -၅၅၀၀)
၁၀။ ညီတော်အာနန္ဒာ တစ်သက်တာမှတ်တမ်း ပ.ဒု -၂အုပ် (တစ်အုပ် -၄၀၀၀)
၈။ သာရတ္ထဒီပနီ ဋီကာ ပတွဲ -၁အုပ် (တစ်အုပ် -၅၅၀၀)
၉။ ၀ိသုဒ္ဓါရုံပုဒ်စစ်ဂဏ္ဍိ -၁အုပ် (တစ်အုပ် -၅၅၀၀)
၁၀။ ညီတော်အာနန္ဒာ တစ်သက်တာမှတ်တမ်း ပ.ဒု -၂အုပ် (တစ်အုပ် -၄၀၀၀)
၁၁။ ဆန္ဒော သာရတ္ထ ဒီပကကျမ်း ကြက်ခတ်ဝိုင်း -၁အုပ် (တစ်အုပ် -၅၀၀၀)
၁၂။ ရူပသိဒ္ဓိ ရှင်းတမ်း -၁အုပ် (တစ်အုပ်-၅၀၀၀)
၁၃။ ပါရာဇိကပါဠိ -၁အုပ် (တစ်အုပ် -၅၀၀၀)
၁၄။ ဘာသာဋီကာလမ်းညွှန် -၁အုပ် (တစ်အုပ် -၆၀၀၀)
၁၅။ သဒ္ဒါ ကြီးရှစ်ဆောင် စွယ်စုံအဖြေကျမ်း ၃အုပ် (တစ်အုပ် -၅၀၀၀)
၁၆။ ပဏ္ဍိတဝေဒနီယ ဒီပနီ -၁အုပ် (တစ်အုပ် -၃၅၀၀)
၁၇။ သီတဂူဆရာတော် ဦးဥာဏိဿရ၏ သက္ကပဥှသုတ္တန် ၁အုပ် (တစ်အုပ် ၄၀၀၀)
၁၈။ ပါတိမောက် ရှင်းတမ်း -၁အုပ် (တစ်အုပ် -၅၀၀၀)
၁၂။ ရူပသိဒ္ဓိ ရှင်းတမ်း -၁အုပ် (တစ်အုပ်-၅၀၀၀)
၁၃။ ပါရာဇိကပါဠိ -၁အုပ် (တစ်အုပ် -၅၀၀၀)
၁၄။ ဘာသာဋီကာလမ်းညွှန် -၁အုပ် (တစ်အုပ် -၆၀၀၀)
၁၅။ သဒ္ဒါ ကြီးရှစ်ဆောင် စွယ်စုံအဖြေကျမ်း ၃အုပ် (တစ်အုပ် -၅၀၀၀)
၁၆။ ပဏ္ဍိတဝေဒနီယ ဒီပနီ -၁အုပ် (တစ်အုပ် -၃၅၀၀)
၁၇။ သီတဂူဆရာတော် ဦးဥာဏိဿရ၏ သက္ကပဥှသုတ္တန် ၁အုပ် (တစ်အုပ် ၄၀၀၀)
၁၈။ ပါတိမောက် ရှင်းတမ်း -၁အုပ် (တစ်အုပ် -၅၀၀၀)
ပေါင်း ငွေ-(၁၅ ၄၅၀၀)
------------------------------------------
------------------------------------------
သံဃာတော်များ ဘုရားဝတ်တက် ၀တ်ကပ် စာကျက် စာအံကျောင်းတက်ရာ ၀ဋံသကာ စာချဗိမာန်တော် အလယ်ဓမ္မာရုံကြီးပုံပါ
သာမဏေကျော် အလင်္ကာရ စာမေးပွဲ ပထမနှစ်သမား ကိုရင် အပါး ( ၂၀ ) အတွက် စာအုပ်ရေ (၂၀)အုပ်
တန်ဖိုးငွေပေါင်း ( ၆၂၀၀၀ )
ကိုရင်ငယ်များအတွက် ကုန်ငွေ = ၆၂၀၀၀ ကျပ်
ဦးဇင်းများအတွက် = ၁၅,၄၅၀၀
စုစုပေါင်း စာအုပ် လှူဒါန်းငွေ = ၂ ၁၆ ၅၀၀ ကျပ်၊
ကားခ ပထမအကြိမ်လှူဒါန်းမှု အပါဝင် = ၃ ခေါက် ၁၈၀၀၀ ကျပ်
ဆိုင်ကယ် ကယ်ရီခ ၁ ခေါက် ၂၀၀၀ ကျပ်
ကိုရင်ငယ်များအတွက် ကုန်ငွေ = ၆၂၀၀၀ ကျပ်
ဦးဇင်းများအတွက် = ၁၅,၄၅၀၀
စုစုပေါင်း စာအုပ် လှူဒါန်းငွေ = ၂ ၁၆ ၅၀၀ ကျပ်၊
ကားခ ပထမအကြိမ်လှူဒါန်းမှု အပါဝင် = ၃ ခေါက် ၁၈၀၀၀ ကျပ်
ဆိုင်ကယ် ကယ်ရီခ ၁ ခေါက် ၂၀၀၀ ကျပ်
အလှူရှင် လှူဒါန်းငွေ - ၂ ၅၀၀၀၀ ကျပ်
စုစုပေါင်း ကုန်ငွေ - ၂, ၃၆၅၀၀ ကျပ်၊
ကျန်ငွေ - ၁၃၅၀၀ ကျပ်
စုစုပေါင်း ကုန်ငွေ - ၂, ၃၆၅၀၀ ကျပ်၊
ကျန်ငွေ - ၁၃၅၀၀ ကျပ်
ယင်းကျန်ငွေကို သံဃာတော်များ ဘုရားဝတ်တက် ၀တ်ကပ် စာအံကျောင်းတက်ရာ ၀ဋံသကာ ဓမ္မာရုံကြီးပေါ်ရှိ ဘုရားခန်းအတွက် ဘုရားပန်းဖိုး အဖြစ် လှူလိုက်ပါသည်။
သိတတ် နားလည်ချိန်မှ စ၍ ဤယနေ့အထိ လှူဒါန်းခဲ့ပြီးသမျှ ကုသိုလ်ဒါန အားလုံးတို့၏ အဖို့ဘာဂကို သတ္တ၀ါ အားလုံးအား အမျှ အမျှ ပေးဝေပါ၏ -
မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date. 14.Jun.2011
No comments:
Post a Comment