အော် ဒါတွေကို မမြင်စေချင်လို့ စောစောက နယ်စပ်ဂိတ်ပေါက်မှာ နိုင်ငံသားတွေကိုပဲ ၀င်ခွင့်ပေးတယ် လို့ ဆိုတာကိုး၊ သူတို့ကလဲ ပြောပါတယ်၊နောက်များမှာတော့ ဘယ် နိုင်ငံခြားသား ကိုမှ ၀င်ခွင့်မပြုတော့ဘူး တဲ့၊ အရှင်ဘုရားတို့ကိုတော့ ပထမဆုံးအကြိမ်ဖြစ်တာမို့ အခွင့်အရေးအနေနဲ့ ခွင့်ပြုလိုက်မယ် ဆိုပဲ၊ စာရေးသူတို့ကလဲ ဘယ်ရမလဲ ၊ ဇွဲကိုတော့ တော်တော်နဲ့ မလျော့ဘူးလို့ ဆုံးဖြတ်ထားတယ်၊
ဘယ့်နှယ် ကိုလံဘို မြို့နေ အဝေးကြီး အိပ်ရေးပျက်ခံ အပင်ပန်းခံပြီး လာခဲ့ရတာ၊ ချက်ချင်းပဲ - မ၀င်ခိုင်းဘူး ဆိုရုံနဲ့ လက်လျော့နိုင်ပါ့မလား၊ နည်းမျိုးစုံနဲ့ ရအောင် ကြိုးစားကြမယ်လို့ တိုင်ပင်ပြီး ဘာတွေ လိုအပ်သလဲ - ဘာကြောင့် ၀င်ခွင့်မပေးသလဲ -ငါတို့က ဘုရားဖူးချင်ရုံ သက်သက်ပါ၊ ကျန်တာတွေ တို့ စိတ်မ၀င်စားပါဘူးပေါ့၊ လိုအပ်တာတွေ အားလုံးကို ငါတို့ကလဲ တတ်နိုင်သလောက် လိုက်လျောမှာပါ - ဆိုပြီး နားလည်အောင် ပြောပြရတယ်၊
၁ နာရီ ခွဲနီးပါး ဂိတ်ပေါက်ဝ မှာ တဖွဲ့လုံး ဇွဲကောင်းကောင်းနဲ့ စောင့်နေတာကို မြင်တော့ အင်း ဒီ ဘုရမာ ဟာမူသရူး တွေ တော်တော် ခက်တာပဲ၊ ငါတို့ ၀င်ခွင့်မပေးမချင်း ဆက်လက် စောင့်နေကြမဲ့ ပုံဟန်ရှိတယ်၊ မဖြစ်ပါဘူး လို့ တွေးမိဟန် တူတယ်၊ နောက်ဆုံးတော့ ဆန္ဒ၀တော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဆန္ဒရှိရင် ဘာမဆို ဖြစ်နိုင်တယ်၊ ချွင်းချက်အနေနဲ့ ဖြစ်နိုင်မယ့် နည်းလမ်းဥာဏ်၊ အားထုတ်မှု့ ၀ိရိယကိုတော့ အစွမ်းကုန် အသုံးချ၇မယ်ပေါ့၊ တော်ကြာ ဆန္ဒ ရှိပါတယ်ကွာ ဆိုပြီး ဘာမှ မလုပ်ပဲ ထိုင်နေ အိပ်နေရင်တော့ ငတ်သေရုံပဲ ရှိမှာ၊ နောက်ဆုံးတော့ စာရေးသူတို့ရဲ့ ဆန္ဒကို သူတို့ လိုက်လျောပေးပြီး ခွင့်ပြုတဲ့ အတွက် မြန်မာက အနိုင်ရတယ် ပေါ့၊
(သီဟိုဠ်စကားအရ Burma -ဘုရမာ ဆိုတာ ဗမာ၊ ဟာမူသရူးက ဘုန်းကြီး တွေကို ခေါ်ပါတယ်)
အဲဒီ နယ်စပ်မြို့ ဂျက်ဖနာ Jaffna ကို ဖြတ်ပြီးမှ နာဂဒီပ ကျွန်းကို သွားရမှာကိုး၊ ကားမောင်းချိန် ညတ၀က် နဲ့ တနေ့နီးပါး မောင်းပြီးမှ ကျွန်းဆွယ်လေးကို မော်တော်နဲ့ တတန် သွားကြပြီး ခြေချနိုင်ကြပါတယ်၊ တကယ်တော့ ခရီးက အဲဒီလောက် မဝေးပါ၊ လမ်းမကောင်းတာကြောင့် အချိန်မကုန်သင့်ပဲ ကုန်နေရတာပါ။ ၂၅ ရက်နေ့ညအိပ်အမှီ နာဂဒီပ ကျွန်းဆွယ်လေးပေါ်ကို ခြေချနိုင်ခဲ့ပါတယ်။
ဦးရီးတော် မဟောဒရ နဂါးမင်းနဲ့ တူတော် စူဠောဒရ နဂါးမင်းတို့ရဲ့ပတ္တမြားပလ္လင်ကို အကြောင်းပြုဖြစ်သော နဂါးစစ်ပွဲကြီးဝယ် ၂ယောက်လုံး တရားထူးရနိုင်တာကို မြတ်စွာဘုရားက မနက်လင်းခါနီးအချိန် သဗ္ဗညုတ ဥာဏ်တော်နဲ့ ( တနည်းအားဖြင့် ) သတ္တ၀ါတို့ရဲ့ တရားထူး ရနိုင် မရနိုင်တာကို သိမြင်နိုင်ခြင်း ဣန္ဒြိယ ပရောပရိယတ္တိဥာဏ် ( ဥပမာ ) ဒီလူကို ဒီအချိန် ဘယ်လို တရားအမျိုးအစားနဲ့ ငါဘုရားဟောတော်မူလိုက်ရင် တရားထူး၇သွားနိုင်တယ် လို့ တထစ်ချ သိနိုင်တာမျိုးပါ၊ ဒီဥာဏ်မျိုးကလဲ မြတ်စွာဘုရားတွေ သာ သိနိုင်မြင်နိုင်ပါတယ်။
ဒီလို ဥာဏ်တော်မျိုးနဲ့ ကြည့်တော်မူပြီး တပါးတည်း နာဂဒီပကျွန်းကို ကြွတော်မူပါတယ်၊ အဲဒီ ကြွခြင်းသည်ပင် သီဟိုဠ်ကျွန်းသို့ သာသနာ ပြန့်ပွားခြင်းအကြောင်းပါပဲ၊
မြတ်စွာဘုရား ဘုရားဖြစ်တော်မူပြီး ပထမ၀ါမှာ ဗာရာဏသီ မိဂဒါဝုန် မှာပဲ ၀ါဆိုတော်မူပြီးဝါတွင်းမှာ ဥရုဝေလ ရသေ့ ညီနောင် တွေကို တန်ခိုးအမျိုးမျိုးပြ ချေချွတ်တော်မူပြီး ၀ါကျွတ်ချိန် ပြာသိုလပြည့်နေ့မှာ ပထမအကြိမ်၊ ဘုရားဖြစ်ပြီး ငါးဝါမြောက် မှာ နာဂဒီပ ကျွန်းကို တကြိမ် ကြွတော်မူတယ် လို့ သိရပါတယ်၊
ထို ဘီလူးတွေ နတ်တွေသာ ပါတဲ့ တရားပွဲမှာ သုမနကူဋ ( သမန္တကူဋ ) တောင်တော်မှာ နေတဲ့ သုမန နတ်မင်းလည်း သောတာပန်တည် တရားထူးရသွားတာကြောင့် ကိုးကွယ်ဖို့ မွေတော်ဓာတ်တော် တောင်းတဲ့ အခါမှာ မြတ်ဘုရားက ဆံတော်တဆုပ် ပေးသနားတော်မူခဲ့တယ်၊
အဲဒီဆံတော်ကို ဋ္ဌာပနာပြီး ယခုအခေါ် မဟိန္ဒလေ့တောင်ပေါ်မှာ မဟိယင်္ဂဏ စေတီ ရယ်လို့ တည်ထားတော်မူခဲ့တဲ့ အတွက် သီဟိုဠ်စေတီ အစ မဟိယင်္ဂဏ က လို့ ဆိုရပါမယ်၊ ဘာပဲဖြစ်ဖြစ် ခက်ခဲပင်ပန်းစွာ သွားရောက်လေ့လာခဲ့ရတဲ့ ခရီးအတွက် ပင်ပန်းပြီး ၀မ်းသာစရာ ၀မ်းနည်းစရာ အားလုံး ပေးစွမ်းနိုင်တာကြောင့် ဗီဘစ္ဆရသ သန္တရသ တွေများစွာ ခံစားခဲ့ရတယ် လို့သာ ဆိုပါရစေတော့ - -
ဖြစ်ပြီးရင် ပျက်ရမှာမှန်ပေမယ့် အချိန်မတန်ခင် ပျက်ဆီးကြရတဲ့ နေရာများ ၏ တစိတ်တဒေသ
နေ၀င်ခါနီး ကျွန်းပေါ်မှာ တညတာ
ဝေးလံတဲ့ ကျွန်းဆီကို လာရောက်ဖူးမျှော်ဖို့ မော်တော်ဆိပ်မှာတန်းစီနေကြတဲ့ ချစ်စရာ သီဟိုဠ်ပြည်သူတွေပါ
နေရာတိုင်းမှာတွေ့ရတတ်တဲ့ စစ်တလင်းပြင်အမှတ်အသား ဘန်ကာများ
မြတ်စွာဘုရားရှင် နာဂဒီပကျွန်းသို့ ပထမဆုံးအကြိမ်ကြွရောက် တရားဟောတော်မူဟန်
နာဂဒီပ ကျွန်းက အမှတ်တရ စေတီတော်
No comments:
Post a Comment