Wednesday, December 23, 2009

မဝေပြောပြသော ဥစ္စာစောင့် ကမ္ဘာ အပိုင်း ၎

မိန်းကလေးတွေက အထူးသဖြင့် စိတ်အားငယ်တတ်တယ်၊ ဒါကြောင့် ပြန်ခေါ်ရတာ လွယ်ကူတယ်ပေါ့ဘုရား၊
( ဤနေရာ၌ ဗဟုဿုတအဖြစ် စာပေအရ လူတိုင်း၌ ရှိနေသော ဟဒယ၀တ္ထု ခေါ် စိတ်နှလုံးက အားငယ်တတ်ရင် အထူးသဖြင့် ၀မ်းနည်းနေတဲ့ အခါမျိုးမှာ သစ္ဆေသရဲ ဘီလူး ပြိတ္တာ စုန်းစသော ပရလောကမှ ပုဂ္ဂိုလ်များက ၀င်ပူးရတာလွယ်ကူတယ်လို့ သိရပါတယ်။

ဒါကြောင့်စာဖတ်သူများအနေနဲ့စိတ်ဓာတ်ကိုခိုင်ခိုင်မာမာထားနိုင်ဖို့သိပ်အရေးကြီးပါတယ်၊ဒါကြောင့်ထင်ပါတယ်၊ အဲလို ၀င်ပူးတာတွေက ယောကျားလေးတွေကို မ၇ှိသလောက် မကြားရသလောက်ပါပဲ)

ယောကျားလေးတွေကတော့ စိတ်ဓာတ်ခိုင်မာပြီး တဇွတ်ထိုး လုပ်တတ်ကြတယ်ဆိုတော့ ဥစ္စာစောင့်ဘ၀ကို ပြန်ခေါ်ဖို့ ခဲယဉ်းတယ်၊ နောက်ပြီး မိန်းကလေးဘ၀နဲ့ လူ့ဘ၀ကို လွှတ်ရင်လဲ စည်းစိမ်ချမ်းသာတဲ့ မျိုးရိုးမှာ ဖြစ်ရင် ပင်ပင်ပန်းပန်း လုပ်ကိုင် စားစရာ မလိုဘူး၊ အားလုံးပြည့်ပြည့်စုံစုံ ပဲမို့ ကိုယ်လက်ခြေ အင်္ဂါ တခုခု ချို့ယွင်းနေတာပဲ ဖြစ်တတ်တယ်၊ ဒါမှ သာ အဲဒါကိုအကြောင်းပြုပြီး သူက စိတ်အားငယ်နေမယ်လေ၊ ဒါဆို အရင်ဘ၀ကို ပြန်ခေါ်ရတာ လွယ်သွားပြီပေါ့၊

တပည့်တော်တို့က ပြောလိုက်တယ်၊ လုပ်ကိုင်စားရင် စားရပါစေ၊ ခြေလက်အင်္ဂါပြည့်ပြည့်စုံစုံပဲ လိုချင်ပါတယ်ဆိုလို့ ပစ္စည်းဥစ္စာမပြည့်စုံဘူးပေါ့ဘုရား၊

အော် ဟုတ်လား - စိတ်ဝင်စားစရာပဲ -ဆက်ပြောပါအုံးလို့ ထောက်ခံပေးကြတယ်၊
ဒါနဲ့ပဲ တပည့်တော်နဲ့ ညီမလေး တို့ကို ယခုဘ၀ အမေဆီ ရောက်အောင် ဦးဦးမည်းမည်းကြီးက လူ့လောကဆီ ခေါ်လာတယ်၊ နောက်တော့ ယခုအမေ ဆီမှာ ပြိုင်တူ ၀င်စားလိုက်တယ်ဘုရား၊ ဒါကြောင့် ဒီဘ၀မှာတော့ အမွှာပူးညီမ နှစ်ယောက်ပေါ့။

ဒါဆို အရင်ဘ၀ကနေ သေပြီးမှ လူ့ဘ၀ကို လာရမှာပေါ့ နော၊ ခန္ဒာကိုယ်ကြီးကို ဘယ်လို လုပ်ထားခဲ့သလဲ - ပြော ပါအုံး ဆိုတော့ -

တင်ပါ၊ ဒီဘ၀ ကို သွားတော့မယ် ဆိုတာနဲ့ ခန္ဒာကိုယ်ကြီးကို အဲဒီမှာပဲ ထားခဲ့ရတယ်ဘုရား၊ အဲဒီ ခန္ဒာကိုယ်ကြီးက ရွှေတုံးရွှေခဲကြီးလိုပဲ မလှုပ်မယှက်ပဲ ကျန်ခဲ့တယ်။တကယ်လို့ တပည့်တော်တို့က ဒီလူ့ဘ၀ကနေ တဖန် ပြန်သွားရင် အဲဒီ အရင် ခန္ဒာကိုယ်မှာပဲ ပြန်ဝင်ရတယ်ပေါ့ ၊ အရင် နေခဲ့ ထားခဲ့တဲ့ အသက်အရွယ်အတိုင်း ပြန်ဖြစ်ရပါတယ်၊

ဥပမာ - အဲဒီဘ၀ မှာ ၂၅ နှစ်အရွယ်မှာ ရပ်ထားခဲ့ရင် ပြန်ဝင်ရင်လဲ ၂၅ နှစ်ကနေ ဆက်လက် နေသွားရမယ်ဘုရား၊ အခု တပည့်တော်က ၁၆ နှစ်အရွယ်မှာ ထားခဲ့တာဆိုတော့ ပြန်သွားရင် လူပျိုပေါက် အရွယ်ပဲပေါ့၊ တကယ်တော့ သိုက်ဆရာတွေက သိုက်ကြိုးဖြတ်ပေးတယ် ဆိုတာ အဲဒီ ရွှေရုပ်ထုကြီးကို ပျက်စီးသွားအောင် မီးရှို့ပစ်လိုက်တာပဲ၊ ဒါဆို ပြန်သွားစရာ မလိုတော့ဘူးပေါ့။ လွတ်လွတ်ကျွတ်ကျွတ် လူ့ဘ၀မှာနေနိုင်သွားပြီ၊ အမှန်အတိုင်း ပြောရရင် သူ့ဘက် ကိုယ့်ဘက်ပါအောင် လူကို လုယူကြတာပါ၊ လူအင်အား တောင့်တင်းအောင်ပေါ့ ဘုရား၊

အေး အေး ငါတို့ အတွက်တော့ ကြားရတာတွေက အထူးအဆန်းချည်းပါပဲ - ဖြစ်နိုင်ပါတယ်၊ ဒါဆို ဒီဘ၀မှာရော ဘာတွေ ထူးသေးသလဲ ပြောပြပါအုံး၊ ဥပမာ - သူတို့နဲ့ အဆက်အသွယ် ဘယ်လိုရသလဲ ဆိုတာ-

တင်ပါ - သိုက်က အကိုကြီးတယောက်က တပည့်တော်တို့ နောက်ကို အမြဲတမ်းလိုက်နေတတ်တယ်၊ ငယ်ငယ်တုံးက ဆိုရင် တောင်ပြုံးနတ်ပွဲလို ပွဲတွေ ရှိရင် သူတို့က လာခေါ်ကြတယ် အတူတူပျော်ရအောင်လို့ တဲ့ တော်တော်လဲ ပျော်စရာ ကောင်းတယ်၊
ဟင် ဘယ်လိုလာခေါ်တာလဲ မဝေတို့က ဘ၀ ခြားနေပြီလေ၊ နောက်ပြီး ကလေးတွေ ရှိသေးတာ ဘယ်လိုခေါ်မှာလဲ -

ဟုတ်ပါတယ် ကြားရရင် သိပ်အံ့သြနေမယ် ထင်တယ်၊ ကလေးဘ၀ တနေ့ညမှာပေါ့၊ သိုက်က သူငယ်ချင်းတွေက ပွဲတော်သွားရအောင် လာခေါ်ကြတယ်၊ တပည့်တော်တို့ကလဲ လိုက်မယ်ပေါ့ဘုရား၊ ညကျတော့ သူတို့ လာခေါ်တဲ့ အချိန်မှာ ညီမလေးက အမေ့ကို ကြောက်လို့ အမေ စိတ်ပူနေလိမ့်မယ် မလိုက်ချင်ဘူးတဲ့ ၊ တပည့်တော်က နှယောက်လုံးသွားမယ် မလိုက်လို့ မရဘူး ဆိုပြီး အတင်းခေါ်သွားတယ် -

ဘယ်လို သွားကြတာလဲ ဆိုတော့ - -
ခန္ဓာကိုယ်ကြီးတွေကို အိပ်ယာ ထဲမှာ ပစ်ထားခဲ့ပြီး ၀ိဥာဉ် တွေပဲ သွားတာလေ ၊ ပျော်တာ လွန်သွားလို့ မနက်လင်း အိပ်ယာ ထနေကျ အချိန်ထိ ညီမ ၂ ယောက်လုံး မထနိုင်သေးဘူး၊ အမေက အတင်းနှိုးတယ်။ ဒါပေမယ့် ခန္ဒာကိုယ်တွေက သာမာန်လူတွေလို အသက်မရှုတော့တဲ့ အတွက် အမေက ငါ့သမီးလေးတွေ သေသွားပြီ ထင်တယ် ဆိုပြီး အတင်း ငိုနေတာ တပည့်တော်တို့က တွေ့နေရတယ်၊
နောက်တော့ အဆင်ပြေသွားပါတယ်၊ သွားကြတော့လေ နင်တို့အမေက ငိုနေပြီ ဆိုပြီး နှင်လွှတ်လိုက်မှ နိုးလာကြတယ်၊ အဲဒီက စပြီး တပည့်တော်တို့ အမေက သိုက်က လာတယ် ဆိုတာ သတိထားမိသွားတယ်ဘုရား၊

ဆက်ပါအုံးမည် - - -

No comments:

Post a Comment