လာတုံးကလဲ တယောက်ထဲနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း၊
ပြန်သွားတော့လဲ တယောက်ထဲနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း၊
လာပြီးတော့နား မသွားသေးခင်
ချိန်လေးတွင်မှ
ဝန်းကျင်ယှက်နွယ် နှောင်ကြိုးတွယ်ကြ
ပြုံး ရယ် မဲ့ ငို ၊ ချစ် မုန်း ပိုကြ၊
မလို ဒေါသ ၊ လို လောဘနှင့်
ဘ၀ရိပ်မြုံ - က ကြိုး စုံခဲ့ ၊
ကံကုန်မိုးချုပ် - လက်တွဲဖြုတ်က ၊
သုတ်သုတ်ဆောလျှင် ခရီးနှင်သည်
ဒို့ပင် ‘’သံသရာ ဧည့်သည် ‘’ပါတကား။ ။
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း၊
ပြန်သွားတော့လဲ တယောက်ထဲနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း၊
လာပြီးတော့နား မသွားသေးခင်
ချိန်လေးတွင်မှ
ဝန်းကျင်ယှက်နွယ် နှောင်ကြိုးတွယ်ကြ
ပြုံး ရယ် မဲ့ ငို ၊ ချစ် မုန်း ပိုကြ၊
မလို ဒေါသ ၊ လို လောဘနှင့်
ဘ၀ရိပ်မြုံ - က ကြိုး စုံခဲ့ ၊
ကံကုန်မိုးချုပ် - လက်တွဲဖြုတ်က ၊
သုတ်သုတ်ဆောလျှင် ခရီးနှင်သည်
ဒို့ပင် ‘’သံသရာ ဧည့်သည် ‘’ပါတကား။ ။
ကုသိုလ်ကံထောက်မလို့ လူ့ဘ၀ရောက်လာကြတဲ့ သူတွေဟာ တိုတောင်းလှတဲ့ လူ့ဘ၀ သက်တမ်းလေးအတွင်းမှာ ကိုယ့်ဘ၀ကို အပျော်တွေကြူးပြီး မသေတော့မယ့်ပုံလို အချိန်တွေကို နည်းမျိုးစုံနဲ့ ကုန်အောင်သုံးနေကြတယ်၊
တကယ်တော့ လူ့ဘ၀ဆိုတာ နတ်တို့ရဲ့ တရက်စာ ( ၂၄ )နာရီလောက်သာရှိတာကို တွေးမိရင် ---
စဉ်းစားကြည့်၊ မြင်အောင်ကြည့်စေချင်ပါတယ်၊ လူ့ဘ၀ကို အမိဝမ်းထဲကနေ ထွက်လာတုံးက လက်ထဲမှာ ဘာမှ ပါမလာပါဘူး မဟုတ်လား ၊ အဖော်ဆိုတာလဲ ပါမလာ၊ ဥစ္စာ စည်းစိမ် ရာထူးတွေ အာဏာတွေ အားလုံးပေါ့၊
နောက်တခါ လူ့သက်တမ်းကုန်ဆုံးလို့ နောက်တဘ၀ကို သွားရတော့မယ် ဆိုတော့လဲ ဘာပစ္စည်းမှ မသယ်နိုင်၊ ချစ်လှပါတယ် ခင်ပါတယ် ဆိုတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ သားသမီးတွေ ဇနီးမယားနဲ့ ခင်ပွန်း မိဘပါ မကျန် အားလုံးကို စွန့်ပြီးကိုယ်တယောက်ထဲ သွားရတာပါပဲ၊ဲ
ဒါကြောင့် ရောက်နေတဲ့ လူ့ဘ၀လေးထဲ မသွားရသေးခင်အခိုက်အတန့်လေးမှာ -ပုထုဇဉ်သဘာဝအလျောက် နှောင်ကြိုးတွေ တွယ်ကြ၊ ချစ်ကြ ခင်ကြ ကြင်နာကြ တာ မှန်ပါတယ် ၊ ပျော်စရာတွေကြုံတော့ ပျော်လိုက် ပြုံးလိုက် ရီလိုက်ပေါ့၊
ဝမ်းနည်းစရာကြုံပြန်တော့ မဲ့ လိုက် ငိုလိုက် ကြေကွဲလိုက် အရမ်းချစ်ပြီး အရမ်းပဲ မုန်းလိုက်နဲ့ တခါတလေကျတော့ ဘ၀ဟာ ကလေးတွေ ဆော့ကစားနေသလို ခုပဲ ရန်ဖြစ်လိုက်ခုပဲ ပြန်ချစ်လိုက်နဲ့ အပြောင်းအလဲ များလှတဲ့ လောကဓံတွေကို အမျိုးမျိုး တွေ့ကြုံ ခံစားနေရတာပဲ၊
နောက်တခါ ကိုယ်မလိုလား မနှစ်သက်သူကို တွေ့ပြန်တော့ ဒေါသ တွေ မနာလိုမှု့ ၀န်တိုမှု့ ဖြစ်ရပေါ့၊ ချစ်ခင်နှစ်သက်သူကိုကျတော့ တွယ်တာကြ တက်မက်ကြ အရူးအမူး စွဲလမ်းပြီး လောဘ တဏှာတွေနဲ့ပူလောင်ကြရပြန်တယ်။
တိုတောင်းပါတယ် ဆိုတဲ့ လူ့ဘ၀မှာ - ( ပွဲထဲက ဇာတ်သမားတွေလို ညပိုင်းမှာ တကယ်ဖြစ်ပျက်နေသလို သရုပ်ဆောင် ကပြအသုံးတော်ခံပြီး မနက်လဲ လင်းရော ဇာတ်သိမ်း အိမ်ပြန်ကြရသလိုပဲ ) အချိန်တန် လူ့ဘ၀က ထွက်ခွာချိန် ကုသိုလ်ကံလဲ ကုန်ရော တွဲထားသမျှ လက်တွေ အားလုံးဖြုတ်ပြီး နောက်တဘ၀ကို သွားကြရတာကြောင့်  အားလုံ့းဟာ သံသရာရဲ့ ခရီးသွား ဧည့်သည် တွေပါ။
( ၂၇. ၁၀. ၀၉ ) တွင်ကျရောက်မည့် မိမိ၏ ၃၁ နှစ်ပြည့်မွေးနေ့ ကို အကြောင်းပြုပြီး ဓမ္မမိတ်ဆွေအပေါင်း လဲ နေကြဆဲ အခိုက်အတန့်လေးမှာ စိတ်ကို ဖြူစင်အောင် ထားပြီး မမေ့မလျော့ သတိတရားလေးနဲ့ လူ့ဘ၀ကို အကျိုးရှိရှိ နေနိုင်ကြပါစေ။ သံသရာ ခရီးသွားဧည့်သည် အဖြစ်မှ ထာဝရခရီးနားသူများ ဖြစ် နိုင်ကြပါစေ။ ။
ကောင်းကျိုးလိုရာဆန္ဒ အားလုံး ပြည့်စုံနိုင်ကြပါစေ --
No comments:
Post a Comment