Saturday, October 17, 2009

နေ ဗိမာန် လ ဗိမာန် တကယ် ရှိသလား -

လူတို့ပြည်မှ မြင်ရသော သူရိယ ၀ိမာန နေဗိမာန် သည် ယူဇနာ (၅၀) စန္ဒ ၀ိမာန- လဗိမာန်သည် (၄၉ ) ယူဇနာကျယ်ဝန်းပေသည်။
(မှတ်ချက် = ယခုခေတ် မိုင်အနေဖြင့်တစ်ယူဇနာသည် ( ၈ )မိုင်၊ (၁၂ )မိုင်ရှိသည် ဟုအယူအဆကွဲနေပေသည်၊ ) နေ လတို့သည် လူတို့ပြည်မှ ယူဇနာ= ၄၂၀၀၀ မြင့်သော ကောင်းကင်၌ တည်ရှိနေကြ၏။

အန္တော - ကနက ၊ အပကား ဖလ်၊ နေဗိမာန်
အန္တော -မဏိ၊ ဗဟိ ရဇတာ၊ လစန္ဒရာ -
ဟု ရှေးရှေး ဆရာတို့ကမှတ်ရလွယ်အောင် လင်္ကာစပ်ဆိုတော်မူခဲ့ကြသည်။နေဗိမာန် သည်အတွင်း၌ ရွှေအတိ ပြီး၍ အပြင် အပကား ဖလ် အတိပြီး၏။
လဗိမာန်၏ အတွင်း၌ ပတ္တမြား အတိပြီး၍ အပြင်အပ ကား ငွေအတိပြီးသည် ဟူ၏။ နေနတ်သား လနတ်သား တို့သည် အခြွေအရံ့နှင့်တကွ နေကြ လေသည်၊

ကြယ်တာရာ - နက္ခတ်အပေါင်းတို့သည်လည်း နတ်သားနတ်သမီးတို့၏နေရာ ဘုံဗိမာန်တို့ပင် ဖြစ်ကုန်၏၊ ကုသိုလ်ကံ အားကောင်းသူတို့သည် ထိုဗိမာန်တို့ကို အထင်အရှားမြင်ကြရ၍ ထိုနတ်ဘုံတို့၌ ဖြစ်ကြရကုန်၏။


ကုဉ္စရ ၀ိမာနနတ်သမီးဝတ္ထု၊ ပီဋ္ဌ၀ဂ်၊ ၀ိမာန၀တ္ထုပါဠိတော်

No comments:

Post a Comment