ဓာတ်တော်မွေတော်၊ ကြွင်းပါသော်လည်း၊
ချွတ်ချော်သာသနာ၊ နောင်သောခါဝယ်၊
ရှိန်ဝါပျက်ကြွေ၊ကွယ်ပချေ သော်၊
ထွေထွေရပ်နယ်၊ ဓာတ်သွယ်သွယ်လည်း၊
ကိုးကွယ်ကြမည့်၊ လူမရှိ၍၊
ဗောဓိပင်မှာ၊ စုပေါင်းကာဖြင့်၊
ရောင် ၀ါလွှတ်ပြီး၊ ရွှေတုံးကြီးသို့၊
ဓာတ်မီးလောင်တောက်၊ကုန်ဆုံးပျောက်က၊
လာရောက်ကြရှာ၊ နတ်ဗြဟ္မာတို့၊
သာသနာဗုဒ္ဓ၊ ယခုမှပင်၊
မုချ အတည်၊ ကွယ်ရပြီဟု၊
ငိုမြည်တမ်းတ၊ သံဝေဂဖြင့်၊
မရယူကျုံး၊ ကိုယ်စိတ်ချုံးသည်၊
နောက် ဆုံးသာသနာ့ ပွဲတော်ဘုရာ့…
No comments:
Post a Comment