သာဓူနံ ဟဒယကမ္ပနံ ကရောတီတိ ကရုဏာ၊
သာဓူနံ- ဘုရား ပစ္စေကဗုဒ္ဓါ အစရှိသော အရိယာသူတော်ကောင်း တို့နှင့်တကွ ရှေးရှေးသော သူတော်ကောင်း အပေါင်းတို့၏ ၊
ဟဒယကမ္ပနံ ကရောတီတိ - နှလုံးသား ကို တုန်လှုပ်သွားစေတတ်တဲ့ အတွက်ကြောင့် ၊ ကရုဏာ - ကရုဏာ မည်ပါပေ၏။
ပရဟိတ လုပ်ငန်းမှန်သမျှကို ကရုဏာစိတ်နဲ့ လုပ်ဆောင်နေကြတဲ့ စေတနာရှင်၊ ကရုဏာရှင် မေတ္တာရှင်အားလုံးတို့၏ မေတ္တာကို ခံယူရင်း ဒီပိုစ့်ကို ရေးဖြစ်ပါတယ်။
မြန်မာပြည်မှာ ရှိနေဆဲ စိတ်ဝင်တစားနဲ့ လေ့လာဖြစ်ခဲ့တဲ့ တစ်နေရာရှိခဲ့တယ်၊ အဲဒါကတော့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် မဟာအံ့ထူးကံသာ( ပြည်ချစ်) ဘုရားကြီးအနီးမှာ ရှိတဲ့ မျက်မမြင် ပရဟိတ ပညာသင်ကျောင်းပါ၊ အဲဒီကို ရောက်တုံး မိဘမဲ့၊ မှီခိုရာမဲ့၊ နဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ မခွဲခြားပဲ လက်သင့်ခံကာ ပညာသင်ပေး ကျွေးမွေးနေတဲ့ ဆရာတော် တပါးရဲ့စေတနာတွေကို မုဒိတာပွားမိ သနားမိရတယ်၊ တဆက်တည်းမှာ တစ်ထပ်စာ ညစာအဖြစ် အလှူဒါနတစ်ခုကို တတ်စွမ်းသလောက် ထောက်ပံ့ကာ ကုသိုလ်ယူဖြစ်ခဲ့ပါတယ်။
ကျောင်းထိုင်ဆရာတော် ဦးဥေယျရဲ့ ဦးဆောင်မှု့နှင့်အတူ လူမျိုးမရွေး ဘာသာမရွေး တက်ရောက်နေကြတဲ့ ကလေးငယ်လေးများကို ကြည့်ကာ မျက်စိမမြင်သော်လည်း ဘ၀ကို အရှုံးမပေးပဲ စိတ်ဓာတ်ကြံ့ခိုင်စွာ ကြိုးစားနေကြတာကို တွေ့ရတယ်၊ စာရေးသူတို့လို သာမာန်လူကောင်းတွေ အထူးသဖြင့် စီးပွားရေး၊ အိမ်ထောင်ရေး နှလုံးသားရေး၊ ကျမ္မာရေး စတာတွေ တခဏအဆင်မပြေရုံနဲ့ စိတ်ညစ် စိတ်ဓာတ်ကျနေသူတွေ အတုယူ အားကျသင့်တဲ့ နေရာတစ်ခုလို့ပဲ ဆိုချင်ပါတော့သည်။
စာရေးသူတို့ တိုင်းပြည်အတွင်းမှာ ဒုက္ခရောက်နေသူများ၊ မပြည့်စုံပဲ လိုအပ်ချက်ရှိနေသူများကို ကူညီလိုကြသော လူသားချင်းစာနာ ထောက်ထားကာ နည်းများမဆို ကုသိုလ်ပါဝင်လှူဒါန်းလိုကြသော မျိုးဆက်သစ် လူမှုအကျိုးပြု ပရဟိတလူမှု့အသင်းအဖွဲ့အစည်းများ အနေဖြင့် သိသင့်သိထိုက်တာလေးတွေကို ကျောင်းထိုင်ဆ၇ာတော်နှင့်တကွ ကော်မတီဝင်လူကြီးများအား မေးမြန်းကာ တတ်နိုင်သမျှ ပြည့်စုံအောင် ဖော်ပြလိုက်ပါတယ်။
ကျောင်းထိုင်ဆရာတော် - ဦးဥေယျ ( မျက်မမြင် )
ဇာတိ - စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကျားအလယ်ရွာ၊
မွေးသက္ကရာဇ် - ၁၃၀၉ ခု၊ သီတင်းကျွတ်လဆန်း ၉ ရက်၊ အင်္ဂါနေ့၊
၃ နှစ်သားတွင် ကျောက်နှင့် ၀က်သက်ရောဂါ ပေါက်ကာ မျက်စိအမြင် ကွယ်ပျောက်ခဲ့သည်။
ကျောင်းတိုက် တည်နေရာ -
ပရဟိတ မျက်မမြင် ပညာသင်ကျောင်း
SCHOOL FOR THE NEEDY BLIND
မန္တလေးတိုင်းပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား သို့ သွားရာ လမ်းဘေး ညာဖက်တွင် တည်ရှိပါသည်။
ကျောင်းသားဦးရေ = ၁၃၀
အသက်ကန့်သတ်ချက် ( ၅ )နှစ်မှ ( ၂၅ )နှစ်အတွင်း၊
ကျောင်း ရည်ရွယ်ချက် =
၁။ မျက်မမြင်တိုင်း ( Braille ) မျက်မမြင်စာ တတ်မြောက်စေရမည်။
၂။ မျက်မမြင်တိုင်း ကိုယ်စိတ်ကျမ္မာ ထက်မြက်စေရမည်။
၃။ မြန်မာ့မျက်မမြင် ပညာရေး ကမ္ဘာ့အဆင့် မှီစေရမည်။
၎။ မျက်မမြင်တိုင်း လူနှင့် လူ့ပတ်ဝန်းကျင်တွင် အတူတကွ ယှဉ်တွဲနေထိုင်တတ်စေရမည်။
၅။ မျက်မမြင်တို့၏ ကာယစွမ်းအား ဥာဏစွမ်းအားအား တတ်နိုင်သမျှ ဖော်ထုတ်မြင့်တင်ပေးရန်။
မျက်မမြင် ကလေးလူကြီးများ သင်ကြားနိုင်သည့် ပညာများ -
လူမျိုးမရွေး၊ ဘာသာမခြား မျက်မမြင် ကလေးများအတွက် စားဝတ်နေရေး ကျမ္မာမှု့ အစုစု တာဝန်ယူ၍
၁ ။ လောကုတ္တရာစာပေ၊
၂။ အခြေခံပညာ မူလတန်းမှ တက္ကသိုလ်အထိ၊
၃။ ဗေဒင်ပညာ ( နက္ခတ်၊ တားရော့)
၎။ ဂီတ အနုပညာ ( မြန်မာသံစဉ်တီးဝိုင်း၊ ခေတ်ပေါ်တီးဝိုင်း)
၅။ လက်မှု့ပညာ ( ၀ါး၊ ကြိမ်၊ သိုးမွှေး၊ ဇာထိုး၊ ပန်းထိုး )
၆။ မျက်မမြင် လက်စမ်း စူးပေါက်စာပေ၊
၇ ။ မြန်မာ ဂျပန် နည်းပညာများဖြင့် လက်နှိပ် အကြောပြင် ပညာရပ်များကို အခမဲ့ သင်ကြားနိင်ပါသည်။
နေ့စဉ် လှူဒါန်းနိုင်သည့် အလှူများ -
၁။ ပင်မ ငွေပဒေသာပင် အလှူ ( သတ်မှတ်ချက် မရှိပါ )
၂။ တစ်ထပ်စာ ဆွမ်းစားရိတ်အလှူ ( ၅၀၀၀၀ိ )
၃။ ဆေးပဒေသာပင် အလှူ ( သတ်မှတ်ချက်မရှိပါ )
၎။ အထွေထွေ အသုံးစားရိတ်အလှူ ( သတ်မှတ်ချက်မရှိပါ )
ဆရာတော်၏ မိန့်ကြားချက်အရ တထပ်စာ ဆွမ်းအလှူအဖြစ် ငွေငါးသောင်းဖြင့် မလောက်ငှသော်လည်း ကျောင်းမှ ဆန်၊ ဆီ ဆား စသည် စိုက်ထုတ်ကာ ချက်ပြုတ်ကျွေးမွေးလေ့ရှိကြောင်း သိရပါတယ်၊
ဂျပန်နည်း နဲ့ နှိပ်လိုသလား မြန်မာနည်းနဲ့ အကြောဖြေလိုသလား
ကျောင်းတိုက် ဖွဲ့စည်းပုံ အဆင့်ဆင့်
မျက်စိမမြင်သော်လည်း ဂျပန်နည်းပညာ လက်စူးဖောက်အတတ်ဖြင့် သင်ပေးတယ်ပြည်ပတွေကလည်း သိတာ မြင်တာနဲ့ လှူကြတယ်
ထမင်းစားခါနီးမှာ အလှူရှင်တွေ ရည်မှန်းကာ မေတ္တာပို့တာကလည်း ချစ်စရာပါပေ
ကျောင်းထိုင်ဆရာတော် ဦးဥေယျ ( မျက်မှန်အမည်း ) နှင့် စာရေးသူတို့ အမှတ်တရ
မြန်မာဗေဒင် ကြိုက်သလား တားရော့ ဗေဒင် မေးချင်သလား ဒီလို ဒီလို ကြိုက်ရာမေးနိုင်ပါတယ်
ဒါပေမယ့် အလကားတော့ မရနိုင်ဘူး၊ သူတို့ ဘ၀ရပ်တည်ဖို့ ကြိုးစားနေကြရတာ ဖြစ်တယ်
အပိုင်း ( ၂ ) ဆက်ပါအုံးမည် --
No comments:
Post a Comment