စာသင်ဆရာ/ဆရာမ ၀န်ထမ်းများ အခြေအနေ -
ယခုအခါ မျက်မမြင် ဆရာ ဆရာမ ( ၀န်ထမ်း) ( ပညာရပ် အသီးသီးသင်) ၁၃ ဦးနှင့် မျက်စိမြင် ၀န်ထမ်း ( ၂၆ ) ဦး တာဝန်ထမ်းဆောင်လျက် ရှိပြီး ၄င်း ၂၆ ဦးအတွက် ရှိင်းဟုတ် ကုမ္ပဏီမှ လစဉ် တတ်စွမ်းသမျှ ထောက်ပံ့ လှူဒါန်းလျက် ရှိသော်လည်း ဝေယျာဝစ္စ ဆောင်ရွက်သည့် ၀န်ထမ်း၊ စာသင်ပေးသည့် ၀န်ထမ်းများကို ပုံသေ လစာ ပေးနိုင်ခြင်း မရှိပဲ သင့်လျော်သလို စီစဉ်ကာ လည်ပတ်နေကြရပါသည်၊
လိုအပ်ချက်ရှိနေသေးသည့် အလှူဒါနများ -
အဓိက နိုင်ငံခြားမှ မှာယူ တင်သွင်းရသော မျက်မမြင်သုံး စာရေးကိရိယာ၊ သင်္ချာတွက် ကိရိယာ၊ မျက်မမြင်သုံးလက်နှိပ်စက်နှင့် မျက်မမြင်သုံး ကွန်ပြူတာဆက်စပ် ပစ္စည်းများ၊
အနောက်တိုင်း တီးဝိုင်း တူရိယာ ( Electrical Instruments And Channel Power Mixer Studio )အစုံအလင်၊ အသံချဲ့စက်နှင့် စောင်းဘောက်များ၊ မျက်မမြင်သုံး လက်စမ်းနာရီ ( သို့မဟုတ် ) စကားပြောနာရီ၊ လမ်းလျောက်တုတ် တို့ လိုအပ်ပြီး မျက်မမြင် ကလေးများအား ( ၅ ) နှစ်မှ ( ၂၅ ) နှစ်အတွင်း အကန့်အသတ်မရှိ လက်ခံလျက် ရှိပါသည်။
ကျောင်းသား ကျောင်းသူ အင်အား များပြားလာသည်နှင့်အမျှ တန်းခွဲအလိုက် စာသင်ဆောင်၊ ထမင်းစားဆောင်၊ အိပ်ဆောင်များ လိုအပ်လျက် ရှိပါသည်။
ယခုအခါ ဂျပန်နိုင်ငံမှ ကျပ်သိန်းပေါင်း ( ၁၀၀၀ ) ကျော် အကုန်အကျခံကာ ၂ ထပ်ကျောင်းဆောင်တဆောင်ကို ဆောက်လုပ်နေဆဲဟု သိရသဖြင့် ၀မ်းသာပီတိဖြစ်ရသည်။
ကံချင်းတူလျင် ဥာဏ်ရှိသူက သာတယ်၊
ဥာဏ်ချင်းတူလျင် ၀ီရိယ ရှိသူက သာတယ်၊
ဝီရိယချင်းတူလျင် စည်းကမ်းရှိသူက သာတယ်၊
စည်းကမ်းချင်းတူလျင် စေတနာရှိသူက သာတယ်၊
စေတနာချင်းတူလျင် နုတ်ချိုသူက သာတယ်၊
ဆိုတဲ့ လောက နိယာမတရားကို လက်ကိုင်ထားကာ ကမ္ဘာအရပ်ရပ်မှ စေတနာရှင် ကရုဏာရှင်များအနေဖြင့် မိမိတို့တတ်စွမ်းသမျှ ကုသိုလ်ယူ လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
စာသင် စာကျက်ရမှာ ပျင်းတတ်တဲ့သူတွေ အတုယူစရာပါ
ဒီလို အနီးကပ် ဆရာမတွေက ၀ိုင်းကျူရှင် ပုံစံ သင်ပေးရတယ်
မျက်စိ မမြင်ပေမယ့် အထင်မသေးနဲ့ ၁၀ တန်း ဖြေဆိုထားပါသတဲ့၊ ( ဒါနဲ့ စာမေးပွဲကို ဘယ်လို ဖြေသလဲ ဆိုတော့ ၉ တန်းကျောင်းသား/ ကျောင်းသူ တစ်ယောက်ယောက်ကို လိုက်ရေးခိုင်းတယ်၊ သူက ပါးစပ်က ဖြေပေးတယ် ဆိုပဲ ) အာဂ စိတ်ဓာတ်လေးတွေပါတကား ...
ဂီတပညာတွေကိုလဲ သင်ပေးတယ်၊ ကိုယ်စီ ကိုယ်စီ ပျော်နေကြတာတွေ့တော့ စိတ်ထဲမှာ ကြည်နူးမိတာ အမှန်ပဲ ၊
မျက်မမြင်ကျောင်းမှ ကလေးများ၏ အားမာန်
You should not be blind in mind just because you are blind.
မျက်စိမမြင်၍ ပညာမကန်းစေရ၊
Free education every blind in spite of differences in races or religious.
မျက်မမြင် မှန်သမျှ လူမျိုး ဘာသာမရွေး အခမဲ့ ပညာပေးမည်။
Knowledge is our light.
Life does not cease for those without Light.
Light will be lost for those without education.
ပညာသည် ငါတို့ရဲ့ အလင်းရောင်၊
မျက်စိမမြင်လို့ ဘ၀မဆုံးနိုင်၊ ပညာမတတ်လျင် ဘ၀ဆုံးလိမ့်မည်။
အညောင်းပြေ နင်းနိုင်တယ်၊ နှိပ်နယ် နိုင်တယ်
လှူဒါန်းနိုင်သည့် နေရာများ =
ဆရာတော် ဦးဥေယျ
ပရဟိတမျက်မမြင် ပညာသင်ကျောင်း၊
မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား ခြေတော်ရင်း၊
ပြင်ဦးလွင်မြို့ ၊ မန္တလေးတိုင်း၊
Ph – 085 – 29122
တဆင့် /
အရှင်သုနန္ဒာလင်္ကာရ ( M.A )( ပန်းကမ္ဘာ )
Email. Sunandarlankara7@gmail.com
Ph +91-989-2275-895
ဂျပန်မှ အလှူရှင်များက ကျပ်သိန်း တစ်ထောင်ကျော် မတည်ပြီး ဆောက်လုပ်ဆဲဖြစ်သော အဆောင်ကြီး
ထမင်းတစ်နပ်စာ လှူလိုသူများ ၅ သောင်းကျပ်သာ ကုန်ကျပါသတဲ့
ချစ်စရာ သနားစရာ အနာဂါတ် မျိုးဆက်သစ်လေးများ
အော် ဒါကြောင့်လဲ အရိယာကြီးတွေ ဗြဟ္မာကြီးတွေက ဗြဟ္မစိုရ်တရားနဲ့ အမြဲနေကြလေ့ရှိတယ်၊၊ ကရုဏာစိတ် ဆိုတာ ရင်ထဲ နှလုံးသားထဲ ကို တုန်လှုပ်သွားစေနိုင်တာကြောင့် ကရုဏာ မည်ပါသတဲ့ ။ စာဖတ်ပရိသတ်များ စိတ်မကောင်းဖြစ်ပြီး မောပန်းနွမ်းနယ်သွားရင် လန်းဆန်းသွားအောင် မျက်မမြင် ကလေးလေးတွေက ဒီလို ဖျော်ဖြေပေးမှာပါ၊ နားထောင်ဖြစ်အောင် နားထောင်လိုက်ပါလို့ တိုက်တွန်း ပါရစေ ....
No comments:
Post a Comment