“ ဘာစာကိုပဲ သင်သင်၊ ဘယ်နိုင်ငံကိုပဲ ရောက်ရောက်၊ ဘယ်ပတ်ဝန်းကျင်မှာပဲ နေနေ၊ ဘယ်ကျောင်းမှာပဲ တက်တက် ဘယ်လို အယူဝါဒတွေကို လေ့လာ လေ့လာ တို့ဗုဒ္ဓဘာသာတွေဟာ ဘယ်ဘာသာတရား အယူဝါဒနဲ့ပဲ နှိုင်းယှဉ်သည်ဖြစ်စေ ထေရ၀ါဒ ဗုဒ္ဓ ဓမ္မဘက်က အမြဲတမ်း ရပ်တည်မယ် ဆိုတဲ့ စိတ်ထားမွေးထားရမယ်၊
တစ်ခါတုန်းက မဟာနာမ် သာကီဝင် မင်းသားက မြတ်စွာဘုရားကို လျောက်ထားဖူးတာ ရှိတယ်၊ မြတ်စွာဘုရားက တစ်ဖက် ရဟန်းသံဃာတွေက တစ်ဖက် အယူအဆ မတူ သဘောထားကွဲလွဲတာမျိုးများ ရှိခဲ့လျင် တပည့်တော်ကတော့ ဘုရားဖက်ပဲ လိုက်မှာပါ၊ မြတ်စွာဘုရားက တစ်ဖက် ဘိက္ခုနီတွေက တစ်ဖက်ဆိုရင်လဲ တပည့်တော်ကတော့ ဘုရားဖက်ကပဲ လိုက်ပါမယ်၊
မြတ်စွာဘုရားကတစ်ဖက် ဥပါသကာ ဥပါသိကာမ( ဒကာ ဒကာမ ) တွေက တစ်ဖက် တစ်လောကလုံးက တစ်ဖက် ဆိုလျင်လည်း တပည့်တော်အနေနှင့် ဘုရားဘက်ကပဲ ရပ်တည်မှာပဲ လို့ လျောက်ထားခဲ့တယ်။ ဒါကြောင့် ပတ်ဝန်းကျင် အခြေအနေကြောင့် လူတွေရော ရှင်တွေရော လမ်းကြောင်းပြောင်းသွားတာမျိုး မဖြစ်သင့်ပါဘူး ”
သြ၀ါဒမှတ်စု ကို ပြန်လည် မျှဝေပါသည်။
No comments:
Post a Comment