Monday, May 16, 2011

ဗုဒ္ဓနေ့အထိမ်းအမှတ် ဓမ္မစာအုပ်များ လှူဒါန်းပွဲ


me: ဟလို ဒကာမကြီး မတွေ့ရတာ ကြာနေပြီ နေကောင်းပါသလား ဦးဇင်း အိန္ဒိယကို ၅ လပိုင်း ၉ ရက်နေ့က ပြန်ရောက်နေပါပြီ ၃ နှစ်တာ ဖြတ်သန်းရအုံးမှာပါ
9:35 AM myakyay: အခု ပီအိပ်ခ်ျဒီတန်းပါလားဘုရား
 me: ဟုတ်

9:42 AM myakyay: အဲဒီက ဆင်းရဲသားတွေကို တစ်ရက်လောက်တော့ တတ်နိုင်တဲ့အခါ အာဟာရဒါန ပြုချင်တယ်ဘုရား
9:43 AM me: ဟုတ် ဆက်သွယ်စရာ ရှာလိုက်ပါအုံးမယ် အဆင်ပြေတဲ့အချိန် အကြောင်းကြားပါမယ်
 myakyay: တင်ပါ့ဘုရား
9:44 AM စကားမစပ် ရန်ကုန်မှာ သင်္ကန်းချို့ငဲ့တဲ့ စာသင်သားကိုယ်တော်တွေ ရှိပါလားဘုရား
 me: အထူးသဖြင့် စာသင်သား ကိုရင်ငယ်တွေ ဦးဇင်းငယ်တွေ ချို့တဲ့ကြတယ်
9:45 AM myakyay: ဘယ်နေရာတွေမှာပါလဲဘုရား
  အဲဒီကိုယ်တော်တွေ ရှိတဲ့နေရာ ဦးဇင်း ညွှန်ပေးနိုင်ပါမလား
9:46 AM me: ညွှန်ပေးနိုင်ပါတယ် အခုတော့ မပြေသေးဘူး အဲဒီကို ဖုန်းဆက်ပြီးရင် အကြောင်းကြားမယ်
9:47 AM သင်္ကန်း လှူ လိုတဲ့ ဆန္ဒ ဖြစ်လို့လား

9:48 AM myakyay: ဒီလိုပါဘုရား။ တပည့်တော်က အခု နေရာသစ်မှာ အလုပ်ရှာရဦးမှာမို့ ဝင်ငွေအခက်အခဲ ရှိနေပါတယ်။ ဒါပေမယ့် ကိုယ်ဘာဖြစ်နေနေ မြတ်စွာဘုရားပွင့်တာ နှစ် ၂၆၀၀ ပြည့်တဲ့နှစ်ဆိုတော့ သံဃာတွေကို တစ်ခုခု နိုင်သမျှလေး လုပ်ပေးချင်လို့ပါသင်္ကန်းမှ မဟုတ်ပါဘူး၊ စာအုပ်စာတမ်းဆိုလဲ စာအုပ်စာတမ်း ချှိုငဲ့တဲ့ စာသင်သား ကိုယ်တော်တွေအတွက် စဉ်းစားမိလို့ပါ
9:51 AM me: အော် သဘောပေါက်ပါပြီ ဒီကလဲ မေတ္တာပို့ပေးပါမယ် စာအုပ် စာတမ်း ဆိုရင်တော့ ပိုလိုအပ်တယ် လို့ ထင်တယ် ကာလဒါန ပေါ့
 myakyay: တင်ပါ့. ရပါတယ်ဘုရား


9 minutes

 စစ်ကိုင်း ဆွမ်းလောင်းအသင်းကို သုညက စလုပ်ရတာ ခုအရှိန်ရလာတော့ အလှူရှင်တွေ ပေါ်ပေါ်လာတော့ တပည့်တော်တို့ နည်းနည်း သက်သာလာပါတယ်

တပည့်တော် တစ်ကြိမ် လှူဖူးတာ အဲဒီနေရာလား မသိပါ။ ပြင်ဦးလွင်က မျက်မမြင် ဆရာတော်တစ်ပါးရဲ့ ကျောင်းပါလားဘုရား


8 minutes
10:20 AM me ပြင်ဦးလွင် ပြည်ချစ်ဘုရားကြီး သွားတဲ့လမ်းဘေးက မျက်မမြင် ပညာသင်ကျောင်းပါ၊ အဲဒီ ကျောင်းမျာလဲ တကယ် ချို့တဲ့စွာနဲ့ ပညာသင်နေကြတဲ့ ကလေးတွေ လူမျိုးမရွေးဘာသာမရွေး  ရှိနေပါတယ်၊ တစ်ချို့များဆို  မျက်စိ မမြင်ပေမယ့် ဆယ်တန်းတောင် ရောက်နေပါပြီ၊

(မှတ်ချက် ) ထို မျက်မမြင် ပရဟိတ ကျောင်းနှင့် အသေးစိတ် အချက်အလက်များကို ပို့စ်တစ်ပုဒ် သက်သက် တင်ပြပါအုးမည် )


13 minutes
11:27 AM myakyay: ချှိုငဲ့တဲ့ ကျောင်းဆိုရင် ဘယ်နေရာ ဖြစ်ဖြစ်ပါဘုရား
11:28 AM me: အော်  သာမဏေကျော် စာမေးပွဲ အတွက် လိုအပ်တဲ့ ကျောင်းက မန္တလေး နန်းရှေ့မှာ ဖြစ်နေလို့ပါ
 myakyay: ဒါဆိုလဲ ကောင်းပါတယ်ဘုရား ဘယ်လိုဆောင်ရွက်ရပါ့မလဲ
me: မနက်ဖြန် မနက်မှ ဖုန်းဆက်ပြီး ဆက်လက် စီစဉ်ပါအုံးမယ် ၊ စာအုပ်ဝယ်ဖို့ စာရင်းလုပ်ဖို့ စတာတွေကိုတော့ မန်းက ဦးဇင်းရဲ့ လှူနေကျ ဒကာမကြီးကို ဆက်သွယ်ပြီး ၀ယ်ခိုင်းပါမယ်
 myakyay: တင်ပါ့ဘုရား။ တပည့်တော် အလှူငွေကလဲ ရန်ကုန် ရောက်နေပါပြီ။
11:33 AM me: ဟုတ် အဲဒါဆို လွယ်ပါတယ်၊ လပြည့်အတွင်း ပြီးမှာ သေချာပါတယ်
  
myakyay: တင်ပါ့။ ဒါဆို ဝမ်းသာပါတယ်ဘုရား သာမဏေကျော်စာမေးပွဲက ဘယ်တော့ပါလဲဘုရား
11:35 AM me: နှစ်စဉ် နှစ်တိုင်း ပြာသိုလ်လဆန်း ၂ ရက်မှ ၁၀ ရက်နေ့အထိ ရှိပါတယ် ၊
 myakyay: ငယ်လတ်ကြီးတန်းတွေရော စာအုပ်အဆင်ပြေကြပါလားဘုရား
11:36 AM me: အဲဒါလဲ မပြေတဲ့ကျောင်းတွေက ရှိနေတာပါ  ရန်ကုန်မှာလဲ ရှိနေတယ်
ဒါပေမယ့် အဲဒီ စာမေးပွဲက သိပ်မလိုအပ်ဘူး ငယ်လတ်ကြီးက ၅ အုပ်ဝယ်ရရင် သာမဏေကျော်သံဃာတွေက ၁၅ အုပ်လောက် ၀ယ်ရတယ်
11:38 AM myakyay: တင်ပါ့
 me: ဒါက ပျမ်းမျှ တွက်ပြတာပါ

 myakyay: လိုအပ်မယ့် သာမဏေက ဘယ်နှစ်ပါးလောက် ရှိပါမလဲဘုရား
11:41 AM me: ဘွဲ့ရဖို့ ကြိုးစားနေကြတဲ့ ဖိုင်နယ် သမားတွေက အပါး ၃၅ ပါးလောက်ရှိပါမယ်။ ဒုတိယနှစ်သမားတွေက ၄၀ ကျော်ရှိပါမယ်၊ ပထမနှစ်ကတော့ ၃၀ ကျော်ပေါ့ ၊ အဓိကကတော့ အတန်းကြီးလေ စာအုပ် များလေ၊ ရှားပါလေ ၊ ခက်ခဲလေပေါ့
11:42 AM myakyay: သံဃာ့တက္ကသိုလ်ပါလားဘုရား
  
me:  သံဃတက္ကသိုလ် မဟုတ်ပါဘူး၊ အဲဒါနဲ့ မတူတဲ့  စာမေးပွဲပါ
11:43 AM သာသနာအတွက် အကျိုးအများဆုံး စာမေးပွဲတွေထဲမှာ တစ်ခု အပါအ၀င်ပေါ့ ၊ အဲဒီဘွဲ့ ရပြီးရင် ၀ိနည်းငါးကျမ်း၊ သုတ္တန် အင်္ဂုတ္တိုရ် ၁၁ ကျမ်းတို့ကို ပါဠိတော်၊ အဋ္ဌကထာ ဋီကာ များနှင့်တကွ   ဓမ္မပဒ အဋ္ဌကထာ သဒ္ဒါ ရှစ်စောင်၊ သဂြိုလ် ကိုးပိုင်း အားလုံး လေ့လာပြီးသား ဖြစ်နေပါပြီ။
11:44 AM တက္ကသိုလ် မဟုတ်ပဲ စာသင်တိုက် သက်သက် ပါပဲ

myakyay: ပထမနှစ် ဒုတိယနှစ် ဆိုတာက ဘာပါလဲဘုရား
  တပည့်တော် နားမလည်လို့ပါ
11:45 AM me: level 1 and 2 ကို ဆိုလိုတယ်၊ အဆင့် 3 အောင် ပြီးရင် သာသနာလင်္ကာရ ဘွဲ့ကို ရရှိပါမယ်
 myakyay: တင်ပါ့ စာအုပ်တွေ ကပ်နိုင်ဖို့အတွက် စီမံပေးပါဘုရား
11:47 AM me: တစ်ချို့ ၃ ဆင့်ထဲ ဆိုပေမယ့် ၇ နှစ် ၈ နှစ်ဖြေတာတောင် မအောင်နိုင်ကြပဲ ဖိုင်နယ်ရောက်မှ ပြုတ်သွားကြတာတွေ အများကြီး ရှိခဲ့တယ်၊ အခုလဲ ရှိနေပါတယ်၊ နောင်လဲ ရှိနေအုံးမှာပါ
 myakyay: ဘာလို့ပါလဲဘုရား  နှမြောစရာပါ

me: သာမဏေကျော် ဆိုတဲ့ ဘွဲ့အတိုင်း အသက် ၂၀ အတွင်း အောင်မြင်အောင် ဖြေနိုင်မှ ဘွဲ့ရပါမယ်
၂၀ ကျော်သွားရင် ဖြေဆိုခွင့် မရှိတော့ပါ limit ကန့်သတ်ထားတယ်လို့ ဆိုရမယ်
11:49 AM myakyay: နောက်ဆုံးနှစ်ရောက်မှ ဖြစ်ရတယ်ဆိုတော့ တပည့်တော် နှမြောလို့ပါ
11:50 AM me: အဲလို ဖြစ်တဲ့ သံဃာတွေ အများကြီးပဲ ဒါကြောင့် သူတို့ မကြောင့်မကြ ကြိုးစားစေချင်တယ်၊ အချိုန်ကိုက်၊ နေရာကိုက် လူမှန် နေရာမှန် နဲ့ တိုးတက်စေချင်တယ်
11:53 AM myakyay: တပည့်တော်လဲ ကြိုးစားပ့ါမယ်။ သမ္မာအာဇီဝ ကြိုးစားရှာဖွေရင် ဝင်ငွေလဲ သူ့ဟာသူတော့ ဖြစ်လာမယ် မြင်ပါတယ်
11:54 AM me: ဦးဇင်းလဲ အထူး မေတ္တာပို့ပေးပါ့မယ်လေ တရားရှိသူကို တရားက ပြန်လည် စောင့်ရှောက်ပါတယ်


အထက်ပါ စကားများကတော့ စာရေးသူနဲ့ ဓမ္မစာအုပ်တွေ လှူဒါန်းလိုသူ အလှူရှင်တစ်ယောက်ရဲ့ မေးဖြေလေး တွေပါ၊ စာရေးသူတို့ ငယ်ငယ် ကိုရင်ဘ၀က အဲဒီ စာမေးပွဲ ဖြေခဲ့ရစဉ်  ပထမဆင့် သာမဏေကျော် စာမေးပွဲ အောင်မှ စာအောင်ဆု ခုနှစ်ထောင် (၇၀၀၀) ကျပ်သာ ရရှိပါတယ်၊ အခုဆို စာအုပ် တအုပ်ဖိုးပေါ့၊  နောက်တစ်ဆင့် ဒုတိယဆင့် တက်ဖို့အတွက် ၀ယ်ရမယ့် စာအုပ်အရေအတွက်က ပါဠိတော် စာအုပ် ၅ အုပ်၊နဲ့ ဆိုင်ရာ အဋ္ဌကထာ၊ ဋီကာ အပြင် သဒ္ဒါ သဂြိုလ် ဆိုင်ရာ  မှတ်စု မှတ်ရာ မေးခွန်းဟောင်း ပေါင်းစုံ အားလုံး ၁၅ အုပ်လောက်ဆိုရင် ကျပ်ငွေ  ၃ သောင်းလောက် ကုန်ပါတယ်၊ ဒါကလဲ လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က တန်ဖိုးပါ ။ 

  အလှူဒါန ပြုလုပ်ရာ မန္တလေးမြို့၊ အရှေ့ပြင် နန်းရှေ့ အောင်ချမ်းသာ ပရိယတ္တိစာသင်တိုက် မျက်နှာစာ မြင်ကွင်း

ဆက်ပါအုံးမည် ...

No comments:

Post a Comment