Thursday, January 7, 2010

မြတ်ဗုဒ္ဓ၏ အသံတော်အင်္ဂါများ

၁။ ၀ိသဋ္ဌ - သန့်ရှင်းစင်ကြယ်ခြင်း ၊
၂။ မဉ္ဖူ - သာယာခြင်း ၊
၃။ ၀ိညေယျ - သိလွယ်ခြင်း ၊
၎။ သ၀နီယ - နာခြင်ဖွယ်ရှိခြင်း ၊
၅။ ဗိန္ဒူ - တလုံးတစည်းထည်း ရှိခြင်း ၊
၆။ အ၀ိသာရီ - ပရိသတ်အပြင်သို့ ပြန့်မထွက်ခြင်း ၊
၇။ ဂမ္ဘီရ - နက်နဲခြင်း ၊
၈။ နိန္နာဒိ - ပဲ့တင်ထပ်ခြင်း


ကျမ်းညွန်း.. ပဏ်.၂။ပါ-၃၄၀
မဟာနိပါ။ ၃၅၃
ဒီဃ ၂။ ပါ၊ ၁၇၁

အဘိဓမ္မာ အသံမစဲ ဟောကြားပုံ
ဘုရားရှင်တို့တွင် မသိစိတ်ဟု ခေါ်သော ဘဝင်စိတ်များ အဖြစ်နည်းပြီး သိစိတ်ဟုခေါ်သော ဝီထိစိတ်များ အဖြစ်များသည့်အတွက် အလွန်လျင်မြန်အောင် ဟောကြားတော်မူနိုင်ပါတယ်။

စိတ်တော်က အလိုရှိတိုင်း လျင်မြန်တော်မူသကဲ့သို့ လျှာတော်၊ အာတော်၊ နှုတ်ခမ်းတော် တို့ကလည်း အလိုရှိတိုင်း လျင်မြန်စေ့စပ်တော်မှုလှပါတယ်။

စိတ်တော်၊ အာတော်နှင့် လျှာတော်တို့က လျင်လျင်မြန်မြန်ကြီး တစ်ဟုန်ထိုး ဟောကြားပါသော်လည်း အသံတော်၏ သာယာနာပျော်ဖွယ် ရှိခြင်း၊ စည်းစည်းလုံးလုံးရှိခြင်း စသည်တို့ကြောင့် နာကြားရသော နတ်ဗြဟ္မာများ၏ နားထဲတွင် မရှင်းလင်း မသဲကွဲခြင်း တစ်လုံးတစ်ပါဒမျှ မရှိဘဲ အားလုံးရှင်းလင်း သဲကွဲ ပြတ်သားစွာ နားလည်ကြရပါသည်။

မြတ်စွာဘုရား၏ အသံတော် လျင်မြန်ပုံ

“တစ်ရာ့တစ်ပါး၊ လူမျိုးများတို့၊ စကားတစ်ခွန်း၊ မြွက်ဆိုညွှန်းက၊ ရှစ်ခွန်းအာနန်၊ မိန့်လျင်မြန်၏။
အာနန်ထေရ်ကျော် ၊ တစ်ခွန်းသော်မူ၊ ရှင်တော်ဘုရား လျင်လျားတုမဲ့၊ တစ်ဆယ့်ခြောက်လီ၊ ခွန်းထပ်မှီ၏။
လောကီလူသား၊ တစ်ခွန်းအားမူ၊ ဘုရားလူ့ဘ၊ မုနိန္ဒလျှင်၊ တစ်ရာ့နှစ်ဆယ်ရှစ်ခွန်းကယ်၏။”

သို့ဖြစ်ပါသောကြောင့် -
သာမာန်လူ ၁ ခွန်း = အရှင်အာနန္ဒာ ၈ ခွန်း
အရှင်အာနန္ဒာ ၈ ခွန်း = ဘုရား ၁၆ ခွန်းဖြစ်၍
သာမာန်လူ ၁ ခွန်း = ဘုရား ၁၂၈ ခွန်းဖြစ်လေသည်။ (၁၆x၈)

ဤကဲ့သို့ လျင်မြန်စွာ နေ့ရောညပါ အသံမစဲ ဝါတွင်း ၃ လ ကာလပတ်လုံး ဟောကြားတော်မူခဲ့တဲ့... အဘိဓမ္မာ ၇ ကျမ်းဟာ ...
စာအုပ်ရိုက်၍ မကုန်နိုင်လောက်အောင် များပြားရခြင်းဖြစ်ပါတယ်။

အရှင်သာရိပုတ္တရာမှ တစ်ဆင့် ဟောကြားထားသော အဘိဓမ္မာ မကျဉ်းမကျယ်နည်းသည်ပင် ဆဋ္ဌသင်္ဂါယနာ တင်မူဖြင့် အုပ်ရေ ၁၂ အုပ်။ စာမျက်နှာအားဖြင့် ၅ဝဝဝ ခန့်ရှိသည်။

PKZ

ဤဆောင်းပါးကို ဒီနေရာမှ ယူပါသည်။

No comments:

Post a Comment