Sunday, November 29, 2009

သိဝိမင်းနှင့် ဥမ္မာဒန္တီ




တိမ်တိုက်ကို အကြောက်ကင်း၊ ဖောက်ထွင်းလို့ လျံဖြာ၊
တောက်ထွန်းတဲ့ စန္ဒာ ၊ နဘံ မှာ ထိန်သို့၊
ပြူတင်းဝ မြတ်လေသွန်မှာ၊
နတ်မေညွှန် ညွှန်းလောက်သကို့၊

ဖောင်းအပိန့် စုံလင်စွာ၊ ဂုဏ်အင်္ဂါ ပိုမို့၊
ကြုံမြင်လာ ပိုကရို့ငယ်နှင့် ကြုံမသို့ မူယာ၊
ချစ်မလို အာသာ ဖြည့်ပါလို့၊
မာယာ ကြည့် ကြည့်တဲ့ ဥမ္မာ၊

မင်းတွက် ကြောင့် မလှုပ်သာပြီ၊
ယုတ်တဏှာ အမှောင်ပိတ်လေတော့၊
မောင့်ရဲ့ စိတ် မောင်ပိုင်ပိုင် ခွဲမသိနိုင်၊
အသည်းထိ စွဲငြိကိုင်တယ် -
လဲ အိ - ယိုင် ယိုင်ခဲ့ပေါ့ လေး ။ ။

ကိုယ်တိုင်စပ်တယ် တော့ မထင်ပါနဲ့၊ အဲလောက် အရည်အချင်းမရှိသေးပါဘူး၊ အမည်မသိရှေးပညာရှင်တွေ ဖြစ်မယ် ထင်ပါတယ်။

No comments:

Post a Comment