အပ္ပသဒ္ဒါ ဘောန္တော ဟောန္တု
လူ အတော်များများက ရှူးတိုးတိုး ဆိုမှ စကားက ပြောချင်စိတ်တွေ တဖွားဖွား ပေါ်တတ်တယ်။
မလုပ်ရဘူး ဆိုတဲ့ အလုပ်ကို ပိုလုပ်ချင်တတ်တယ်။ ဒါကို သဘာဝ တစ်ခု လို့  လက်ခံ ထားကြ ရော့ လေ သလား။ ကာတွန်း ပုံတစ်ပုံ မှတ်မှတ်ရရ သတိထားမိတယ်။ အမှိုက်မပစ်ရ ဆိုင်းဘုတ်အောက် မှာ အမှိုက်ပုံ ရေးဆွဲထားတယ်။ ကဲ ...ကြည့်တော့။ လုပ်ပုံများ။
အရေးကြီးတာ တိုးတိုး ပြောတတ် ဆိုတတ်ဖို့ က လိုပါတယ်။ အရေးကြီးတယ်။ ကျယ်ကျယ် လောင်လောင် ပြောတတ် ဆိုတတ်သူကို ရွာမှာ ပြောရိုးဆိုရိုး က ငါးစိမ်းသည်မ ကြနေတာပဲတဲ့။
လူအများရဲ့  အပြစ်တင်သံ တွေပေါ့။
ဒီစကားကလည်း ဘုရားရှင်က ဆူဆူညံညံ လုပ်တဲ့ သူတွေကို တိတ်တိတ်ဆိတ်ဆိတ်နေဖို့ ။ ငါးရောင်းသူတို့  လုယက် ရောင်းသလိုပဲ အာနန္ဒာ သွားပြောချေ လို့  ဆိုတဲ့ စကားနဲ့ ကိုက်ညီ နေတယ်။ ဘုရားရှင်ရဲ့  တိတ်တိတ်ဆိတ်ဆိတ် နေတဲ့ အပြုအမူကို အခြား ဂိုဏ်းဂဏ ဆရာကြီး တွေကလည်း လက်ခံတယ်။ နားလည်ပေးတယ်။
သုတ္တန်ထဲက သီလက္ခန္ဓ၀ဂ် ပေါဌပါဒသုတ်မှာ ဘုရားရှင် ခပ်လှမ်းလှမ်းက ကြွရောက်လာတာ မြင်လို့  ပေါဌပါဒ ပရိဗိုဇ်က - ရှုး တိုးတိုး ကိုယ့်လူတို့ ၊ အသံတွေ မကျယ်ကြနဲ့ ။ ရဟန်းဂေါတမ လာ နေ တယ်။ ရဟန်း ဂေါတမ တိုးတိုး တိတ်တိတ် နေတာသဘောကျတာ၊ တိုးတိုးတိတ်တိတ် နေတာကို အထူးတလည် ချီးမွမ်းပြောဆိုတာ။ တိတ်ဆိတ်တဲ့ ပရိသတ်ကိုပဲ တတ်သိနားလည်စွာ သွားရောက် သင့်တယ် လို့  မှတ်ယူထားတာ။ ဆရာကြီး ဖြစ်သူက တပည့်တွေကို အဲသလိုမျိုး ဆုံးမပါတယ်။ သုတ်ပါထေယျ၊ ဥဒုမ္ဗရ သုတ်မှာလည်း ဒီအတိုင်းပါဘဲ။
သူတို့ က ဘုရားရှင်ကိုသာ အဲလို သဘောပေါက် နားလည် ထားတာ မဟုတ်သေး။ ဘုရားရှင် ရဲ့  သားတပည့်တွေ ကိုလည်း အဲသလိုမျိုးပဲ သဘောပေါက်ထား ကြတယ်။ မဇ္ဈိမနိကာယ် သန္ဒသုတ်မှာ ဆရာကြီး သန္ဒက ပရဗိုဇ်က သူ့ ရဲ့  တပည့်တွေကို ရဟန်း အာနန္ဒာ လာနေတယ်။ မြတ်စွာဘုရားရှင် ကောသမ္ဗီမှာ နေသလောက် သူလည်း ကောသမ္ဗီနေမည့် ရဟန်း တစ်ပါးပဲ။ တိုးတိုးသက်သာ ပြော ကြ ဆိုကြ၊ တိုးတိုးသက်သာ ပြောတာဆိုတာ သဘောကျတဲ့ ရဟန်းတွေ စသဖြင့် ပြောဆို ဆုံးမထား တယ်။ သာဝက တွေအပေါ်မှာလည်း လေးစားမှု အထင်ကြီးမှု ရှိကြတာကို တွေ့ ရတယ်။
အသံ ကြောင့် ဖားသေ တဲ့။ မြတ်စွာဘုရား တရားတော် အလိုရ အသံ ကြောင့် ပထမဈာန်သေ ကြောင်း ပြထားပါတယ်။ ပဌမဿ ဈာနဿ သဒ္ဒေါ ကဏ္ဋော။ ကဏ္ဋက သုတ်၊ ဒသကနိပါတ၊ အင်္ဂုတ္တရနိကာယ။ ပါဠိ အလိုအရကတော့ အသံသည် ပဌမဈာန်ရဲ့  ဆူးခလုတ်ဘဲ တဲ့။ လျော်အောင် နားလည် ကြည့်တာက တော့ အသံညံရင် ဈာန်မရဘူး ပေါ့၊ ဈာန်သေ တာပဲ။
သုတ္တနိပါတ၊ သေလသုတ်မှာ ကြည့်ပြန်တော့လည်း သေလ ပုဏ္ဏားက သူရဲ့ လုလင်ငယ် သုံးရာနဲ့  အတူ ဘုရားရှင်ထံ သွားတဲ့ အခိုက်မှာ မသွားခင် ထရိန်နင် ပေးထားတယ်။ သွားတဲ့ လာတဲ့ အခါ ခြေနင်း မကြမ်းဖို့ ။ နောက်က အသံဗလံ မထွက်အောင် လိုက်လာခဲ့ကြတဲ့။
( မြန်မာ မှာလည်း ရှိပါတယ်၊ ခြေနင်း မကြမ်းနဲ့ ၊ ခြေနင်းကြမ်းရင် ကြမ်းပေါက် ကျွံကျမယ်။ အဲ...အဲ.. ဆင်းရဲတတ်တယ် ဆိုတာပါလေ။ )
ဆက်ပြီး တပည့်တွေကို ပြောတာက ဘုရားရှင် ခြေလှမ်း ချတိုင်းဟာ ခြင်္သေ့ တစ်ကောင်တည်း လှည့်လည်သလိုတဲ့၊ ခြေလှမ်းတိုင်း သုသံဝုတ-စောင့်စည်းမှုရှိတယ်။ ခြေသံလုံတယ် ခြေသံ မကြား ရဘူး လို့  ဆိုလိုဟန် ချီးမွမ်းတာ ရှိမှာပေါ့လေ။ အပါဒါန ပါဠိ ဗုဒ္ဓ၀ဂ်မှာတော့ ဂါထာနဲ့  ပြထားတယ်။
နေရာတကာ ဘုရားရှင် တိတ်ဆိတ်တာကို လိုးလာတော်မူတာပါ။ ကျောင်းတိုက်တွေကို တောင် အသံဆိတ်တဲ့ နေရာ ရွေးတာကို အချက်လက် တစ်ခု အနေနဲ့  ထည့်ထားတယ်။ ၀ိနယ ၊မဟာ ၀ဂ္ဂ ပါဠိ၊ ဗိမ္ဗိသာရကထာမှာ ဝေဠုဝန် ဥယျာဉ် ဂါဒင်းကို မင်းတြားကြီး ကိုယ်တော်တိုင် အသံတိတ် ဆိတ်တဲ့ အကြောင်းတစ်ရပ်မှာပါဝင်လို့  ဘုရားအမှူးရှိတဲ့ သံဃာတော်ကို ရေစက်သွန်းချပြီး ဝေဠုဝန် ကျောင်းတော် အဖြစ် လှူလိုက်ပါသကော။
မြတ်ရောင်နီ
(၂၀၊၀၃၊၂၀၁၀)
Tuesday, March 23, 2010
ရှူး တိုးတိုး

Saturday, March 20, 2010
THE VISITOR
THE VISITOR
Alone, I came to this world
without company.
Empty handed, nothing to show
just a breathing body.
Alone, I will leave this world
without company.
Empty handed, nothing owned
but a lifeless body.
From the cradle to the coffin
all along the way,
attachments thickly spun and
acts, endlessly played.
Here a smile and there a tear
wrapped in sensation.
Melt in love or boiled with fury
dancing to temptation.
Now it is dark and fate beckons
to bid all "adieu".
So let us part and in haste
onwards continue.
Alone, I came to this world
without company.
Empty handed, nothing to show
just a breathing body.
Alone, I will leave this world
without company.
Empty handed, nothing owned
but a lifeless body.
From the cradle to the coffin
all along the way,
attachments thickly spun and
acts, endlessly played.
Here a smile and there a tear
wrapped in sensation.
Melt in love or boiled with fury
dancing to temptation.
Now it is dark and fate beckons
to bid all "adieu".
So let us part and in haste
onwards continue.
(Translated from a Myanmar general epitaphic verse printed on fans distributed to those attending a funeral).
(From Poems On Death)
(From Poems On Death)
လာတုံးကလဲ၊ တစ်ယောက်ထဲနော်၊
လက်တွဲခေါ်ကာ၊ ဖော်မပါဘူး၊
ဥစ္စာချည်းနှီး၊ ကိုယ်ထီးတည်း။
ပြန်သွားတော့လဲ၊ တစ်ယောက်ထဲနော်၊
လက်တွဲခေါ်ကာ၊ ဖော်မပါဘူး၊
ဥစ္စာချည်းနှီး၊ ကိုယ်ထီးတည်း။
လာပြီးတော့နား၊ မသွားသေးခင်၊
ချိန်လေးတွင်မှ၊ ၀န်းကျင်းယှက်နွယ်၊
နှောင်ကြိုးသွယ်ကြ၊ ပြုံးရယ်မဲ့ငို၊ ချစ်မုန်းပိုကြ။
မလိုဒေါသ၊ လိုလောဘနှင့်၊
ဘ၀ရိပ်မြုံ၊ ကကြိုးစုံခဲ့၊
ကံကုန်မိုးချုပ်၊ လက်တွဲဖြုတ်ကာ၊
သုတ်သုတ်ဆောလျင်၊ ခရီးနှင်သည်၊
တို့ လျင် ဧည့်သည်ပါတကား။

Friday, March 19, 2010
ကျွန်းမြတ်သီဟိုဠ်နှင့် ကလျာဏီ
မြတ်စွာဘုရားရှင် ဒုတိယအကြိမ် ကြွရောက်တော်မူခဲ့ရာ နာဂဒီပ ကျွန်းသို့ စာရေးသူတို့အဖွဲ့ လေ့လာရေး ဘုရားဖူးခရီး သွားရောက်ပြီးနောက် နောက်ထပ် သွားဖြစ်တာက တတိယအကြိမ်ကြွေ၇ာက် ချီးမြောက်တော်မူခဲ့ရာ ကလျာဏီစေတီ
တည်မည့်အရပ် ဖြစ်တဲ့ ယခုအခေါ် ကလျာဏီသိမ်တော်နေရာအနီးတ၀ိုက်ပါပဲ၊ မဟာဝံသ ကျမ်း မှတ်တမ်းများကတော့ ဒီလို ဆိုပါတယ်၊
မြတ်စွာ ဘုရားရှင်သည် ( ၈ ) ၀ါမြောက်၌ သာဝတ္ထိပြည်မွန် ဇေတ၀န်ကျောင်းဝယ် သီတင်းသုံးတော်မူစဉ် မဏိအက္ခိက
နဂါးမင်း၏ ပင့်လျောက်ချက်အရ ကဆုန်လပြည့်နေ့တွင် ရဟန်းငါးရာ ခြံရံလျက် သီဟိုဠ်ကျွန်းသို့ ကြွတော်မူသည်၊
နဂါးမင်းသည် ကလျာဏီအရပ်၌ ဆောက်လုပ်ထားသော ရတနာမဏ္ဍပ်အတွင်းဝယ် ရတနာပလ္လင်တော်၌ ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့အား ဆွမ်းလုပ်ကြွေး လှူဒါန်းလေသည်၊ မြတ်စွာဘုရားသည် နဂါးတို့အား တရားရေအေး တိုက်ကျွေးတော်မူပြီး ကလျာဏီမြစ်အတွင်းဝယ် ရေချိုးသပ္ပါယ်တော်မူသည်။
ထိုကလျာဏီမြစ်သည် ယခု အချိန်အထိ ရှိသေး၏၊ သို့ပါသော်လည်း မြတ်စွာဘုရား ဘယ်နေရာမှာများ ရေချိုးတော်မူခဲ့ပါလိမ့် ဆိုပြီး သေချာစွာ ရှာကြည့်မိသေး၏၊ ဒါပေမယ့် ခေတ်ကာလတွေပြောင်းလဲ လာသည့်အလျောက် အရာရာ ပြောင်းလဲခဲ့ပြီ ဆိုသော အသိကြောင့် မောပမ်း လက်လျော့ခဲ့ရသည်။
ရေသပ္ပါယ်ပြီးသောအခါ ကောင်းကင်ခရီးဖြင့် သုမနကူဋတောင်တော်သို့ ကြွတော်မူသည်၊ ထိုတောင်နေ သုမနနတ်မင်း၏ ပင့်လျောက်ချက်အရ တောင်ထိပ်၌ ၀ဲဘက်ခြေတော်ရာ ပါဒ စေတီတော်တစ်ဆူ ချထားတော်မူခဲ့သည်၊
ဘုရားရှင်သည် တောင်တော်ခြေရင်းတွင် နောက်ပါ ရဟန်းငါးရာနှင့်တကွ နေ့သန့်နေတော်မူပြီး ယခုအခါ မဟာစေတီ တည်မည့် နေရာတို့၌ နိရောဓသမာပတ် ၀င်စားတော်မူကာ ချီးမြောက်တော်မူခဲ့သည်၊
အချုပ်အားဖြင့် နဂါးမင်းသည် ဘုရားရှင်သီတင်းသုံးတော်မူခဲ့ရာ ရတနာပလ္လင်တော်ကို ဋ္ဌာပနာလျက် စေတီတည်
ပူဇော်ခဲ့သည်၊ ထိုစေတီကား ယခုအခါ ကလျာဏီစေတီ ဟူ၍ သမိုင်းဝင်စေတီတစ်ဆူအဖြစ် ထင်ရှားနေပေသည်၊ ထိုမှတဆင့် မြန်မာနိုင်ငံ ပဲခူးမြို့ရှိ ကလျာဏီသိမ်တော် အားဖြင့် ခေတ်အဆက်ဆက် ဘုရားသာသနာတော် ရေရှည်တည်တံ့ ခိုင်မြဲဖို့အတွက် ကြိုးပမ်းခဲ့ကြသည်ကား ၀မ်းသာစရာ ကြည်နူးစရာ ပင်ဖြစ်ပေသည်။
သမိုင်းဆိုင်ရာ အထောက်အထားများ ရှိလေမလား မျှော်လင့်ချက်ဖြင့် တတ်စွမ်းသမျှ ရှာဖွေသော်လည်း ပြတိုက်အတွင်းရှိ သီဟိုဠ်ကျောက်စာ ၂ ချပ် ၃ ချပ်မှ တပါး ဘာမှ ရှာလို့ မတွေ့နိုင်သည်ကား စာရေးသူ၏ အားနည်းချက် ဟုပင် ဆိုရမလား။ ဘာပဲ ဖြစ်ဖြစ် မြတ်ဗုဒ္ဓ ကြွတော်မူခဲ့ရာ သမိုင်းဝင်နေရာကို သွားရောက်လေ့လာနေရသည်ကပင်တန်းဖိုးမဖြတ်နိုင်တဲ့ အသိတွေ ပီတိတွေ ရယူနိုင်ခဲ့သည်က အမြတ်ဟု ဆိုရပေတော့မည်တကား။ ။
စေတီဝင်းအတွင်းက လက်ရာမြောက်ရုပ်တု
ကလျာဏီစေတီ နှင့် သိမ်တော်
ပရိဘောဂစေတီထိုက်တဲ့ ဒီရတနာပလ္လင်ကို ဋ္ဌာပနာပြီးစေတီ တည်ထားတယ် လို့ သိရပါတယ်
သိမ်တော်သမိုင်း ပန်းချီကားများ
စေတီ နှင့် သိမ်တော်ကို အဝေးမှဖူးမြင်ရပုံ
ပြတိုက်အတွင်း ရှေးဟောင်းကျောက်စာများထဲက တစ်ခုပါ
လက်ရာမြောက်ပန်းအလှဖြင့် ခြေတော်ရာကို ပူဇော်ထားပုံ
ကလျာဏီသိမ်တော်အတွင်းက ရှေးဟောင်းနံရံဆေးရေး ပန်းချီကားများ

Wednesday, March 17, 2010
ဗုဒ္ဓ၀င် အကျဉ်းချုပ်ဆောင်ပုဒ်များ
မ, သိ, ကြ, လတ်၊ တွေး, ဆ, အပ်၊ နေ့မြတ် ခုနှစ်ထွေ။
သန်, ဖွား, တော, ပွင့်၊ စက်, စု, သင့်၊ ရှင်ပင့် သာကိဆွေ။
ရှင်းလင်းချက်
၁။ မ - ကြာသပတေးနေ့တွင်
သန် - ပဋိသန္ဓေ နေတော်မူပါသည်။
၂။ သိ - သောကြာနေ့တွင်
ဖွား - ဖွားမြင်တော်မူပါသည်။
၃။ ကြ - တနင်္လာနေ့တွင်
တော - တောထွက်တော်မူပါသည်။
၎။ လတ် - ဗုဒ္ဓဟူးနေ့တွင်
ပွင့် - ဘုရားပွင့်တော်မူပါသည်။
၅။ တွေး - စနေနေ့တွင်
စက် - ဓမ္မစကြာတရား ဟောတော်မူပါသည်။
၆။ ဆ - အင်္ဂါနေ့တွင်
စု - စုတိ ပရိနိဗ္ဗာန် စံတော်မူပါသည်။
၇။ အပ် - တနင်္ဂနွေနေ့တွင်
သင့် - တေဇောဓာတ် (မီးသင့်) လောင်တော်မူပါသည်။
ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး၏
ခုနစ်နေ့ဘုရားရှိခိုး
သန္ဓေယူသောနေ့ ( မ - သန် )
၁။ သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စင်္ကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည် … နတ်လူငြိမ်းဖို့ ကိန်းပါကို၊၊
ဖွားမြင်တော်မူသောနေ့ ( သိ - ဖွား )
၂။ သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗဏီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည် … နတ်လူ အောင်မြို့ လမ်းပါကို၊၊
တောထွက်တော်မူသောနေ့ (ကြ - တော)
၃။ ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည် … စုံမြိုင်ပင်ရိပ် ခန်းမှာကို။
ဘုရားဖြစ်တော်မူသောနေ့ ( လတ် - ပွင့် )
၎။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ပုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိမာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံး ကျော်သည် … သုံးဖေါ်လူတို့ ငြမ်းပါကို၊၊
ဓမ္မစကြာဟောတော်မူသောနေ့ ( တွေး - စက် )
၅။ ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည် … တရားနတ်စည် ရွမ်းတယ်ကို၊၊
ပရိနိဗ္ဗာန်စံတော်မူသောနေ့ ( ဆ - စု )
၆။ တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်, လူ, ဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည် … ဝှန်းဆူသောင်းလုံး ကျော်တယ်ကို ၊၊
တေဇောဓာတ်လောင်တော်မူသောနေ့ ( အပ် - သင့် )
၇။ နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည် … မွေတော်ရှစ်စိတ် ကြွင်းတယ်ကို၊၊
ဆုတောင်း
ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ အထွဋ်ခေါင်ဖျား၊ ကိုယ်တော်ဘုရားကို၊ သုံးပါးမှန်စွာ၊ ဝန္ဒနာဖြင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည် … ကောင်းကျိုးခပ်သိမ်း ကြွယ်စေသောဝ်။
Subscribe to:
Posts (Atom)