Friday, March 18, 2011

စိတ်ညစ်ညူးကြောင်း တရား ( ၁၆ ) ပါး

၁။ သူ့ပစ္စည်းကို ၊ ရလို အဘိဇ္ဈာ၊

အလိုကြီးက၊ ၀ိသမလောဘာ၊

အကျိုးဖျက်လို၊ ခေါ်ဆို ဗျာပါ၊

စိတ်ဆိုးက၊ ကောဓ မှတ်လေပါ။

၂။ ရန်ငြိုးဖွဲ့က ဥပနာဟာ၊

ကျေးဇူးဖျက်က ၊ မက္ခ မှတ်ပါ၊

ဂုဏ်ရည် ယှဉ်တု ၊ ပြိုင်မှု ပဠာသာ၊

မနာလို ၊ ခေါ်ဆို ကြီး ဣဿာ ။

၃။ နှမြောလေဘိ ၊ မစ္ဆရိယာ ၊

မိမိပြစ်များ ၊ ဖုံးထား မာယာ ၊

ဂုဏ်မရှိပြန် ၊ ရှိဟန်ဆောင်ကာ ၊

ထုတ်ဖော်က ၊ မှတ်ကြ သာဋ္ဌေယျာ ။

၎။ မာန်ခက်ထန်က ၊ ထမ္ဘ မှန်စွာ ၊

သူ့ထက်ကဲပို ၊ ပြုလို သာရ မ္ဘာ ၊

ထောင်လွှား မာန ၊ ယစ်က မဒါ ၊

ထောင်လွန်းဘိ ၊ အတိမာန သာ ၊

ကုသိုလ်များ၊ မေ့ငြား ပမာဒါ ။

၅။ ဤဆယ့်ခြောက်ပါး ၊ စိတ်အား မဲစေ ၊

ဝတ္ထသုတ်မှ ၊ ထုတ်ပြသလေ

ကိလေမှန်သမျှ ၊ ကျန်ကြတာတွေ ၊

သူတို့လဲ ၊ စိတ်မဲ ညစ်ကျူစေ ။

စိတ်ညစ်ညူးကြောင်း တရား ( ၁၆ ) ပါး

၁။ သူ့ပစ္စည်းကို ၊ ရလို အဘိဇ္ဈာ၊

အလိုကြီးက၊ ၀ိသမလောဘာ၊

အကျိုးဖျက်လို၊ ခေါ်ဆို ဗျာပါ၊

စိတ်ဆိုးက၊ ကောဓ မှတ်လေပါ။

၂။ ရန်ငြိုးဖွဲ့က ဥပနာဟာ၊

ကျေးဇူးဖျက်က ၊ မက္ခ မှတ်ပါ၊

ဂုဏ်ရည် ယှဉ်တု ၊ ပြိုင်မှု ပဠာသာ၊

မနာလို ၊ ခေါ်ဆို ကြီး ဣဿာ ။

၃။ နှမြောလေဘိ ၊ မစ္ဆရိယာ ၊

မိမိပြစ်များ ၊ ဖုံးထား မာယာ ၊

ဂုဏ်မရှိပြန် ၊ ရှိဟန်ဆောင်ကာ ၊

ထုတ်ဖော်က ၊ မှတ်ကြ သာဋ္ဌေယျာ ။

၎။ မာန်ခက်ထန်က ၊ ထမ္ဘ မှန်စွာ ၊

သူ့ထက်ကဲပို ၊ ပြုလို သာရ မ္ဘာ ၊

ထောင်လွှား မာန ၊ ယစ်က မဒါ ၊

ထောင်လွန်းဘိ ၊ အတိမာန သာ ၊

ကုသိုလ်များ၊ မေ့ငြား ပမာဒါ ။

၅။ ဤဆယ့်ခြောက်ပါး ၊ စိတ်အား မဲစေ ၊

ဝတ္ထသုတ်မှ ၊ ထုတ်ပြသလေ

ကိလေမှန်သမျှ ၊ ကျန်ကြတာတွေ ၊

သူတို့လဲ ၊ စိတ်မဲ ညစ်ကျူစေ ။

အတ္တပယ်မှ နိဗ္ဗာန်မြင်မည်

နိဗ္ဗာန်မဂ်ဖိုလ် ရလိုကြောင်းနဲ့ ဆုတောင်းခဲ့တာများလှပြီ၊

ဝိဇ္ဇာဥာဏ်မပါ ဓမ္မတာတောင်းမို့၊

အာညောင်းရုံပဲ မောဖတ်တင်မည်။

ဒါနပြုခါ အခါခါတောင်းလည်း

ငါ(အတ္တ) ကောင်းချင်မှု ခုခံနေသည်၊

ငါတစ်လုံးပယ် ကွယ်ကာပေးမှ၊

လွန်စွာမနှေး နိဗ္ဗာန်မြင်လိမ့်မည်။

                               စစ်ကိုင်းတိုင်း ဆားတောင်ရွာ ဆားတောင်ဆရာတော်ဘုရားကြီး ဦပညာဏိက ၏ ဆုံးမ စကား

အတ္တဆန်သော ဤလောက

လူဆိုသည်မှာ အတ္တသမား ၊

ကိုယ့်အတွက်တော့ တကွက်ထား ၊

သူများမှားတာ မြင်ပါလျင် ၊

မေးငေါ့ မဲ့ရွဲ့ အပြစ်တင် ၊

ကိုယ့်မှာပင် မှားပြန်က ၊

ဖုံးလိုက် ဖိလိုက်ကြ ။

အတ္တဆန်သော ဤလောက ၊

အံ့သြဖွယ် ရှိစွ ။     

( အရှင်တေဇောဘာသ )

အတ္တဆန်သော ဤလောက

လူဆိုသည်မှာ အတ္တသမား ၊

ကိုယ့်အတွက်တော့ တကွက်ထား ၊

သူများမှားတာ မြင်ပါလျင် ၊

မေးငေါ့ မဲ့ရွဲ့ အပြစ်တင် ၊

ကိုယ့်မှာပင် မှားပြန်က ၊

ဖုံးလိုက် ဖိလိုက်ကြ ။

အတ္တဆန်သော ဤလောက ၊

အံ့သြဖွယ် ရှိစွ ။     

( အရှင်တေဇောဘာသ )

သူ့ကို ဂုဏ်နှိမ့် ကိုယ့်ဂုဏ် နိမ့်၏

သူ့ကို ချီးမြှောက် ၊ ကိုယ့်ဂုဏ်မြောက်၏ ၊

 ယွင်းဖောက်အလို ၀န်မတိုနှင့်၊

 သူ့ကို ဂုဏ်နှိမ့်၊ ကိုယ့်ဂုဏ် နိမ့်၏ ၊

 စည်းစိမ်အရာ ၊ သူ့ချမ်းသာ၌ ၊

 ဣဿာ မပြု  ၀မ်းမြောက် ရှုလော့ ၊

 သူ့ကို စောင့်မှ ၊ သူက ကိုယ့်ကို ၊

 ကြည်ညို မေတ္တာ ၊ စောင့်နိုင်ရာ၏ ။

 ( မဃဒေ၀ ၊ ၁၈၅ )

Friday, March 11, 2011

ခန္ဓာကိုယ်ကို ဓာတ်ကြီး ၄ ပါးဖြင့်သရုပ်ခွဲခြင်း ( သို့ ) မဟာဘုတ်ရုပ်ကြီး ( ၄၂ ) ပါး

အကျဉ်းဆောင်ပုဒ်။         ။ အာပေါ ဆယ့်နှစ်သွယ် ၊ နှစ်ဆယ် ပထ၀ီ ၊လေးလီ တေဇော ၊ ခြောက်ဝါယော ၊မှတ်လော လေးဆယ့် နှစ် ။

ပထ၀ီ ဓာတ် အမျိုးအစား (၂၀ )

ဆံပင် မွေးညှင်း ၊ ခြေသည်း လက်သည်း ၊ သွား ၊ အရေ ၊

အသား အကြော ၊ အရိုး ၊ ရိုးတွင်းခြင်းဆီ ၊ အညှိုး ၊

နှလုံး အသည်း ၊ အမြှေး ၊ အပြင် ၊ အဆုတ် ၊

အူမ ၊ အူသိမ် ၊ အစာသစ် ၊ အစာဟောင်း ၊ ဦးနှောက် ၊

ဤကောဋ္ဌာသ နှစ်ဆယ် တွင် ၊ ပထ၀ီဓာတ် လွန်ကဲ၏ ။

အာပေါဓာတ် ( ၁၂ ) ပါး

သည်းခြေ ၊ သလိပ် ၊ ပြည် သွေး ၊ ချွေး ၊ အဆီခဲ ၊

မျက်ရည် ဆီကြည် ၊ တံတွေး ၊ နှပ် ၊ အစေး ၊ ကျင်ငယ် ။

ဤဆယ့်နှစ်ပါးတွင် အာပေါဓာတ်၊ လွန်ကဲ၏ ။

တေဇော ဓာတ် ( ၄ ) ပါး

သန္တပ္ပန တေဇော = အဖျားရှိန် အပူငွေ့ ။

ဇီရဏ တေဇော = အိုမင်းရင့်ရော်စေသော အပူငွေ့ ။

ဒါဟ တေဇော = မခံသာအောင် အလွန်ပူသော အပူငွေ့ ။

ပါစက တေဇော = အစာချေသော ၀မ်းမီး အပူငွေ့ ။

ဤလေးပါးတွင် တေဇောဓာတ် လွန်ကဲ၏။

ဝါယောဓာတ် ( ၆ ) ပါး

ဥဒ္ဓင်္ဂမ ၀ါယော            = အထက်သို့ ဆန်သော လေ ။

အဓောဂမ ၀ါယော        = အောက်သို့ စုန်သော လေ ။

ကုစ္ဆိသယ ၀ါယော        = အူ၏ပြင်ဘက် ၀မ်းတွင်းမှာ ရှိသောလေ ။

ကောဋ္ဌာသယ ၀ါယော   = အူအတွင်းမှာ ရှိသော လေ ။

အင်္ဂမင်္ဂါနုသာရိ ၀ါယော = အင်္ဂါကြီးငယ်တို့၌ လျောက်နေသော လေ ။

အဿာသ ပဿာသ ၀ါယော = ထွက်သက် ၀င်သက်လေ ။

ဤခြောက်ပါးတွင် ၀ါယောဓာတ် လွန်ကဲ၏ ။

Thursday, March 10, 2011

“ မကိုင်နဲ့ အကပ် ပျက်လိမ့်မယ် ”

ဗုဒ္ဓဘာသာဝင်  လူပုဂ္ဂိုလ်များအနေဖြင့် ရဟန်းသံဃာတော်များအား ဆွမ်းခဲဖွယ် ဘောဇဉ်စသည်ကို စားပွဲဖြင့် ကပ်လှုပြီးပါက တစ်ယောက်ယောက်က ကိုင်ယူလျင်ဖြစ်စေ၊ ထိလျင်ဖြစ်စေ၊ သွား မကိုင်နဲ့၊ ကိုင်လို့မရဘူး၊ ထိလို့ မရဘူး၊ အဲလို ထိမိရင် အကပ်ပျက်တယ်၊ ဘုန်းကြီးတွေမှာ အာပတ်သင့်တယ်၊ စသဖြင့် စာရေးသူတို့ ငယ်စဉ်ကတည်းက ကြားဖူးနေကျ စကားတစ်ခွန်းဖြစ်နေသောကြောင့် ကြားရတာ နားယဉ်နေပေပြီ၊

အမှန်ကား လူဒကာ ဒကာမတို့အနေဖြင့် ဘုန်းပေးစေလိုသော သဒ္ဓါ စေတနာတို့က ထက်သန်နေကြသော ကြောင့်သာ ဝေးနေသော ဆွမ်းခွက် ဟင်းခွက်စသည်ကို ကိုင်ယူကြခြင်းဖြစ်၏၊  အကပ်ပျက်စေလိုသော အလှုရှင် တစ်ယောက်တစ်လေမျှ ရှိမည်မထင်ပေ၊

လိုရင်းမှတ်ရန်မှာ ကပ်လှုပြီးသော ဆွမ်း ဟင်းခဲဖွယ် ဆန် ဆီ စသော အရာဝတ္ထုပစ္စည်းအားလုံးကို ရဟန်းတော်များက ရော့ ယူသွားကြတော့ -- စသည်ဖြင့် ပါးစပ်ဖြင့်၎င်း၊ အမူအရာဖြင့်၎င်း မပြောသေးလျင် လူဒါယကာတို့က ဘယ်လိုပင် ကိုင်ကိုင် ရွှေ့ရွှေ့ ပြုလုပ်ပါသော်လည်း အကပ်မပျက်ပါ၊ ထို့ကြောင့် ဆက်လက် ဘုန်းပေးသုံးဆောင်ကောင်းပါသည်။

အကပ်ပျက်ကြောင်း အင်္ဂါ ( ၆ ) ပါး

၁။ စွန့်  =  စားသောက်ဖွယ် များကို ရဟန်းများက အာလယပြတ် စွန့်လျင် အကပ်ပျက်ပါသည်။

၂။ ချ  =  ကပ်ထားပြီးသား စားပွဲတွင်ထိုင်စဉ် ရဟန်းတော်သည် သိက္ခာချကာ လူထွက်သွားလျင်လဲ အကပ်ပျက်ပါသည်။

၃။ ပေး  =  စားသောက်ဖွယ်များကို လူဒကာတို့အားဖြစ်စေ၊ သာမဏေတို့အားဖြစ်စေ ပေးလိုက်လျင်လဲ အကပ်ပျက်သည်။

၎။ လု  =  ရဟန်းတော်က မပေးသော်လည်း လူဒကာတို့က အတင်းအဓမ္မ လုယူသွားလျင်၎င်း၊ အကျွမ်းဝင်လို့ ယူသွားလျင်၎င်း  အကပ်ပျက်သည်။

၅။ မစ္စု  = အကပ်ခံပြီး ဘုန်းပေးသုံးဆောင်နေဆဲ ရဟန်းတော် ပျံလွန်တော်မူ ( သေ )သွားလျင်လဲ အကပ်ပျက် သည်။

၆။ လိင်ပြန်  = ယောကျာ်းစင်စစ်ရဟန်းဘ၀မှ အမျိုးသမီးဘ၀သို့ ပြောင်းလဲသွားခြင်း ဟူသော နပုံး ပဏ္ဍုပ်ဘ၀သို့ တစ်ထိုင်တည်း ပြောင်းလဲသွားလျင်လဲ အကပ်ပျက်ပါသည်။

ဆောင်ပုဒ်။     ။ စွန့်၊ ချ၊ ပေး၊ လု၊ မစ္စု၊ လိင်ပြန်၊ ဤ ၆ တန်၊ ကပ်ခံ ပျက်ကြောင်းတည်း

အကိုး။   ။ ကျေးဇူးတော်ရှင် သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ကြီး၏ ဒုလ္လဘသိဖွယ် ၀ိနည်းငယ်

နစ္စဂီတ နှင့် မာလာဂန္ဓ သိက္ခာပုဒ် ပေါင်းခြင်း + ခွဲခြင်း

ငယ်စဉ်အရွယ်ကတည်းက အဖြေကို စိတ်ဝင်စားသော်လည်း  ကောင်းကောင်းနားမလည်သေးသော နစ္စဂီတ ၀ါဒိတ ၀ိသူက ဒဿန သိက္ခာပုဒ်နှင့် မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန စသော သိက္ခာပုဒ်နှစ်ပုဒ် တို့၏ ပေါင်းခြင်း ခွဲခြင်းကို ဟိုအရင်က နားမလည်ခဲ့၊ အဘယ့်ကြောင့်ဆိုသော် လူပုဂ္ဂိုလ်တို့ ရှစ်ပါးသီလ ဆောက်တည်ကြလျင် တပုဒ်တည်း ပေါင်းကာ တိုင်ပေးရွတ်ဆိုပေးသော်လည်း ရှင်သာမဏေတို့၏ ဆယ်ပါးသီလ၌ကား သိက္ခာပုဒ်နှစ်ပုဒ်ခွဲကာ ရွတ်ဆိုရသည့်အတွက် စိတ်ထဲ၌ အထူးအဆန်းသဖွယ် ဖြစ်နေ မိခဲ့၏၊ ယင်းအချက်ကို အမှတ်မထင် ရှာဖွေတွေ့ရှိရသည့်အတွက်  မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

လူတို့ ရှစ်ပါးသီလ ဆောက်တည်ကြရာတွင် --

နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ - ကခုန်ခြင်း၊ သီချင်းဆိုခြင်း၊  တူရိယာတို့ ဖြင့် တီးမှုတ်ခြင်း၊ ကြည့်ရှုနားထောင်ခြင်းတို့သည်၎င်း၊

မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ - ပန်းပန်ခြင်း၊ သနပ်ခါး နံ့သာလိမ်းခြင်း၊ မျက်နှာမှာရှိသော အဖုအပိန့် အချိုင့်အခွက် နေရာတို့ကို နံ့သာဖြင့် ဖို့ကာလိမ်းကျံခြင်း တို့သည် ၄င်း ကာမဂုဏ်အရာမှာ လျပ်ပေါ်ခြင်း ဟူသော ကာယကံမှု ချိုးဖောက်ခြင်းအားဖြင့်  တူညီကြ၏၊ ထို့ကြောင့် တပုဒ်ထဲ ဆောက်တည်နိုင်ခြင်း ဖြစ်၏။  (ဆိုလိုရင်းကား) လူတို့အတွက် သူတပါးကို ဥပုသ်ဆောက်တည်ရန် သွားစဉ် နှုတ်ဖြင့် အားပေး တိုက်တွန်းရုံဖြင့် သိက္ခာပုဒ် မကျိုးပေါက်ပါ။

ရှင်သာမဏေတို့၏ ဆယ်ပါးသီလ၌ကား --

(၁) နစ္စ ဂီတ သိက္ခာပုဒ်၌ပင် ကိုယ်တိုင်ချိုးဖောက်ရုံကာမက သူတပါးကိုလည်း တိုက်တွန်းကာ  ကခုန်စေခြင်း၊ သီဆိုစေခြင်း၊  တီးမှုတ်စေခြင်း ၊ ကြည့်ရှုနားထောင်စေခြင်း အားဖြင့် ကာယကံ ၀စီကံအမှုအားဖြင့် နှစ်မျိုးဖြစ်လာ၏။

(၂)  မာလာဂန္ဓ သိက္ခာပုဒ်တွင် ပန်းပန်ဖို့ သနပ်ခါး နံ့သာလိမ်းဖို့  စသည်အားဖြင့် ကိုယ်တိုင် အားထုတ်မှ သီလကျိုးခြင်း ကာယကံမှုသာ သက်ဆိုင်၏၊ ဤသို့ ရှေ့တစ်ပုဒ်က ကာယကံ ၀စီကံဖြင့် သက်ဆိုင်ပြီး နောက်တပုဒ်က ကာယကံဖြင့်သာ စပ်ဆိုင်သောကြောင့် ၂ ပုဒ်ခွဲကာ ဆောက်တည်ကြရပေသည်။