Thursday, February 18, 2010

ချစ်ခြင်းရဲ့ နောက်ကွယ်

တစ်နေ့ဆီက ကျွန်တော်အိမ်ကို ကျောင်းသူတစ်ယောက်ရဲ့ မိခင် ရောက်လာတယ်။

“ဆရာ…ကျွန်မရဲ့သမီးက ဆရာ့တပည့်ပါ။ သူက အရပ်ထဲကကောင်းလေး တစ်ယောက်နဲ့ သမီးရည်းစားဖြစ်နေတယ်။ ကျွန်မတို့က သူ့ကိုဆုံးမတဲ့အခါ ပို ပြီးအရွဲ့တိုက်တယ်။ ဆရာ့စကားဆိုရင်…သမီးကနားထောင်ပါတယ်။သမီးကို ဆုံးမပေးပါဦး….ဆရာ။”

ဒီလိုပါ….တစ်နေ့တုန်းက ကျွန်တော့်စာသင်ခန်းမှာ ကျောင်းသားတစ် ယောက်ရဲ့ဖခင်က သူ့သားအကြောင်းလာပြောတယ်။ “ဆရာ…ကျွန်တော့်သားက ဆရာ့စကားဆိုရင် နားထောင်ပါတယ်။ ဒီကောင့်ကိုဆုံးမပေးပါအုံး။ ဒီကောင်ရည်းစားရှိနေတယ်။ အရပ်ထဲကကောင်မ လေးတစ်ယောက်နဲ့
တွဲနေတယ်။ ကျွန်တော်ပြောရင် ဒီကောင်က နားမထောင် ဘူး။”

တစ်နေ့တုန်းကလည်း ကျွန်တော်ရဲ့သူငယ်ချင်းက သူ့သမီး အကြောင်း ကို ရင်ဖွင့်တယ်။

“ငါ့သမီးက တက္ကသိုလ်ကျောင်းသူလည်းဖြစ်သွားရော..၀တ်တာစားတာကို ငါ…ကြည့်လို့မရဘူး။ ငါ့သမီးက ကျောင်းသူနဲ့ မတူတော့ဘူး။ ကျောင်းသွားတာ နဲ့လည်း မတူဘူး။ မော်ဒယ်ရှိုးလျှောက်မယ့် မင်းသမီး ကျနေတာပဲ၊ ဆံပင်က အနီရောင်နဲ့၊ ဘောင်းဘီအကျပ်နဲ့။ ငါ့သမီးရဲ့ သူငယ်ချင်းမိန်းကလေးတွေ ကလည်း ငါ့သမီးအတိုင်းပဲ ၀တ်ကြတယ်။ ငါ့တို့ဘယ်လိုလုပ်ကြမလဲ။ ငါ့သမီးက မင်းရဲ့ သမီးပဲလေ။ သူတို့လို လူငယ်တွေကို အမှန်သိအောင် ငါတို့ဘယ်လိုဆုံး မကြမလဲ။

ဟုတ်ပါတယ်။ ဒီနေ့လူငယ်တွေဟာ…ကျွန်တော်တို့ ငယ်စဉ်ကနဲ့ မတူပါ TV နဲ့ကြီးပြင်းလာကြတယ်။ ကိုရီးယားကားတွေနဲ့ ကြီးပြင်းလာကြတယ်။ အင်တာနက်နဲ့ ကြီးပြင်းလာတဲ့သူတွေဖြစ်တယ်။ MP-3, MP-4 ထဲမှာ စာရိတ္တပျက်ယွင်းစေတဲ့ ရုပ်ပုံတွေ၊ ရုပ်ရှင်တွေထည့်ပြီး ကြည့်ဖူး၊ မြင်ဖူးနေတဲ့သူ တွေဖြစ်တယ်။ အရွယ်နဲ့မမျှတဲ့ မျက်လုံးတွေ စိတ်ခံစားချက်တွေနဲ့ လောကကို ရှုမြင်ကြတယ်။

၁၅နှစ်လောက်ဆိုရင်ကို ကြားဖူးနားဝကရှိနေပြီ။ ကျောင်းတွေမှာ MP-3, MP-4 Player တွေနဲ့ ဟိုပုံ ဒီပုံတွေကို ကြည့်ဖူးကြတယ်။ မြင်ဖူးကြတယ်။ ဒီတော့…စိတ်ကစားလွယ်ကြတယ်။ စိတ်ကစားလို့ အချစ်လို့ထင်ကြတယ်။ အဲဒီ အချစ်လို့ဆိုတာကြီးကိုခံစားပြီးမှ မှားကြတယ်။ ဘ၀ပျက်ကြတယ်။ နောက်ဆုံး ရောဂါရကြတယ်။

ညပိုင်းမှာ ကျုံးနံဘေး နဲ့ ကန်တော်ကြီးဘက်မှာ ချစ်သူစုံတွဲတွေ အများကြီးတွေ့နိုင်ပါတယ်။ ဆိုင်ကယ်တွေလည်းပေါတယ်။ လူငယ်တိုင်းနီးပါး ဆိုင်ကယ်စီးတက်ပါတယ်။ ဒီလိုနဲ့ “ရွှတ်ကနဲ” အိမ်ကပျောက်သွားတယ်။ တစ်နေရာမှာ ချစ်သူနဲ့ ချစ်ခဲ့ကြတယ်။ မှားခဲ့ကြတယ်။ မိဘတွေကတော့…ကိုယ့် သားသမီးကို ကလေး လို့ အမြဲထင်တယ်။ သူတို့က အတွေ့အကြုံတွေစုံလိုက် တာ…ကျွန်တော်တို့ထက်သာတယ်။

ဒီနေရာမှာ…လူငယ်တွေကို စာရိတ္တနဲ့ကျန်းမာရေး အကြောင်းပြောဖို့လို လာတယ်။ A ဆိုတာ..လူငယ်တိုင်းသိတာပဲ။ ဘယိလိုနေပါ။ ဘယ်လိုထိုင်ပါ။ ဘယိလိုဆက်ဆံပါ…ဆိုတာ သူတို့ကျွမ်းကျင်ပြီးသားပါ။ ဒါကိုအလွဲသုံးစားလုပ် ကြတယ်။ ကိုယ့်ရဲ့ချစ်သူမှာ A မရှိဘူးလို့ ဘယ်သူမှ မသိနိုင်ဘူး။ စာရိတ္တ ကောင်းကောင်းနဲ့ ကိုယ်ကျင့်တရား ထိန်းသိမ်းနိုင်စွမ်းဟာ လူငယ်တစ်ယောက် ရဲ့ အဓိကစွမ်းအားဖြစ်တယ်။ စာတော်တယ်။ အမှတ်ကောင်းတယ်။ငွေရှိတယ်။ ဂုဏိရှိတယ်။ ဘွဲ့ရတယ်။ ပညာတက်တယ်။ ဒါပေမယ့် ကိုယ်ကျင့်တရားမ ကောင်းရင် အဲဒါတွေ ဘာလုပ်မှာလဲ။ I Love You ဆိုတဲ့စကားနေရာမှာ I Like You တွေ ခေတ်စားလာတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းက I Love Only One ပါ။ ဒီနေ့လူငယ်တွေမှာ I Love Everyone ဖြစ်နေကြပြီ။ ဒီတော့ ရောဂါရ လွယ်တာပေါ့။

တချို့လူငယ်တွေက ကိုယ်ချစ်သူနဲ့ အတူနေတာပဲ…A မဖြစ်အောင် နေမှာပေါ့လို့ ပြောကြတယ်။ အသည်းရောဂါ C ပိုးဆိုတာ တစ်ယောက်ရဲ့ နှုတ်ခမ်းကို တစ်ယောက်ကနမ်းရင်လည်း ကူးနိုင်တာပဲ။ ကိုယ့်ချစ်သူမှာ အသည်းရောပါ C ပိုးမရှိဘူးလို့ ဘယ်သူအာမခံနိုင်မှာလဲ။ A ထက် C က ပိုပြီးတော့ကြောက်စရာကောင်းတယ်။ C ပိုးဆိုတာ လူ့အသုံးအဆောင် ပစ္စည်း ကနေတဆင့် ကူးနိုင်တယ်။ အိမ်မှာ C ပိုးရောဂါရှိတဲ့သူရဲ့ သောက်ရေခွက်၊ ထမင်းပန်းကန်၊ အ၀တ်အစား၊ အိပ်ရာ၊ အိပ်ရာခင်းကအစ သီးခြားစီထားပြီးသုံး ကြရတယ်။ တကယ်လို့များ ကိုယ်ချစ်တဲ့ကိုယ့်ချစ်သူမှာ အသည်းရောဂါ C ပိုး ရှိနေတယ်ဆိုရင် သူ့ရဲ့ အနမ်းတစ်ပွင့်အောက်မှာ ကိုယ့်ရဲ့ဘ၀တစ်ခုလုံးပျက်သုံး သွားနိုင်တယ်။ ကိုယ့်မှာ C ပိုး ကူးစက်ခံရပြီဆိုရင် ကိုယ့်မိသားစုနဲ့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ကြောင့်ပြန်ပြီး ဒီရောဂါ ပျံ့နှံ့ သွားနိုင်တယ်။

ဒီတော့…ဒီနေ့အချိန်မှာ ရည်းစား ထားရတာမလွယ်ပါဘူး။ အဲဒီ A နဲ့ C ကြောင့် အသက်နဲ့ ရင်းပြီး ရည်းစားထားကြရတယ်။ အသက်နဲ့ရင်း ပြီး ချစ်ကြ ရတယ်။ ဒါကြောင့် တစ်ယောက်ကိုတစ်ယောက် အလွယ်တကူ မချစ်သင့်ဘူး။ အဖြေမပေးသင့်ဘူး။ ရင်းရင်းနှီးနှီးမနေသင့်ဘူး။

လူငယ်တွေကိုပြောချင်တယ်…………..အလှတရားဆိုတာ အလင်းရောင် အောက်မှာသာ ခံစားလို့ရတယ်။ ကိုယ်ကျင့်တရားနဲ့ စာရိတ္တဆိုတာ အလင်း အမှောင်မရွေးဘူး။ ဒီတော့ အလှတရားနဲ့ ကိုယ်ကျင့်တရားနှစ်ခုမှာ ဘယ်သူက ပိုပြီးတန်ဖိုးရှိသလဲဆိုတာ စဉ်းစားကြည့်စေချင်တယ်။ အလင်းအမှောင်မရွေး တန်ဖိုးရှိနေတဲ့ ကိုယ်ကျင့်တရားကို အလင်းရောင်ရှိမှ သာခံစားလို့ရတဲ့ အလှတရားနဲ့ မလဲသင့်ဘူး။ စတေး မပစ်သင့်ဘူး။

ဒီလိုပဲ….မိန်းကလေးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုထက် ဘယ်ယောက်ကျားကိုမှ ပိုပြီးတန်ဖိုးမထားသင့်ဘူး။ ကိုယ့်မိဘ မေတ္တာရိပ်ထက် ဘယ်အရိပ်ကို မှ အထင်မကြီးသင့်ဘူး ကိုယ့်ကိုယ်ကိုထက် ကိုယ့်ချစ်သူကောင်လေးကိုပိုပြီး တန်ဖိုးထားလိုက်မိရင် ကိုယ်ခံလိုက်ရပြီသာမှတ်ပေတော့။

ချစ်သူဆိုတာ မြားနတ်မောင်လက်ဆော့လို့ ဖြစ်လာတဲ့လက်ဆောင် တစ်ခုပါ။ မြားနတ်မောင်ကလည်း ခဏခဏ လက်ဆော့တက်တယ်။ အချစ်ဆို တဲ့လက်ဆောင်တွေ ခဏခဏ ရတက်တယ်။ ဒါပေမယ့် မိဘဆိုတာ ဘုရားပေးတဲ့ လက်ဆောင်ဖြစ်တယ်။ ဘုရားက မြားနတ်မောင်လို လက်မဆော့ဘူး။ ဒါကြောင့် ဘုရားပေးတဲ့လက်ဆောင်ကို တန်ဖိုးထားတက်ဖို့လိုတယ်။ အခုတော့ ဘုရားပေးတဲ့လက်ဆောင်ရဲ့
တန်ဖိုးကိုမေ့ပြီး မြားနတ်မောင်လက်ဆော့တဲ့ လက်ဆောင်တွေကို ခဏခဏ တန်ဖိုးထားနေမိတက်ကြတယ်။ တွေးကြည့်ရင် ရင်လေးစရာ ကောင်းလိုက်တာနော်။

ချစ်သူဆိုတာ ကိုယ့်ရဲ့အောင်မြင်မှုတွေကို ကိုယ်နဲ့ထပ်တူခံစားသူဖြစ် ကောင်းဖြစ်မယ်။ ဒါပေမယ့် မိဘဆိုတာ ကိုယ့်ရဲ့ အောင်မြင်မှုတွေကို ကိုယ့်ထက်အဆပေါင်းများစွာ ခံစားတက်သူဖြစ်တယ်။ ဒီလိုပဲ ချစ်သူဆိုတာ ကိုယ့်ရဲ့ ကျရှုံးမှုတွေကို ဝေမျှပြီး ခံစားသူဖြစ်ချင်ဖြစ်မယ်။ မိဘကတော့ ကိုယ့်ရဲ့ ကျရှုံးမှု တွေကို ကိုယ့်ထက်ပိုပြီး ခံစားပေးမယ့်သူ ဖြစ်တယ်။

မိဘစကားဆိုတာ ရိုးသားတဲ့မေတ္တာစကားဖြစ်တယ်။ ချစ်သူစကားဆိုတာ တခုခုကိုလိုချင်လို့ တပ်မက်မှုတွေကို ဖုံးကွယ်ထားတဲ့ မုသားစကားဖြစ်တယ်။

ချစ်သူတစ်ယောက်ရဲ့ အချစ်မှာ အပြန်အလှန်သဘောတွေရှိတယ်။ အတိုင်းအတာတွေရှိတယ်။ အကန့်အသတ်တွေရှိတယ်။ မိဘတစ်ယောက်ရဲ့ အချစ်မှာ အပြန်အလှန်သဘောတွေ မရှိဘူး။ အတိုင်းအတာတွေ အကန့် အသတ်တွေ မရှိဘူး။

ချစ်သူတစ်ယောက်ရဲ့ အချစ်မှာ အစရှိတယ်။ အဆိုးရှိတယ်။ မိဘတွေရဲ့ အချစ်မှာ အစလည်းမရှိဘူး။ အဆိုးလည်းမရှိဘူး။

အချစ်ဆိုတာ လိုက်ရှာစရာမလိုပါဘူး။

ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင်နေပါ။ ကိုယ်ကျင့်တရားကောင်းအောင် နေပါ။ မျိုးရိုးဂုဏ်ကိုထိန်းပါ။ အများအကျိုးဆောင်ရွက်ပါ။ အရွယ်နဲ့ ထိုက်တန်တဲ့ အလုပ်ကိုလုပ်ပါ။ ရိုးသားပါ။ စာရိတ္တကောင်းနဲ့ ရှင်သန်နေထိုင်ပါ။ ဒါဆိုရင်… တန်ဖိုးရှိတဲ့ အချစ်တွေ အလိုလိုနေရင်း ကိုယ်ဆီကိုရောက်လာပါလိမ့်မယ်။ A နဲ့ C ကြောင့် ဒီနေ့ခေတ်မှာ စဉ်းစဉ်းစားစား ချစ်သင့်တယ်။

ချစ်ရတာ မလွယ်ပါလားနော်…………………………………….။
Written by myimyo06

Tuesday, February 16, 2010

ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်း

ဂုဏ၀န္တေ ပဿန္တိ ဇနာ -

သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် ကြီးမြတ်ပြည့်စုံကြကုန်သော ဂုဏ်ရှိသူ ( အထက်တန်း ရောက်သူ ) တို့ကို ရဟန်း ရှင်လူအပေါင်းတို့သည် အရေးတယူ လေးစား ပူဇော်မြတ်နိုး ကြကုန်၏၊

ငယ်ငယ် သာမဏေဘ၀က ကျက်မှတ်ခဲ့ဖူးတဲ့ ကစ္စည်းသဒ္ဒါကြီးပါဋ္ဌ် ထဲက စာသားလေးပါ၊ သိပ်ပြီးတော့ ထိမိ လေးနက်တဲ့ အဓိပ္ပါယ်တွေ များစွာပါဝင်နေတဲ့ စကားဆိုရင်လဲ မမှားပါဘူး၊ နောက်ထပ်လဲ ( သိပ္ပါ သမံ ဓနံ နတ္ထိ ) ပညာနှင့်တူသော ဥစ္စာ မရှိဘူး။ လို့ ကျမ်းဂန်များမှာ ဆိုထားတာ ရှိပါသေးတယ်။

ဆိုလိုချင်တာက ပူဇော်ထိုက်သူကို ပူဇော်ဖို့အတွက် ရင်ထဲမှာ ၀မ်းသာကြည်နူး မုဒိတာ စိတ်နဲ့ လှိုက်လှိုက်လှဲလှဲ ဖြစ်မိတဲ့ အတွက် ဒီပို့စ်လေးကို ရေးပြီး ပူဇော်မိပါတယ်။ မြန်မာပြည် ပညာရေးရဲ့ အဆင့်မြင့်ဆုံး စာမေးပွဲ အခက်ဆုံး ရက်အရှည်ကြာဆုံး ( အာဂုံစာမေးပွဲ အတွက် တစ်လ တိတိကြာမြင့်ပါတယ် ) ရေးဖြေစာမေးပွဲအတွက် မပါသေးပါဘူး။ အဲဒီလောက် ခက်ခဲတဲ့ ဆိုရမယ့် တိပိဋကဓရ စာမေပွဲကြီးကို ကျင်းပလာခဲ့တာ နှစ်ပေါင်း ၆၂ နှစ် ရှိခဲ့ပါပြီ၊

အားလုံးပေါင်း ပိဋကတ်သုံးပုံကို အာဂုံရော ရေးဖြေပါ အောင်မြင်တော်မူကြတဲ့ ဆရာတော်များကတော့ သမိုင်းကြောင်းအရ ရှားရှားပါးပါး ၁၂ ပါးသာ ရှိခဲ့ပါတယ်။ ယခု နောက်ဆုံး အောင်မြင်တော်မူသော အရှင်အဘိဇာတာဘိဝံသ နှင့်တကွ ရှေးရှေးသော တိပိဋက ဆရာတော်များကို ဂုဏ်ပြုပူဇော်သောအားဖြင့် အခြားသော ရဟန်းရှင်လူများလဲ သိရှိနားလည် ကြည်ညိုစေချင်လို့ပါ။

ကမ္ဘာ့ မှတ်ဥာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် အင်္ဂလန် နိုင်ငံက ၁၉၈၅ ခုနှစ်ထုတ် ဂရင်းနစ် မှတ်တမ်းစာအုပ် စာမျက်နှာ ၁၆ မှာ ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်တမ်း အတင်ခံရတဲ့ သုတဗုဒ္ဓ ဘဒ္ဒန္တ၀ိစိတ္တသာရာ ဘိဝံသ မှာ အစဦးဆုံး တိပိဋကဓရ ဆရာတော်ကြီး အဖြစ်မြန်မာမှာမက ကမ္ဘာ့နိုင်ငံတွေကပါ အသိအမှတ်ပြုထားခံရဆဲပါ။

၁။ ကမ္ဘာ့ မှတ်ဥာဏ် အကောင်းဆုံး ပုဂ္ဂိုလ် ဆိုတာ ဘယ်လိုပုံစံလဲ ?
၂။သူ့ရုပ်ရည် နဲ့ ဦးခေါင်းတော်က ဘယ်လိုပုံစံဖြစ်မလဲ ?
၃။ဘယ်လို နေထိုင်သီတင်း သုံးပြီး ဘ၀ကို ဖြတ်သန်းခဲ့သလဲ ?

စတဲ့ သိလိုသော စူးစမ်းလိုသော ကမ္ဘာအရပ်ရပ်က နိုင်ငံပေါင်းစုံက နိုင်ငံခြားသားများစွာဟာ မှတ်တမ်းစာအုပ်ကို ဖတ်မိပြီး မင်းကွန်းဒေသအထိ ကုန်းကြောင်း နဲ့ တမျိုး ရေကြောင်း မော်တော်နဲ့တဖုံ အရောက်သွားလေ့လာခဲ့ကြတဲ့ အဖွဲ့ပေါင်းများစွာ ကို စာရေးသူကိုယ်တိုင် အင်တာဗျူးအနေနဲ့ ခဏခဏ မေးမြန်းဘူးပါတယ်၊

ဒီကို ဘာကြောင့် လာကြတာလဲ ဆိုတော့ အထက်ကအတိုင်း စိတ်ဝင်စားလို့ စူးစမ်းလိုလို့ ယနေ့ အချိန်အထိလည်း သွားလာနေကြဆဲပဲဖြစ်ပါတယ်။ မင်းကွန်းဒေသက ဆရာတော်ကြီးရဲ့ အထိမ်းအမှတ်ပြတိုက်မှာလဲ ယနေ့အချိန်အထိ မှတ်တမ်းမှတ်ရာတွေ ရှိနေခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် တို့အား အစဉ်ထာဝရ ဦးညွတ်လျက် ပြည့်စုံတဲ့ ထေရုပ္ပတ္တိ တစ်စောင်ကို အောက်မှာ သက်သက် ပို့စ်တပုဒ်အဖြစ် ဖော်ပြလိုက်ပါတယ်။

နှစ်ပေါင်း ၆၀ ကျော်အတွင်း ပေါ်ထွက်လာသော
တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် ၁၂ ပါး -

၁။ မင်းကွန်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ ( ပျံလွန် )
၂။ ဘဒ္ဒန္တ နေမိန္ဒ ( ပခုက္ကူ ဆရာတော်) ( ပျံလွန် )
၃။ ဘဒ္ဒန္တ ကောသလ္လ ( ပြည်ဆရာတော် ) ( ပျံလွန် )
၎။ ဘဒ္ဒန္တ သုမင်္ဂလာလင်္ကာရ ( ပျံလွန် ) တိပိဋက မဟာဂန္ဓာရုံကျောင်းတိုက် ၊

၅။ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ ( ယော ဆရာတော် ဗဟန်း ၀ိသုဒ္ဓါရုံကျောင်းတိုက် )
၆။ ဘဒ္ဒန္တ ၀ါယမိန္ဒာ ဘိဝံသ ( ရေစကြို ဆရာတော် မင်းကွန်း) တိပိဋက ဂန္တ၀င်ကျောင်းတိုက် ( လက်ရှိ )
၇။ ဘဒ္ဒန္တ သီလက္ခန္ဓာ ဘိဝံသ ( မော်လမြိုင်ကျွန်း ဆရာတော် မင်းကွန်း )
၈။ ဘဒ္ဒန္တ ၀ံသပါလာ လင်္ကာရ ( မြင်းမူ ဆရာတော် မင်းကွန်း )

၉။ ဘဒ္ဒန္တ ဂန္ဓမာလာ လင်္ကာရ ( မြင်းခြံ ဆရာတော် မင်းကွန်း )
၁၀။ ဘဒ္ဒန္တ သုန္ဒရ ( စွန်းလွန်းဂူ ၀ိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက် ရန်ကုန် )
၁၁။ဘဒ္ဒန္တ္က ဣန္ဒပါလ ( ရမ္မာဝတီ ဆရာတော် မင်းကွန်း )
၁၂။ ဘဒ္ဒန္တ အဘိဇာတာ ဘိဝံသ ( မဟာသုဗောဓာရုံ ကျောင်းတိုက် စစ်ကိုင်း )

၁၂ ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် အရှင်အဘိဇာတာ ဘိဝံသ ပုံတော်

စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံ ကျောင်းတိုက်၊ တိုက်ကြပ်(ဒုတိယ) ဆရာတော် အရှင် အဘိဇာတာလင်္ကာရာဘိဝံသသည် (၆၂)ကြိမ်မြောက် တိပိဋက ရွေးချယ်ပွဲ စာမေးပွဲတွင် (၁၂)ပါးမြောက် 'တိပိဋကဓရတိပိဋကကောဝိဒ' ဘွဲ့တံဆိပ်တော်ကို အောင်မြင်တော် မူခဲ့ပြီဖြစ်သည်။ ဆရာတော် အရှင်အဘိဇာတာ၏ ထူးခြားချက်မှာ မင်းကွန်းဆရာတော်နှင့် ယောဆရာတော်တို့ ရရှိသည့် သက်တော် (၄၂)နှစ်တွင် ပိဋကတ်(၃)ပုံ အာဂုံဆောင်နိုင်တော်မူခဲ့ခြင်း ဖြစ်လေသည်။

ဖွားရာ ဇာတိ =

ဆရာတော် ကို စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာတွင် ခမည်းတော်ဦးတင်ရနှင့် မယ်တော် ဒေါ်ညွန့်ခင်တို့မှ (၂၉၊၉၊၁၉၆၈)ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့ခြင်းဖြစ်ခဲ့ခြင်း ဖြစ်သည်။ မွေးချင်း (၇)ဦး အနက် တတိယသားရတနာ ဖြစ်သည်။ ဆရာတော် သည် (၂၉၊ ၁ဝ၊ ၁၉၇၉)ရက်တွင် မိဘနှစ်ပါး၏ ပစ္စယာ နုဂ္ဂဟဖြင့် ဆင်နင်းကျေးရွာ၊ ဇမ္ဗူမင်္ဂလာရွှေရပ်သာကျောင်း ဆရာတော်က ဦးပဇ္ဈာယ်ပြု၍ ရှင်သမဏေ အဖြစ်သို့ ရောက်ရှိခဲ့သည်။

၎င်းနှစ် (၁၄၊၁၂၊၁၉၇၉) ရက်တွင် ဦးလေးတော်၊ နောင်တော်များရှိရာ စစ်ကိုင်းမြို့၊ မဟာ သုဗောဓာရုံ ကျောင်းတိုက်သို့ပညာရင်နို့သောက်စို့ရန် ရောက်ရှိခဲ့သည်။ ရှင်သာမဏေဘဝတွင် ဦးလေးတော်၊ နောင်တော်တို့၏ အနီးကပ် ကြပ်မတ်ပဲ့ပြင်မှုဖြင့် သင်ကြားခဲ့ရာ 'သာသနာလင်္ကာရ သာမဏေကျော်' ဘွဲ့နှင့် 'သာသန ဓဇဓမ္မာစရိယ' ဘွဲ့တော်တို့ကို ရှင်သာမဏေ ဘဝမှာပင် ရရှိခဲ့သည်။

ဆရာတော်သည်( ၄၊ ၁၊ ၁၉၈၈ )ရက်တွင် ဝက် လက်မြို့၊ ကြံ့ခိုင်ရပ်၊ ဦးသန်းထွန်း +ဒေါ်ဟန်ညွန့်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ဝက်လက်မြို့၊ သီရိရပ်၊ ဓမ္မာရုံကျောင်း၊ သာသနဝိလာသိနီသိမ်တော်တွင် မြင့်မြတ်သော ရဟန်းအဖြစ် ရောက်ရှိခဲ့သည်။ ဥပဇ္ဈာယ်ဆရာတော်မှာ နောင်တွင် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက (တွဲဖက်ရွှေကျင်သာသနာပိုင်) ဖြစ်လာမည့် စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံ ကျောင်းတိုက် ပဓာနာယက ဆရာတော် ဖြစ်သည်။ နောင်တွင် ကုသိုလ်ရှင် (၃၂)ဦးတို့က သိက္ခာထပ်မင်္ဂလာ ပြုလုပ်ခဲ့ကြသည်။

ဆရာတော်သည် တစ်ဖက်တွင်ကျောင်းတိုက် အတွက် စာပေပို့ချမှု၊ အုပ်ချုပ်မှုတာဝန်များကို အထက်မထေရ်ကြီးများ၏ ညွှန်ကြားချက်အတိုင်း ထမ်းဆောင်ရင်း တစ်ဖက်ကလည်း မိမိအတွက် အထက်တန်းပိဋကစာပေများကို လေ့လာဆည်းပူးကာ မြန်မာပြည်အရပ်ရပ်ရှိ စာပြန်ပွဲ၊ စာမေးပွဲများ၌ တတ်စွမ်းသမျှ ဝင်ရောက်ပြန်ဆို ဖြေဆိုခဲ့ရာ ယခု(၁၃၇၁)ခုနှစ် အထိ စာပြန်ပွဲ၊ စာမေးပွဲပေါင်း (၅ဝ)ကျော် (၆ဝ)ခန့်ကို ပြန်ဖြေဆို အောင်မြင်ခဲ့သည်။ ဓမ္မာစရိယ (၉)ဘွဲ့၊ ပါဠိပါရဂူဘွဲ့၊ ဝိဒူ(၅)ဘွဲ့၊ မဟာဝိဒူ(၄)ဘွဲ့နှင့် အခြားအစိုးရ တိပိဋကဆိုင်ရာ ဘွဲ့များ အပါအဝင် ဘွဲ့တံဆိပ်ပေါင်း (၄၃)ဘွဲ့ကို ဆွတ်ခူး ရရှိခဲ့သည်။

ဆရာတော်၏ စာပေကျေးဇူးရှင်များ
(၁)ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာ၊ ဇမ္ဗူမင်္ဂလာရွှေရပ်သာ ကျောင်းဆရာတော်၊ (၂)စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံ ကျောင်းတိုက်၊ အာရာမသမုဋ္ဌာပက ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင် နိကာယ ဥပက္ကဋ္ဌ မဟာနာယက (တွဲဖက်ရွှေကျင်သာသနာပိုင်) ဆရာတော်၊ (၃)စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံ ကျောင်းတိုက်(ဒုတိယ) ပဓာနနာယက၊

ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ်ပါမောက္ခချုပ် ၊အဘိဓမ္မာမဟာသိပ္ပံပါမောက္ခချုပ်၊ စစ်ကိုင်းမြို့၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တဒေါက်တာနန္ဒမာလာဘိဝံသ၊ (၄)မတ္တရာမြို့၊ သာသနဇောတာရုံ ကျောင်းတိုက် နာယကဆရာတော်၊ (၅) သုဗောဓက ဂဏဝါစကများ ဖြစ်ကြသော အရှင်အဓိဝါသ၊ အရှင်ဓိနောရသ၊ အရှင်ပိဏ္ဍောလာဘိဝံသ၊ (၆) ဦးလေး တော်နောင်ချိုမြို့၊ ကတီပင်ကျောင်း ဆရာတော် ဘဒ္ဒန္တ ဥတ္တမ၊ (၇)နောင်တော်-မန္တလေးမြို့၊ ဓမ္မမာနိတာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမာနိတာဘိဝံသ၊ (၈)ရန်ကုန် မြို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဗန်းမော်ဆရာတော်တို့ ဖြစ်သည်။

ဆရာတော်၏ ထူးခြားချက်တစ်ခုမှာ နောင်တော် ဘဒ္ဒန္တမာနိတာဘိဝံသနှင့် ညီတော် ဘဒ္ဒန္တဝိဇယာလင်္ကာရာဘိဝံသ ( သစသအ ) ဓမ္မာစရိယတို့နှင့် အတူ ညီအစ်ကို (၃)ဦးစလုံး သာသနာလင်္ကာရ ဘွဲ့ကို သာမဏေဘဝတွင် ရရှိခဲ့သူဖြစ်သည်။

( သ စ သ အ အဓိပ္ပါယ် )
အဘိဝံသ စာမေးပွဲအတွက် ကျင်းပသော

၁။ မန္တလေးမြို့ သကျသီဟ ဓမ္မာစရိယ၊
၂။ ရန်ကုန်မြို့ စေတိယင်္ဂဏ ဓမ္မာစရိယ၊
၃။ မြင်းခြံမြို့ သဒ္ဓမ္မပါလ ဓမ္မာစရိယ၊
၎။ နိုင်ငံတော်အစိုးရ ဓမ္မာစရိယ၊
တို့ဖြစ်ကြပါသည်။

ဆရာတော်သည် ရဟန်းဖြစ်သည့် နှစ်မှစ၍ ယနေ့တိုင်အောင် နှစ်ရှည်လများသော တုဇနတို့အား စာဝါများ ပို့ချခဲ့သည်။ ကျေးဇူးရှင်(ပထမ) ပဓာနနာယက ဆရာတော်ကြီး၏ တွဲဖက်ဒုတိယတိုက်ကြပ်အဖြစ် (၁၉၈၈)ခုနှစ်၊ ဒုတိယတိုက်ကြပ် အဖြစ်(၂ဝဝ၇)ခုနှစ်တွင် တာဝန်ပေးချီးမြှောက်မှုကို ခံယူခဲ့ရသည်။

ထို့အပြင် ဆရာတော်ကြီး၏ အမိန့်အရ သောတုဇနငယ်များ လေ့လာရန် (၁)သုဗောဓက အင်္ဂုတ္တရနီတိ (ပထမအဆင့်)၊ (၂)သုဗောဓကဓမ္မပဒနီတိ(ပထမဆင့်)၊ (၃) သုဗောဓက သင်္ဂဟသရုပ်ဆိုရိုး (မူလပထမအဆင့်)၊ (၄) သုဗောဓက သင်္ဂဟသရုပ်ဆိုရိုး (မူလဒုတိယအဆင့်)၊ (၅) သုဗောဓက သင်္ဂဟသရုပ်ဆိုရိုး ( မူလတတိယအဆင့် ) ကျမ်းစာငယ်တို့ကို ပြန်လည်စုစည်းဖော်ထုတ်ရေးသား ခဲ့သည်။ ဓမ္မဒါနပြုခဲ့သည်။

ဆရာတော်၏ စာရေးဆရာ ကလောင်အမည်များမှာ မေ့သားလှ(အောင်မြေ)နှင့် ဓမ္မာစရိယဓမ္မအောင်စည်တို့ ဖြင့်လည်း သာသနာပြု ကဗျာ ဆောင်းပါးများ ရေးသားလျက်ရှိသည်။

ယခုအခါ ဆရာတော် အသျှင်အဘိဇာတာဘိဝံသသည် မိခင်တိုက်တာရင်း စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံ ကျောင်းတိုက်မှာပင် ဒုတိယတိုက်ကြပ် တာဝန်ကို ထမ်းဆောင်လျှက် တစ်ဖက်က စာပေများကို ပို့ချရင်း မပြီးဆုံးသေးသော သာသနာခရီးကို ဆက်လက် လျှောက်လှမ်းလျက် ရှိနေပေသည်။ ဆရာတော်သည် ဆက်လက်၍ ဖြေသင့် ဖြေထိုက်သော စာမေးပွဲများကို ဆက်လက် ဖြေဆိုသွားမည်ဟု မိန့်တော်မူခဲ့သည်။

မူရင်း ပို့စ်ကို ပြန်လည် ဖြည့်စွက် ရေးဖွဲ့ပါသည်။

မင်းကွန်းဆရာတော်ကြီး ထေရုပ္ပတ္တိ

Biography:

The most Venerable Sayadaw U Vicittasarabivamsa, Secretary of the State Sangha Maha Nayaka Committee, was born at Kyipin Village in Myingyan Township on Wednesday the 11th Waxing day of Tazaungmon, 1273 B.E. (1911 A.D.) His parents were U Sone, a Head man of the village and Daw Sin. He is the second son of their three children. He was named Maung Khin.

During his boyhood his character was exceptional. He did not join his companions in playing vulgar games. He used to have a life of cleanliness, and eat food only allowed by his parents.

His father died at the age of 30, when he was 4. If he had lived long, he would have seen his son as the first Tipitakadhara title holder.

When he attained 5 years, his mother, Daw Sin sent him to the village monastery in order to get basic monastic education. The presiding Sayadaw of the monastery was U Sasana who was educated from the Nan U Monastery in Mandalay.

There, the Venerable Sayadaw U Sasana taught him the Burmese alphabets, basic Pali grammar, Mangala Sutta (38 blessings) and Lokaniti. (A Guide on Conduct.)

When he was a school boy, his grandfather taught him the Buddhist prayers and recitations. His grandparents, U Chai and Daw Aunt loved him dearly because he was so intelligent that he could learn quickly by rote all the Buddhist recitations taught by the elders.

Like all the Buddhist boys he was initiated as a novice at the Min Kyaung Taik in Myingyan by the Preceptor Venerable Sayadaw U Sobhita. From the age of 7, he learned from him. He could follow all his lessons more quickly than his classmates, possibly by his intuition and ingenuity. He read his lessons three times a day. He never left his study until he finished his daily homework.

Since his childhood, he has spent his leisure by reading journals, magazines and books. He began to have literary taste at 10.

At 10, as his mother wished to sponsor the initiation of his son into the Order, he was reinitiated as a novice by the Preceptor Venerable Sayadaw U Sobhita. The Venerable Sayadaw named him "Shin Vicittasara." The name in Pali means "Outstanding."

After learning eleven parittas by rote, Sayadaw U Sobhita taught him "Kaccayana Grammar" (Pali Grammar). Being an outstanding student, he did not find any difficulty in learning such a Grammar. This Grammar, written by Thera Kaccayana, is a very important treatise for the monks in Theravada Buddhist countries. It is like a key for learning the Tipitaka (Buddhist Texts).

At 13, he sat for the Vinaya Examination held by the Sanghasamaggi Association in Myingyan where he succeeded in reciting the Pali Grammar. He became very famous in Myingyan religious circle. At 14, he sat for another Pariyatti Examination conducted by the same Association where he succeeded in reciting the Abhidhamma before the elder monks. He was then presented with Pitaka texts by the Venerable Sayadaw U Sobhita and his uncle, U Phyu Lwin. Since then he was keen on learning these canonical texts.

Since 14, he was very much interested in poems and other literary works. Knowing his interest, Sayadaw U Sobhita proposed him to study the volume called "Poranadipani", a treatise on composition of poems written by Hmawbi Saya Thein. This treatise is the fundamentals for his future courses of study of religious examinations.

At 15, he passed the Lower Grade Religious Examination (Pahtamange). The following year, he passed the Middle Grade Religious Examination (Pahtamalat).

Since his youth, he has studied Buddhist canonical texts, Pali Atthakatha and Tika. He learnt the texts by rote during the day and recited them at night.

At 19, he left for Mingon Hill in Sagaing Township to continue his study under the direction of the Venerable Sayadaw Ashin Panna Tikkha of Dhammanada Monastery. While learning there, he obtained good support from Thilashin Daw Dhammacari.

In 1292 B.E. (1930), with the support of Sir U Thwin and Lady Thwin, he was ordained monk (rahan).

In 1294 B.E. (1932 A.D.), he also passed the Pahtamagyi Examination sponsored by the Venerable Thetpan Sayadaw, President of the Maha Sanghasamaggi Association.

In 1295 B.E. (1933 A.D.), he sat for the Higher Grade Religious Examination (Pahtamagyi) and passed with credit. The following year, he reappeared the same examination and stood first with credit and thereby obtained the rare title "Pahtamakyaw."

In 1295 B.E. (1933 A.D.), he also passed the Pariyattisasanahita(Sakyasiha) - Examination- Sathindan (Graduate Level). The following year, he passed the Pariyatti-sasanahita (Sakyasiha)Examination-Sachadan (Lecturership). The word Abhivamsa was then suffixed to his name by the Maha Sanghasamaggi Association. Thus he has been known as "Ashin - Vicittasarabhivamsa."

In 1303 RE. (1941 A.D.), he passed the Dhammacariya Examination with distinctions and obtained the title "Sasanadhaja-siripavara- dhammacariya."

In 1312 B.E. (1950 A.D.), he sat for the Third Tipitakadhara Selection Examination where he recited the five Vinaya Texts and became the holder of "Visittha-vinayadhara Mahavinayakovida" title. He was honoured by the President of the State and many Sayadaws and laymen.

In 1313 B.E. (1951 A.D.), he sat for the Fourth Tipitakadhara Selection Examination and passed the recitation of the first five treatises on Abhidhamma and corresponding written examination. In 1314 B.E. (1952 A.D.), he passed the recitation of the second part of the Abhidhamma Pitaka and corresponding written examination with distinctions. He was honoured and offered the title "Buddhasasanavisittha Abhidhammika Mahabhidhammakovida" with a religious flag marked by two white umbrellas, by the President of the State.

In 1315 B.E. (1953 A.D.), he sat for the Sixth Tipitakadhara Selection Examination and passed the recitation test and corresponding written examination of remaining Pitaka Texts. The President of the State honoured him at a grand ceremony where he conferred "Tipitakadhara" title on the Venerable Sayadaw U Vicittasarabhivamsasa. He became the first monk to win this title. During the same year, he was praised and honoured by many religious associations as well as Buddhist devotees throughout the country.

From 1954 to 1956, the Sixth Buddhist Synod was held at the Mahapasana Cave in the Kaba-Aye Pagoda compound in Rangoon.

During the Synod, he participated in answering all the questions concerning Vinaya (Disciplinary Rules). There he also acted as a member of the Sangha Executive Committee.

At the request of the Prime Minister and the Buddha Sasana Council, he started writing a treatise on the Life Story of the Buddha (Maha Buddhavamsa) in 1955 and concluded it in 1960. His work Maha Buddhavamsa, consisting of six volumes, is his master-piece. Besides, he edited many religious texts in Pali.

In 1979, the Council of State of the Socialist Republic of the Union of Burma conferred the title "Agga maha Pandita" * on him. In 1980, he took responsibility as the Akyanpay Sayadaw (Adviser) to the Sangha Working Committee for convening the First Congregation of the Sangha of all Orders. At the Congregation he was elected as the Akyosaung Sayadaw (Secretary ) of the State Sangha Mahanayaka Committee.

Until now he is holding the same responsibility in the State Sangha Mahanayaka Committee. Moreover, he continues to support, materially and spiritually, the members of the Sangha in their study of the Buddhist Canonical Texts.

He is indeed a Sasana Arjani (the Outstanding Buddhist Monk) still living in our beautiful land of pagodas.**

* For a monk to obtain such a title, he should:- (a) be well-versed in the Pili Canonical Texts, (b) be continuously teaching these texts, (c) be well-known as being learned in these texts. (d) have had a minimum of 20 years of monkhood, and (e) be unblemished in the observance of Vinaya (Disciplinary Rules).

** Sayadaw passed away in 1354 B.E at the age of 81. (Editor; BTJ&WTN)

Written by Maung Maung Lay (Sorbonne)( 'The Light of Dhamma',Vol. 1, No. 3, 1981)