မြန်မာ့ သာသနာ့ သမိုင်းတွင် ထင်ရှားကျော်ကြားတော်မူခဲ့ကြသော ဗန်းမော် ဆရာတော် အရှင် ပဏ္ဍိတ၊ သင်္ဂဇာ ဆရာတော်အရှင် အဂ္ဂဓမ္မ၊ သုဓမ္မာ ဆရာတော်အရှင် သုဇာတ၊ တောင်တော် ဆရာတော် အရှင်မာလာ၊ ရှမ်းကလေးကျွန်း ဆရာတော်အရှင် နန္ဒ ၊ နောက်ဆုံး ရွှေကျင် ဂိုဏ်းကြီးကို အဦးအစ တည်ထောင်တော်မူခဲ့သော အာဒိကမ္မိက ရွှေကျင်ဆရာတော် ဘုရားကြီး အရှင် ဇာဂရ စသော သာသနာပြု ဆရာတော် အများအပြားကို မွေးထုတ်ပေးတော်မူခဲ့သော ဆရာတော်တပါး ရှိခဲ့ပေသည်၊
ထိုဆရာတော်ကား ရွှန်းတက်ရွာ ဇာတိဖြစ်ပြီး ၁၁၄၈ ခုနှစ်တွင် ဖွားမြင်တော်မူသည်၊ ရှင်ဘုရင် အကိုးကွယ်ခံ စာတတ်ပေတတ် ကျန်းဂန်နံ့စပ် ကျွမ်ကျင်တော်မူသောဆရာတော်ဖြစ်ပြီး ရွှေဘိုမြို့၏ အနောက်မြောက်ရွန်း သီးလုံးရွာ၌ သီတင်းသုံးနေေ တာ် မူသောေ ကြာင့် သီးလုံးဆ၇ာတော် ဟု အမည်တွင်လေ၏။
သီးလုံး ဆရာတော်နှင့် ဆရာတူတပည့် ပညာသင်ဘက်သူငယ်ချင်း ဖြစ်သော အရှင်ခေမာသည် စာပေ တတ်မြောက်အောင် ဦးစွာ သင်ကြားပြီးနောက် တောရကျောင်း၌သာ အမြဲနေ၍ ရဟန်းတရားကို ထက်ထက်သန်သန် အားထုတ်လေ့ရှိပြီး ရံခါ သီးလုံးဆရာေ တာ် ထံလာကာ တရားဆွေးနွေး လေ့ ရှိ၏၊
သီးလုံးဆရာတော်အား တောထွက်၍ တရားအားထုတ်ရန်လည်း မကြာခဏ တိုက်တွန်းပြောကြားလေ့ရှိသောကြောင့် သီးလုံးဆရာေ တ်ာသည် ကြီးမားလှသော အခြံအရံ ပရိသတ်တို့ကို ရှောင်ရှားကာ တောရ ဆောက်တည်ဖြစ်ပေသည်၊ ပုံမှန်အားဖြင့် ရှင်ခေမာသည် ကင်းတောရမှ သီးလုံးဆရာတော် ထံသို့ နေ့ချင်းပြန်အားဖြင့် တလ နှစ်ကြိမ် သုံးကြိမ်လာကာ တရားဆွေးနွေးလေ့ရှိ၏။
တနေ့သော အခါ ထုံးစံအတိုင်း အခြေအတင် အချိန်အတော်ကြာ ဆွေးနွေးပြီးနောက် ရှင်ခေမာ ပြန်ကြွသောအခါ ဆရာတော်သည် မိမိကိုယ်တိုင် ကျောင်းဝင်းမှလူ နှစ်ခေါ်လောက်အရောက်ထိ လိုက်ပို့မြဲ ဖြစ်သည့်အတိုင်း ထိုနေ့မှာ လည်း လိုက်ပို့တော်မူလေသည်၊
ပို့မြဲနေရာရောက်လျင် ရှင်ခေမာက “ သီးလုံး ဆရာတော် ကောင်းမြတ်သော ၀ီရိယ သတိဖြင့် သာသနာတော်မှာ နေရစ်ပေတော့ “ ဟုေ ပြာကြားနှုတ်ဆက်ပြီး သင်္ကန်းကို ခါယောင်ပြုလိုက်ရာ ထန်းပင် နှစ်ပင် ခန့် အမြင့်ထိ ကောင်းကင်သို့ တက်သွား ပြီး လျင် ကောင်းကင်မှာရပ်ပြီး သီးလုံးဆရာတော် နေရစ်ပေတော့ ဟု ဆိုကာ ကြွသွားတော်မူလေသည်၊
ဆရာတော်ကား ကောင်းကင်သို့ ကြည့်ရှု့ ငေးမော နေရင်းပင် တပည့် သာမဏေတပါးရောက်လာမှ သတိရကာ ငါတို့များ သီးလုံး သီးလုံးနဲ့ မင်းအကိုးကွယ်ခံ ဆရာတော်ဖြစ်နေပြီး ဘာအသုံးမှ မကျဘူး၊ ကိုခေမာတို့များ သာသနာတော်နှင့် ကြုံတွေ့ရကျိုး နပ်ပါေ ပသည်၊ ဟု ပြောဆိုပြီး ကျောင်းတွင်းသို့ ပြန်ကြွတော် မူလေ၏။
နံနက် လင်းတော့မှ အရှင်ခေမာ ပျံလွန်တော်မူပြီ ဟု ဒကာများက လာရောက်လျောက်ထားကြရာ ဆရာတော် ကိုယ်တိုင်ကြွပြီး ( ၇ ) ရက်အတွင်း ပြီးစီးအောင် မီးသဂြိုလ် လိုက်လေသည်။ ဆရာတော်ကား ထိုကာလမှစပြီး ယခင်ကထက် ထက်သန်စွာ ရဟန်းတရားကို အားထုတ်တော် မူလေ၏။
တခါသော် ပဉ္စမ သင်္ဂါယနာတင် ဘ၀ရှင် မင်းတုန်းမင်းတရားကြီးသည် ဆရာတော်၏ ပရိယတ် ပဋိပတ် အရည်အချင်းကို စုံစမ်းသိရှိလိုသောကြောင့် အခြားဆရာတော်များကိုချဉ်းကပ်၍ စုံစမ်းပေးတော်မူကြပါရန် လျောက်ထားရာ ဆရာတော် အများက သင်္ဂဇာ ဆရာတော်ကို တာဝန်ပေး စေလွှတ်သဖြင့် သီးလုံးဆရာတော်ရှိရာ ခက်သင်ရွာ တောရကျောင်းသို့ သွားရလေ၏။
ရွာသို့ရောက်သောအခါနံနက်ခင်းအချိန်ဝယ်သီးလုံးဆရာတော်ကိုဖူးမျှော်ခွင့်ရပြီးမေးလျောက်သောပရိယတ်ပဋိပတ်ဆိုင်ရာပြဿနာများကိုဒန်ပူသတ်နေဆဲမှာပင်ဖြေကြားတော်မူလေသည်၊
မေးလျောက်ပြီးနောက် သင်္ဂဇာ ဆရာတော်က ပြန်မည် ဟု လျောက်ထားသောအခါ “ သင်္ဂဇာ ခက်သင်ရွာက ဆွမ်းစားပင့်ထားသည်၊ ဆွမ်းစားပြီးမှ ပြန်ပါလေ “ ဟုမိန့်တော်မူသည်။ ယခု ခက်သင်ကို ဘာနှင့် လာခဲ့ သလဲ ဟုမေးရာ လှေနှင့် ကူးလာခဲ့ ပါသည် ဘုရား၊ အေး ဒါဖြင့် လှေနှင့်ပဲ ကူးသွားနှင့်လေ ဟုမိန့်သောကြောင့် လှေနှင့် စော စီးစွာ ကူးသွားနှင့်လေသည်၊
သင်္ဂဇာ စီးလာသော လှေကား ခက်သင်ရွာသို့ မဆိုက်မီ သီးလုံးဆရာတော်သည် ခက်သင်ရွာ လှေဆိပ်၌ သင်္ကန်းရုံတော်မူနေလေပြီ။ ၊ခက်သင်ရွာသည် ဆရာတော်ကြီး၏ ခေတ္တ သီတင်းသုံးရာ နေရာ ဖြစ်ပြီး ခက်သင်ရွာ နှင့် တောရကျောင်း အကြား၌ ချောင်းခြားလျက်ရှိပေသည်။
တနေ့သောအခါ အရွယ်တော် အိုမင်းနေပြီဖြစ်သော သီးလုံးဆရာတော်ဘုရားကြီးကို နွေရာသီ ညဉ့်အခါ တောရကျော င်းနှ င့် ဝေးလံ လှသော ရေကန်၌ ရေသုံးသပ်တော်မူနေသည်ကို ရေချိုးသွားသော ကပ္ပိယ လူသူတော် တွေ့မြင်ရသဖြင့် ဆရာတော်ကြီး ဘယ်ကဲ့သို့ ကြွလာလေသနည်း စဥ်းစားနေစဉ် ဆရာတော်ကြီးသည် ရေသုံးသပ်ပြီး ပြန်ကြွတော်မူခါနီး၌ “ သူတော် ငါ အသက်ထင်ရှားရှိနေသမျှ မည်သူ့ကိုမျှ မပြောရ “ ဟု နှုတ်ပိတ်တော်မူပြီးလျင် ကောင်းကင် ခရီးဖြင့် ကျောင်းသို့ ပြန်ကြွတော်မူသည် ဟု ဆရာတော်ကြီး ပြန်လွန်တော်မူမှ လူသူတော်က ပြောပြကြောင်း သိရလေ၏။
တနေ့သော် ရှိန်းမကား မြို့ဝယ် သိမ်သမုတ်ရန် ကိစ္စအတွက် စစ်ကိုင်း မန္တလေး မင်းကွန်း စသော မြို့ရွာ တို့မှ ထင်ရှားသော ဆရာတော်များ ကြွလာကြရာ သီးလုံးဆရာတော်အား တရားချီးမြှင့် ပါရန် ဆရာတော် အားလုံးက လျောက်ထားတောင်း ပန်ကြသောေ ကြာင့်သီးလုံးဆရာတော်သည် ဟောကြား၇န် ၀န်ခံတော်မူပြီနောက်
တရားဟော ရမည် ဆိုပါ လျင် မိမိသဘောကျ အားထုတ်နေကျ နှလုံးသွင်းနေကျ တရားကိုသာလျင် ဟောမည် ဟု မိန့်ကာ အနာဂါမိ မဂ် ဖိုလ် တိုင်အောင် ၀ိပဿနာ ရှု့ပုံ၊ ဥာဏ်ဖြစ်ပုံ၊ မဂ်ဖိုလ် ဆိုက်ေ၇ာက်ပုံ ဖလသမာပတ် ၀င်စားပုံတို့ကို စီကာပတ်ကုံး ဟောကြားေ တ်ာမူလေသည်၊
အမှန်တကယ်အားဖြင့် သာသနာသည် ဆုတ်ကပ်ကာလ ရောက်နေသော်လည်း ဇွဲ လုလ္လ ထက်သန်စွာဖြင့် အားထုတ်ပါက သန္ဒိဋ္ဌိက မျက်မှောက်အကျိုးကျေးဇူးကို ခံစားရမည်မှာ မလွဲဧကန်ပင် ဖြစ်ပေသည်၊ ထို့ကြောင့် မြတ်စွာဘုရားက ရွှေကို မီးနှင့် အထပ်ထပ် စမ်းသပ်ပြီးမှ အစစ်ဟုတ် မဟုတ် လက်ခံရသလို ငါဘုရားရဲ့ တရားတော်တွေကိုလဲ စိတ်ကြိုက် စမ်းသပ်ပါ၊ လေ့လာပါ၊ ပြီးမှ လက်ခံယုံကြည်စွာ အားထုတ်ပါ၊ သင်တို့တတွေ မုချ အကျိုးကျေးဇူးခံစားရပါလိမ့်မယ်၊ လို့ ဟောကြားထားခဲ့တာ ဖြစ်ပါတယ်၊
မိမိ နှင့် တကွ သူတော်ကောင်းတို့ တတွေလဲ သာသနာနှင့် တွေ့ကြုံခိုက်ယုံကြည်စွာအားထုတ်ပြီး သတိသံဝေဂ ဖြင့် အခွင့်ကောင်းကို ရယူကြပါစို့လို့ တိုက်တွန်း အားပေးတိုက်တွန်းရင်း နိဂုံးချုပ်ပါရစေ ။
No comments:
Post a Comment