နိုင်ငံကူးလက်မှတ် သက်တမ်း တိုး ဆောင်ရွက်သူများ အနေဖြင့် စက်ဖြင့် ဖတ်ရှုနိုင်သည့် ဘားကုတ်
စနစ်သုံး နိုင်ငံကူးလက်မှတ် အသစ်များကို ထုတ်ယူပြီးပါက မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေး
ရေးအဖွဲ့သို့ အပ်နှံရမည့် နိုင်ငံကူးလက်မှတ် အဟောင်းများတွင် ဗီဇာ သက်တမ်းကျန်ရှိနေပါက ပြန်လည်ထုတ်ယူနိုင်ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံသို့ ခေတ္တပြန်လည် ရောက်ရှိပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ဆောင်ရွက်ရာတွင် နိုင်ငံကူးလက်မှတ် အဟောင်းများအား သက်ဆိုင်ရာက သိမ်းဆည်းပြီး၊ စက်ဖြင့် ဖတ်ရှုနိုင်သည့် နိုင်ငံကူးလက်မှတ် အသစ်များကို ထုတ်ပေးလျက်ရှိပါသည်။ ယင်းသို့ နိုင်ငံကူးလက်မှတ် အသစ်
များကို ထုတ်ပေးထားသော်လည်း သက်တမ်းတိုး ဆောင်ရွက်သူ အချို့၏ နိုင်ငံကူး လက်မှတ်
ဟောင်းများတွင် ဗီဇာသက်တမ်း ကျန်ရှိနေပါက အဆိုပါ ဗီဇာထုတ်ပေးသည့် နိုင်ငံသို့ သွား
ရောက်လိုပါက ဗီဇာပါရှိသည့် နိုင်ငံကူးလက်မှတ်ဟောင်းကို ပြန်လည်ထုတ်ယူ ကိုင်ဆောင်
နိုင်ကြောင်းလည်း သိရသည်။
စက်ဖြင့် ဖတ်ရှုနိုင်သည့် နိုင်ငံကူး လက်မှတ်စနစ်ကို မကူးပြောင်းမီ အချိန်က နိုင်ငံကူးလက်မှတ်
များ သက်တမ်းတိုး ဆောင်ရွက်ရာတွင် သက်တမ်းတိုး ဆောင်ရွက်မည့်သူ ကိုင်ဆောင်သည့် နိုင်ငံကူးလက်မှတ် တွင် စာရွက်လွတ်များ ကျန်ရှိနေပါက ယင်းစာရွက်တွင် သက်တမ်းတိုးကြောင်း အထောက်အထားများ ရေးသွင်းပေးသည့်စနစ်ကို ကျင့်သုံးပြီး စာရွက်အပို အလွတ်မရှိပါက စာအုပ် အသစ်တစ်အုပ် ထုတ်ပေးခြင်းမျိုး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယင်းသို့ စာအုပ်အသစ် ထုတ်ပေးသော်လည်း စာအုပ်အဟောင်းတွင် ဗီဇာသက်တမ်းရှိနေပါက ယင်းစာအုပ်အဟောင်းကိုပါ ကိုင်ဆောင်ခွင့် ပြုထားကြောင်းသိရသည်။
စတင် ထုတ်ပေးနေသော စနစ်သစ်ပုံစံ
ယခု စနစ်သစ်တွင်မူ နိုင်ငံကူး လက်မှတ်ဟောင်းများအား ဘား ကုတ်စနစ် ထည့်သွင်းထားသည့် နိုင်ငံကူးလက်မှတ်အသစ် စတင်သုံးနေပြီ ဖြစ်သည့်အတွက် လက်ရေးစနစ်သုံး နိုင်ငံကူး လက်မှတ်ဟောင်းများကို ပူးတွဲကိုင်ဆောင်ခွင့်ပေးမည် မဟုတ်ဘဲ အဆိုပါ နိုင်ငံကူး လက်မှတ်
ဟောင်းများတွင် ဗီဇာသက်တမ်း ရှိပါက ဗီဇာသက်တမ်း ကုန်ဆုံးချိန်တွင် သက်ဆိုင်ရာ ဗီဇာထုတ်ပေးသည့် နိုင်ငံရှိရာ မြန်မာနိုင်ငံသံရုံးများတွင် အပ်နှံကြရမည်ဖြစ်သည် ဟု သိရသည်။
' ကျွန်မရဲ့ ပတ်စ်ပို့သက်တမ်း က မေလမှာ ကုန်မှာပါ။ အိမ်ကိုလည်း ပြန်ဖြစ်သွားအောင်၊ ပတ်စ်ပို့သက်တမ်းလည်း တိုးရင်းနဲ့ ဧပြီလဆန်းပိုင်းမှာ မြန်မာနိုင်ငံပြန်လာခဲ့ပါတယ်။ အခု သက်တမ်း
တိုးတဲ့အခါ၊ စက်နဲ့ဖတ်တဲ့ ဘားကုတ်စနစ်နဲ့ ဆိုတော့ ကုန်ကျစရိတ်လည်း အရင်ကထက် နည်းနည်း ပိုကျခဲ့ပါတယ်။ ပတ်စ်ပို့စာအုပ်အသစ် ရခဲ့ပေမယ့် ဗီဇာတုံးက စာအုပ်အဟောင်းမှာ ရှိတဲ့အတွက် ပတ်စ်ပို့ရုံးမှာပဲ လျောက်လွှာတင်ပြီး စာအုပ်အဟောင်းကို ထုတ်ယူရတယ်။ အဲဒီအတွက် စင်ကာပူ မှာရှိတဲ့ မြန်မာသံရုံးမှာ သုံးလအတွင်း စာအုပ်အဟောင်းကို ပြန်လည်အပ်နှံပါမယ် ဆိုတဲ့ ခံဝန်
လက်မှတ်တော့ ရေးထိုးခဲ့ရပါတယ်'' ဟု စင်ကာပူတွင် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားတစ်ဦး
က ပြောပြခဲ့ပါသည်။
www.news.eleven.com မှ ကူးယူဖော်ပြပါသည်၊
Sunday, May 23, 2010
New Myanmar's Passports နှင့် သိသင့်သည်များ

Saturday, May 22, 2010
Thursday, May 20, 2010
ရှေးဟောင်းယဉ်ကျေးမှု့နယ်မြေ Kanheri Caves
မေလ ၁၂ ရက် ဒုတိယနေ့မှာတော့ မနက်ပိုင်းမှာ ဦးဂိုအင်ကာ ရဲ့ Global Pagoda ရွှေတိဂုံ ဘုရားကို သွားရောက်ဖူးမျှော်ကြပြီး နေ့လည်ပိုင်းမှာ Sanjay Gandhi National Park အတွင်း ဧရိယာမှာ ရှိနေတဲ့ ခန်ဟီရီ လှိုင်ဂူများ Kanheri Caves ခေါ်တဲ့ ရှေးဟောင်း သုတေသနဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု့
နယ်မြေကို လေ့လာဖြစ်ခဲ့တယ်။
ဒီတောင်တန်းတွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၁၅၀၀ ကျော်မှာ တည်ရှိပြီး မွန်ဘိုင်း ( ဘုံဘေ ) မြို့ကနေ ၄၅ ကီလိုမီတာလောက် ကားနဲ့ သွားနိုင်တယ်။
ထူးခြားတာက ယခုခေတ် ပညာရှင်များ အတုယူစရာဖြစ်တဲ့ ကျောက်ဆစ်ပန်းပု လက်ရာများပဲ ဖြစ်ပါတယ်၊ ဘုရားဖြစ်တော်စဉ်ဗုဒ္ဓ၀င်တွေ သူတို့ခေတ်က ယဉ်ကျေးမှု့ဆိုင်ရာ ရုပ်ပုံတွေ စတဲ့ လက်ရာတွေက မပြည့်စုံ မဖွံ့ဖြိုးသေးတဲ့ ရှေးခေတ်ကလူတွေရဲ့ စွမ်းရည်ကို ဖော်ထုတ်ပြသနေခဲ့တယ်၊
ရှည်လျားလှတဲ့ တောင်တန်းပေါ်မှာ များပြားလှတဲ့ လှိုဏ်ဂူတွေကို လိုက်လံ ကြည့်ရှု့ရင်း ရင်သပ်ရှုမောပြီး အံ့သြရတယ်၊ နေရာ အသီးသီးမှာ မတူညီတဲ့ ကျောက်ဆစ်လက်ရာတွေကို များပြားစွာ တွေ့ခဲ့ရတယ်၊ လှိုဏ်ဂူတွေ များလွန်းတာကြောင့် ပင်ပန်းပြီး အားလုံး မသွားနိုင်ကြတော့ပါဘူး၊ တဖွဲ့လုံးလဲ မောပန်းနွယ်နယ် နေကြပြီ၊- မြတ်စွာဘုရားရှင် လက်ထက်တော်ကတော့ ဘုရားရှင်ဆီမှာ ကမ္မဋ္ဌာန်းတောင်းပြီး သစ်တပင်အောက် ၀ါးတပင်အောက် လှိုဏ်ဂူတွေ ထဲမှာ တရားကျင့်ကြံပြီး ပေါက်မြောက်သွားသူတွေ မရေမတွက်နိုင်အောင် များပြားခဲ့တယ်၊ အရိယာကြီးတွေကတော့ ဒီလို နေရာမျိုးမှာ” အဟော သုခံ ၀တ၊ အဟော သုခံ ၀တ “ အော် ချမ်းသာလေစွတကား အော် ချမ်းသာလေစွ တကား လို့ ဥဒါန်းကျူးရင့်လေ့ရှိကြတယ်၊
လှိုဏ်ဂူများ ရှိရာ မြေပုံပါ
စိတ်ချမ်းသာစေမယ့် မိုးရာသီ အနေအထားပါ
အတွင်းမှာ ဒီလို ကျောက်ဆစ်လက်ရာတွေ အများကြီးပဲ
ပုဂံ အာနန္ဒာဘုရားအတွင်းက လက်ရာနဲ့ တော်တော် တူတယ်
လှိုဏ်ဂူအတွင်းဘက်မှာ နေရာတိုင်း ရှိတတ်တဲ့ လက်ရာတွေ
အခုလို နွေရာသီမှာတော့ ပူလောင်ခြောက်သွေ့နေပြီး ချွေးတလုံးလုံးနဲ့ပေါ့
အခု ဒီနေရာမှာလဲ အားလုံး လှိုဏ်ဂူပေါင်း( ၁၀၉ )ခု ရှိပါသတဲ့။ နွေရာသီ နေပူပူနဲ့ အပြန်လမ်းမှာ
တော့ တွေးနေမိတယ် -
" ဒီလို တောတောင် လှိုဏ်ဂူတွေမှာ ၀ိပဿနာတရား ကြိုးစား အားထုတ်ပြီး အရိယာ ၇ဟန္တာဖြစ်သွားကြတဲ့ ရဟန်းတော်အရေအတွက် ဘယ်လောက် ရှိခဲ့လိမ့်မလဲ " လို့ - - မှန်းဆ ကြည်ညိုရင်း ဆိတ်ဆိတ် နေမိပါတော့တယ် - -
နယ်မြေကို လေ့လာဖြစ်ခဲ့တယ်။
တကယ်တော့ ဒီလှိုင်ဂူတွေဟာ အမည်းရောင် ကာလာများ လို့ အဓိပ္ပါယ် ရတဲ့ ကရစ်ရှန ဂီရိ Krishnagiri လို့ ခေါ်တဲ့ ဆန်ဆ ခရစ် Sanskrit ဘာသာကနေ ဆင်းသက်လာတဲ့ စကားလုံးပဲဖြစ်တယ်၊
ခနေးရီ Khaneri ဆိုတဲ့ ရှေးအမည်ကနေ ကာလရွေ့လျောက ယခုအခါမှာတော့ ခန်ဟိရီ Kanheri ( အနက်ရောင် တောင်တန်း ) လို့ ခေါ်ဆိုနေကြတယ်၊
သမိုင်းများ၏ အဆိုအရ ဘီစီ ၁ ရာစု မှ အေဒီ ၉ ရာစု (1st Century B.C. to 9th Century A.D.) အထိ ကာလအတွင်းမှာ ဘုရားရှင်သားတော် ရဟန်းတော်များ စာပေသင်ကြားခဲ့ရာ၊ တရားဓမ္မ ၀ိပဿနာ ကျင့်ကြံအားထုတ်ရာ နေရာအဖြစ် တည်ရှိခဲ့တယ်၊ ကြားဖူးတဲ့ ရာဇ၀င်အရတော့ အိန္ဒိယ မြောက်ပိုင်းဖြစ်တဲ့ ဗုဒ္ဓဂါယာ ဒေသကနေ ရဟန်းတော်များ အန္တရာယ် များတဲ့အတွက် ဘေးရန်ကင်းလွတ်ရာ တောင်ပိုင်းဒေသကို ထွက်ခွာလာကြပြီး အခြေချ နေထိုင် သီတင်းသုံးခဲ့ကြတယ်လို့ ဆိုပါတယ်၊

ရှည်လျားလှတဲ့ တောင်တန်းပေါ်မှာ များပြားလှတဲ့ လှိုဏ်ဂူတွေကို လိုက်လံ ကြည့်ရှု့ရင်း ရင်သပ်ရှုမောပြီး အံ့သြရတယ်၊ နေရာ အသီးသီးမှာ မတူညီတဲ့ ကျောက်ဆစ်လက်ရာတွေကို များပြားစွာ တွေ့ခဲ့ရတယ်၊ လှိုဏ်ဂူတွေ များလွန်းတာကြောင့် ပင်ပန်းပြီး အားလုံး မသွားနိုင်ကြတော့ပါဘူး၊ တဖွဲ့လုံးလဲ မောပန်းနွယ်နယ် နေကြပြီ၊

Tuesday, May 18, 2010
ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ
မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း
ကြောင့်မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ၊ သို့သော်လည်း တိုင်းတပါးကို ရောက်လာ
တဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိုအပ်လာတယ်၊ စာရေးသူတို့ ဘုရားသားတော် ရဟန်းတွေမှာတောင် မြန်မာပြည်မှာတုံးက မလိုအပ်ဖူးလို့ ထင်ခဲ့မိတယ်၊
အခုတော့ ကိုယ့်ဝန်းကျင်မှာ မဟာယာနဘုန်းကြီးတွေ၊ သီလရှင်တွေ ၊ တရုတ် ကိုးရီးယား ဂျပန်လူမျိုးတွေကို တွေ့လာ၇တဲ့ အခါမှာတော့ သူတို့ဘာသာအကြောင်းကို မသိလို့ မရတော့ဘူး၊ သူ့တို့ဘာသာကို အစအဆုံး ဘုရား တရားက အစ လိုက်မေးနေရတယ် ဆိုရင် ကိုယ့်မြန်မာလူမျိုး သိက္ခာတော်တော်ကျနေပြီ၊ သီတဂူဆရာတော်ကြီး ပြောတဲ့ စကားတခွန်းကို မှတ်သားမိဘူးတယ်၊ ဘယ်ဘာသာကို မဆို လေ့လာထားပါ၊ သူတို့နဲ့ စကားပြောလို့ အနိုင်လိုချင်၇င် သူ့တို့ ဘာသာရဲ့ အားနည်းချက်ကို သိနေတော့ ပြောဆိုရတာ ( နောက်ဆုံး ငြင်းခုံရင်တောင် ကိုယ်က အနိုင်ရမယ် ) သိပ်လွယ်တယ် တဲ့။ အထူးသဖြင့် စာရေးသူတို့ မြန်မာနိုင်ငံမှာ မဟာယာန ဗုဒ္ဓဘာသာ ဆိုတာ တရုတ်ဘုန်းကြီးကျောင်းတွေမှာသာ ရှိတာမို့ ရဟန်းသံဃာတွေရော ဒကာ ဒကာမတွေပါ အလှမ်းဝေးနေခဲ့ကြတယ်။ ဒါကြောင့် လက်လှမ်းမှီသလောက်ကို တင်ပြလိုက်ပါတယ်၊
ထေရ၀ါဒ ဗုဒ္ဓဘာသာ - မည်ပုံ
ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသော မဟာသက္ကရာဇ် ( ၁၄၈ )ခုနှစ် ကဆုန်လပြည့်နေ့မှနောက် ၃ လလွန်မြောက်ပြီးသောအခါ အရှင်မဟာကဿပဦးဆောင်သော ရဟန္တာမထေရ် ၅၀၀ ဖြင့် ရာဇဂြိုလ်မြို့တွင်ဘုရားရှင်၏ တရားတော်တို့ကို တလုံးတပါဒမျှ ပြင်ဆင် ဖြည့်စွက်ခြင်း၊ ထုတ်နှုတ်ပယ်ရှားခြင်း အလျင်းမရှိခဲ့ပဲ ဟောတော်မူခဲ့သည့်အတိုင်း တသွေမတိမ်း ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။
အချုပ်အားဖြင့် ဘုရားဟောတော်မူခဲ့ပြီးသော တရားတော်တို့ကို ယနေ့အချိန်အထိ တလုံးတပါဒမျှ ပြင်ဆင်ဖြည့်စွက်ခြင်းမရှိပဲ တပည့်သား သာဝက အစဉ်အဆက် လက်ဆင့်ကမ်း သယ်ဆောင်လာသော ၀ါဒကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ( တပည့်သား သာဝက မထေရ်အစဉ်အဆက် သယ်ဆောင်လာသော ဘုရားဝါဒ ) ဟု မှတ်နိုင်ပါသည်။
ဒုတိယ သင်္ဂါယနာ
မြတ်ဗုဒ္ဓ လွန်တော်မူပြီး သာသနာနှစ်ပေါင်း (၁၀၀)ကြာပြီးနောက် ၀ဇ္ဇီတိုင်းသားရဟန်းများ (ဒေ၀ဒတ်
တပည့်များ )မှ အဓမ္မ၀တ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေလက်တစ်သစ်လွဲသည့်
အချိန်အထိ ၀ိကာလဘောဇန လုပ်နိုင်တယ်၊ သေနု(အရက်ခပ် ပျော့ပျော့ ယခုခေတ် ထန်းရည်လိုမျိုး )ကို သောက်နိုင်တယ်၊ ရွှေငွေများကို လူတွေလို စိတ်ကြိုက် ကိုင်တွယ်အသုံးပြုနိုင်တယ် -- စသဖြင့် တောင်းဆိုခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် ထိုရန်သူတို့အား ကာကွယ်ရန် ဒုတိယအကြိမ် သင်္ဂါယနာတင်ရပြန်သည်။
(၂) သာသနာနှစ် (၁၀၀)နှစ်
(၃) နေရာ ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း
(၄) ခေါင်းဆောင် အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ
(၅) သံဃာဦးရေ ရဟန္တာပေါင်း (၇၀၀)
(၆) မင်း ကာလာသောကမင်း
(၇) ကြာမြင့်ချိန် (၈) လ
အရှင်ယသ၊ အရှင်ရေ၀တ အရှင်သဗ္ဗကာမီ ဦးဆောင်သော ၇ဟန္တာများ ဝေသာလီပြည်၌ သင်္ဂါယနာတင်နေစဉ် ၀ဇ္ဇီတိုင်းသားရဟန်းပျက်များကို သံဃာထု၊ မင်းပရိသတ်ထု၊ ပြည်သူလူထု ပေါင်းပြီး နှင်ထုတ်ခဲ့ကြသည်၊ ထိုရဟန်းပျက် များကာ တစ်သောင်းကျော် ပမာဏ ရှိခဲ့သည် ဟူ၏။
ထိုရဟန်းပျက်တို့ ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမ၀န္တာတောင်ခြေဖက် သို့ သွားရောက်
ပြီး ရှင်ဘုရင်တစ်ပါးမှ သနားကာ ခိုလှုံခွင့်ပေးလိုက်ရာမှ ထိုရဟန်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင် တင်ခဲ့ကြသည်။
ထိုရဟန်းတို့အား တစ်သောင်းကျော်ဟူသော ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု နာမည် တွင်ခဲ့သည်၊ ထိုဂိုဏ်းမှ မဟာယာန၀ါဒ ဖြစ်လာသည်။
ထိုမှတဖန် ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ( ၇၀၀ )အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောဂိုဏ်း ( တနည်းအားဖြင့် သဗ္ဗတ္ထိဝါဒဂိုဏ်း ) ဟု ခေါ်တွင်ခဲ့သည်။ ထိုဂိုဏ်းမှ ထေရ၀ါဒ ဆင်းသက်လာပါသည်။ အမှန်ကတော့ ငါတို့က ရွာရဲ့ မြောက်ပိုင်းမှာ နေတယ် ဆိုရင် သူတို့က တောင်ပိုင်းမှာ နေတယ် ဟု အလိုလို မပြောသော်လည်း ပြောသကဲ့သို့ ထေရ၀ါဒ ကိုလည်း မဟာယာန ၀ါဒီ တို့သည် ဟီနယာန ဟု သုံးစွဲခဲ့ကြလေသည်၊
အိန္ဒိယ တောင်ပိုင်းဒေသမှ စကာ ပြန့်နှံ့ခဲ့သောကြောင့် တောင်ပိုင်းဗုဒ္ဓဘာသာ(ထေရ၀ါဒ) ဟုလည်းအလွယ်တကူ မှတ်နိုင်ပေသည်။ ယခုအချိန်အထိ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို နိုင်ငံတို့တွင် သာသနာထွန်းကားနေဆဲမို့ ထေရ၀ါဒ ၅ နိုင်ငံ ဟု အများက အသိအမှတ်ပြု လက်ခံထားဆဲဖြစ်သည်။
မဟာယာနမှာတော့ မဇ္ဈိမဒေသ အိန္ဒိယပြည် မြောက်ပိုင်း ဟိမ၀န္တာကနေ ပြန့်ပွားခဲ့သောကြောင့် မြောက်ပိုင်း ဗုဒ္ဓဘာသာ ( မဟာယာန ) ဟု မှတ်နိုင်သည်၊ဘီစီ ၁ ရာစု မှ စကာ အေဒီ ၁ ရာစု အအတောအတွင်း မဟာယာန ၀ါဒ စတင်ဖြစ်ပေါ်လာသည်ဟု သိရသည်၊ မဟာယာနတို့၏ Saddharma Pundarika Sutra သဒ္ဓမ္မပုဏ္ဍရိက သုတ်တွင်မူ အေဒီ ၂ ရာစုမှ စကာ ခေါင်းဆောင်ဖြစ်သော Nagarjuna နာဂဇုန သည် သူ၏ သုညတ၀ါဒကို စွဲကိုင်ကာ အင်အားကြီးမားစေခဲ့သည်၊ အေဒီ ၄ ရာစုလောက်တွင်တော့Asanga အသင်္ဂ နှင့် Vasubandhu ၀သုဗန္ဓု တို့ လက်ထက်တွင် မဟာယာနဘာသာသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိအောင် ပြန့်ပွားခဲ့သည်ဟု ဆိုရပါမည်။
( မဟာ - မြင့်မြတ်သော၊ ယာန - နိဗ္ဗာန်သို့ ပို့ဆောင်ပေးသော အရာ၊ ယာဉ်ဟူသော၊ ၀ါဒ - အယူရှိသူ )

ပြိုကျခါနီး အိမ်ကို ကျားကန် ထားရသလိုဖြစ်နေတဲ့ မဟာယာန ဘာသာဟာ နောက်ပိုင်းခေတ်မှာတော့ ဂျပန်နိုင်ငံက စပြီး ရဟန်းတော်များ အိမ်ထောင်ပြုသင့်တဲ့ဂိုဏ်း၊ မပြုသင့်တဲ့ ဂိုဏ်း ဆိုပြီး ကွဲပြားလာတယ်၊ တချို့အရက်သောက်ကြတယ်၊ တချို့က မသောက်ဘူး၊ တချို့သက်သက်လွတ်စားတယ်၊ တချို့က မစားကြဘူး၊ ဒါကြောင့် ယခုအချိန်မှာ ကိုးရီးယား ဂျပန် ဘုန်းကြီးတော်တော်များများဟာ
အိမ်ထောင်ရှိကြတယ်၊ အရက်သောက်ကြတယ်၊ ပါတီ နိုက်ကလပ်တက်ကြတယ် လို့ တဆင့်စကား ကြားဖူးပါတယ်၊ တရုတ်၊ တိဗက် ဟောင်ကောင် ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာ ရှိတဲ့ မဟာယာနဘုန်းကြီး တွေကတော့ အိမ်ထောင်ပြုတယ် လို့ မကြားမိပါဘူး၊ ဒါကြောင့် သူတို့ကတော့ နည်းနည်း သန့်ရှင်းသေးတယ် လို့ ယူဆ၇မှာပါ။ သက်သက်လွတ်ဝါဒကတော့ တော်တော် ကြီးစိုးနေဆဲပါပဲ၊ ဒါကလဲ ဘုရားရှင်လက်ထက်တော်အခါကတည်းက အရှင်ဒေ၀ဒတ်က တောင်းဆု ငါးပါးထဲမှာ ရဟန်းတော်များသက်သက်လွတ် စားဖို့ သိက္ခာပုဒ်ပညတ်တော်မူပါဘုရား - ဆိုပြီး တောင်းပန်ခဲ့ဖူးပေမယ့် ဘုရားရှင်က ခွင့်မပြုခဲ့ဘူး။
အရင်းစစ်တော့ အမြစ်မြေက - ဆိုသလို မြောက်ပိုင်း ဗုဒ္ဓဘာသာခေါ် မဟာယာန၀ါဒ ဟာလဲ ဒုတိယသင်္ဂါယနာ တင်ချိန် ကတည်းက အဓမ္မ၀ါဒက နေ ဆင်းသက်လာတာမို့ အယူဝါဒတော်တော်များများ လွဲနေတာ မထူးဆန်းတော့ပါဘူး။
လွတ်မြောက်ရာ လမ်းများ နှိုင်းယှဉ်ချက်
ထေရ၀ါဒ ဘာသာ တွင် နိဗ္ဗာန် ပန်းတိုင်သို့ -၁ ။ သမ္မာသမ္ဗုဒ္ဓ အဖြစ်နှင့် ကူးမြောက်ခြင်း၊
၂ ။ ပစ္စေကဗုဒ္ဓါ ဘုရားငယ်အဖြစ် ကူးမြောက်ခြင်း၊
၃ ။ သာဝက ဗောဓိ - ခေါ် ရဟန္တာအဖြစ် ကူးမြောက်ခြင်း ဟု သုံးမျိုးရှိသည်။
မဟာယာန ဘာသာတွင်လည်း -
Bodhisattvayana, ( ဗောဓိသတ္တ ယာန ) ဘုရားအလောင်းယာန၊
Prateka-Buddhayana, ( ပစ္စေက ဗုဒ္ဓယာန ) ပစ္စေဗုဒ္ဓါလောင်း ယာန၊
Sravakayana ( သာဝက ယာန ) သာဝကလောင်း ယာန၊ဖြင့် ကူးမြောက်ခြင်း ဆိုပြီး တူညီသော အမျိုးအစားများ တွေ့ရသည်။
ထေရ၀ါဒ နှင့် မဟာယာန၀ါဒတွင် တူညီသော အင်္ဂါ ( ၆ ) ချက်
(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊
(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။
Mahayana and Theravada
Now, what is the difference between Mahayana and Theravada?
I have studied Mahayana for many years and the more I study it, the more I find there is hardly any difference between Theravada and Mahayana with regard to the fundamental teachings.
1- Both accept Sakyamuni Buddha as the Teacher.
2- The Four Noble Truths are exactly the same in both schools.
3- The Eightfold Path is exactly the same in both schools.
4- The Paticca-samuppada or the Dependent Origination is the same in both schools.
5- Both rejected the idea of a supreme being who created and governed this world.
6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.
အနတ္တကို နှစ်ဖက်စလုံးက လက်မခံကြပေမယ့် ကွဲပြားချက်က တရားတော်တွေ မဟုတ်ဘဲ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် အပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။
ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ထေရ၀ါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒပါ။
ထေရ၀ါဒမှာ ဗောဓိသတ္တကို လွတ်မြောက်ရာ သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေးတယ်။
ဖားအောက်ဆရာတော်ကြီးရဲ့ ဓမ္မစကြာနှင့် ၀ိပဿနာ တရားတော်ကို နာဖူးပါတယ်၊
မဟာယာန အယူဝါဒမှာ - အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်ဟာ ဒီဘ၀ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။ ရဟန္တာအဖြစ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်။
ထေရ၀ါဒ မှာတော့ မဟုတ်ဘူး - ပုထုဇဉ်ဘ၀ကနေ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အစဉ်အတိုင်းဖြစ်ပြီးရင် နိဗ္ဗာန်ကို မျက်မှောက်ပြုရတာပါပဲ၊ နောက်ဆုံးဘ၀ပေါ့၊ သူ့အတွက် ဒီဘ၀ ဒီခန္ဓာကိုယ်ဟာ နောက်ဆုံးပါပဲ၊ ဘုရားဟောထားတဲ့ စကားလေးတခွန်းရှိတယ်၊ ရဟန္တာဖြစ်တဲ့သူ များလဲ ပြောလေ့ရှိကြတယ်၊ အထူးသဖြင့် ဘုရားရှင်ကိုယ်တိုင်ပါ။
(၁) အကုပ္ပါ မေ ၀ိမုတ္တိ = ငါ၏ ရရှိပြီးသော အရဟတ္တဖိုလ် ဥာဏ်သည် ဘယ်လိုအကြောင်း
ကြောင့်မှ မပျက်စီးနိုင်တော့ပေ။
(၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘ၀သည် နောက်ဆုံးဘ၀ပဲ။ နောက်ထပ် ဘ၀သစ် ဆိုတာ မရှိတော့ဘူး၊
(၃) နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ - ၇ဟန္တာ ဖြစ်ပြီးရင် နောက်ထပ် ကျင့်ကြံစရာ လုံးဝ မရှိတော့ဘူး - တဲ့။
ဒါကို ထောက်သောအားဖြင့် ထေရ၀ါဒဟာ အားလုံး ဘုရားဟောစကားနဲ့ တူညီနေသေးတယ်။
မဟာယာနမှာတော့ ကိုယ်မကြိုက်တာတွေကို ပယ်လိုက်၊ ထုတ်လိုက် ပြန်ထည့်လိုက်၊ အသစ်ထပ်တိုးလိုက်နဲ့ ခေတ်အ ဆက်ဆက် ဖြတ်သန်းခဲ့တာမို့ ဘယ်တရားက ဘုရားဟော တရား အစစ်အမှန်လဲ ဆိုတာ တိတိကျကျ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါပြီ။ စစ်မှန်သော တရားတော်တို့ သည် မိမိတို့ လက်ထဲမှာသာ ရှိနေသေးသောကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ ဟုသာ တိုက်တွန်းစကားဆိုရင်း နိဂုံး ချုပ်ပါရစေ --
ကိုးကား --
စူဠ၀ါပါဠိတော်
အနတ္တလက္ခဏသုတ်တော်
ဖားအောက် တရားတော်
Theravada-Mahayana Buddhism written by Ven. Dr. W. Rahula
ဒေါက်တာ ၀ါလ်ပိုလ်လာ ရာဟုလာ ရဲ့ အမြင်များကိုလည်း ဒီနေရာမှာ လေ့လာနိင်ပါသေးတယ်။
Subscribe to:
Posts (Atom)