အရွယ်ငယ်စဉ် ကျမ္မာရေး ကောင်းဆဲမှာ ၀ိပဿနာ တရားအားထုတ်ရတာဟာ
ဓားထက်ထက်နဲ့ ငှက်ပျောပင်ကို ခုတ်ရသလို တိကနဲပြတ်လွယ်ပါတယ်၊
အသက်ကြီးမှ ကိုယ်ခံအား ဥာဏ်အားတွေ ဆုတ်ယုတ်လာမှ အားထုတ်ရင်တော့
ဓားတုံးတုံးနဲ့ ငှက်ပျောပင်ကို ခုတ်ရသလို ပင်ပန်းဆင်းရဲနေတတ်တယ်၊
အရွယ်လွန်မှ အားထုတ်ရင် ဝေဒနာတွေကို မကျော်နိုင်ပဲ
အေးမြငြိမ်းချမ်းတဲ့ တရားအရသာတွေနဲ့ လွဲချော်သွားတတ်တယ် --